ဆောင်းအိမ်မက်

0
167

ဆောင်းတွင်း ချမ်းအေးလာတဲ့အခါ တချို့တွေက ”အနွေးထည် လေးရေ မင်းကိုလွမ်းတယ်”ဆိုတာ မျိုးလေးရေးတာကိုတွေ့ရတယ်။ ဆို တာက ကိုယ့်ချစ်သူကို အနွေးထည် လေးတစ်ထည်နဲ့ ခိုင်းနှိုင်းပြီး ပြောကြ တာပေါ့။ အဲဒီလိုအနုအရွလေးတွေ မြင်ရင် ကိုယ်လည်းသူတို့လိုနုနုရွရွလေး တွေရေးချင် စိတ်ပေါက်လာတယ်။ ခက်တာက သူတို့လိုနုရွနေစရာချစ်သူ ကမရှိ။ ဆောင်းတွင်းမှာတော့ နွေး ထွေးအောင်ကလည်းနေချင်သေး။ အနွေး လေးမရှိရင်တောင် နွေးထွေးသွား အောင် မီးလေးလောက်တော့ လှုံချင် တာပေါ့။ ဒီမှာကျွန်တော်ခံစားမိတယ်။ အိမ်ထောင်ပြုတယ်ဆိုတာ အသက် ကြီးလာတဲ့အခါ…

”ဆေးပေးမီးယူ” အတွက်ပါ တယ်။ မှန်ပါတယ်။ တစ်ယောက်ကိုယ် တစ်ယောက် ကူညီဖေးမရင်း ဆေး ပေး မီးယူ”ပြုပြီးဆက်သွားရမှာပေါ့။

ဒါပေမဲ့ ကျွန်တော်စဉ်းစားမိ တယ် ။
ကိုယ်ကချည်း ”ဆေး” ပေးနေ ရပြီး သူကမီးချည်းယူလာရင် ဘယ် လိုလုပ်မလဲ။ လူကြီးတွေက ပြော တာရှိတယ်။

”မလုပ်ပါနဲ့ သားရယ်။ အပူမီး တွေပါ”

အဲဒီမှာ လှုံချင်စိတ် ပျောက် သွားတယ်။ ဒီလိုနဲ့ စဉ်းစားလာလိုက် တာ၊ အသက်ပဲ လေးဆယ်ကျော် လာပါပြီ။ တချို့ကလည်းပြောကြတယ်။

”မိန်းမယူတာ မော်တော်ကား ဝယ်သလိုပဲ၊ နောက်ကျဝယ်လေ မော်ဒယ်မြင့်တာ ရလေပဲ”

ကိုယ်လည်း ဝမ်းသာသွားတယ်။ ဟုတ်တယ်လေ။ မိန်းကလေးတွေက အသစ်၊ အသစ်ကလေးတွေ မွေးနေ ကြတာပဲ။ နောက်ကျမှ ဝယ်လေ မော်ဒယ်အမြင့်လေး တွေရမှာပေါ့။

နောက်မှပြန်တွေးပြီး စိတ်ထဲ ထင့်ခနဲ ဖြစ်သွားတယ်။

”နောက်ကျမှယူပြီး မော်ဒယ် အမြင့်ရတာတော့ ဟုတ်ပါရဲ့။ ကိုယ် တိုင်မှ မမောင်းနိုင်တော့ပဲ။ ဒရိုင်ဘာ ငှားမောင်းရရင်သေပြီ”

အင်္ဂလိပ်ဟာသတစ်ခု သတိရ တယ်။ အသက်ကြီး၊ အိုမင်းနေတဲ့ အဘိုးအို တစ်ယောက်က မိန်းမငယ် ငယ်လေးတစ်ယောက်ကို ယူလိုက် တယ်။ ဖြစ်ချင်တော့ အဲဒီအမျိုးသမီး က ကိုယ်ဝန်ဆောင်တယ်။ ဒါနဲ့ အဘိုး အိုက မသင်္ကာဘူး။ ဒါဖြစ်နိုင်ပါ့ မလား ပေါ့။ ဒါနဲ့ ဆရာဝန်ကို သွားမေးတယ်။

”ဆရာဝန်ရယ် ကျုပ်လည်း အ သက်ကတအားကြီးနေပါပြီ။ ဒါကိုမှ ကျွန်တော့်မိန်းမငယ်ငယ်လေးက ကိုယ်ဝန်ဆောင်တယ်ဆိုတာ ဟုတ်နိုင် ပါ့မလား”

ဆိုတော့ ဆရာဝန်က တစ်ချက် စဉ်းစားလိုက်တယ်။ ပြီးမှ…

”ဒီလိုဗျာ။ ခင်ဗျားကတော့ တောထဲသွားပြီး အမဲလိုက်တယ်။ တောထဲမှာ ကျားတစ်ကောင်နဲ့ တွေ့ပြီး ခင်ဗျားက ပါလာတဲ့ သေနတ် နဲ့ ထိုးချိန်လိုက်တယ်။ ဖြစ်ချင်တော့ ခင်ဗျားထိုးချိန်လိုက်တာ သေနတ် မဟုတ်ဘဲ တုတ်ကောက်ကြီး ဖြစ်နေ တယ်။ အဲဒီအချိန်မှာပဲ ဒိုင်းခနဲ အ သံနဲ့အတူ ကျားကြီးက သေနတ်မှန်ပြီး လဲကျသွားတယ်။ အဲဒါ ဘာဖြစ်မယ် လို့ထင်လဲ”

အဘိုးအိုက ခေါင်းကုပ်ပြီး..

”တခြားတစ်ယောက် ဝင်ပစ် သွားတာ နေမှာပေါ့”

”အခုလည်း အဲဒီအတိုင်းပဲ”

ကိုယ်က တုတ်ကောက်ကြီးနဲ့ဖြစ် နေတဲ့အချိန်ကျမှ ဒရိုင်ဘာချည်းခေါ် မောင်နေရင်လည်း မဖြစ်သေးပါဘူး။

တချို့တွေကလည်း ပြောတယ် ”ချစ်စခင်စမှာ ကိုယ်ချစ်တဲ့ မိန်းက လေးနဲ့ ပင်လယ်ကမ်းစပ်နား လမ်း လျှောက်ရတာ သိပ်ကြည်နူးဖို့ကောင်း တယ်”တဲ့။

ပင်လယ်ကြီးကလည်းလှ၊ ချစ်သူက လည်း လှဆိုတော့ ကြည်နူးစရာပဲပေါ့”

အိမ်ထောင်ရှင်တွေကလည်း ပြောတယ်။

”ယူထားတဲ့မိန်းမနဲ့ ပင်လယ် ကမ်းစပ်မှာလမ်းလျှောက်ရတာ သိပ် ကောင်းတာပဲ”

”ဘာဖြစ်လို့လဲ”

”သူပြောတာ ကိုယ်တစ်ခုမှ မကြားရဘူးလေ”

ဒါလည်းဖြစ်နိုင်တာပဲ။

ဆိုလိုချင်တာက ဆောင်းတွင်း အေးလာပါပြီ။ အနွေးထည်ရှိသူများ သတိရကြပါ။ ကျွန်တော်ကတော့ ဆောင်းတွင်းရောက်တိုင်း ခါတိုင်း လိုပဲ ဆောင်းတွင်းအိမ်မက် ဂယောက် ဂယက် မက်နေတုန်းပါ။

လေးစားစွာ ကြိုးစားလျှက်
အကြည်တော်


LEAVE A REPLY

Please enter your comment!
Please enter your name here