လွန်ခဲ့တဲ့ ၉နှစ်က ဖူးစာဆုံတဲ့ နေရာမှာ မင်္ဂလာပွဲ ဆင်နွှဲခဲ့ကြတဲ့ ကိုတာတာမျိုး နဲ့ မနန်းမြတ်ဖြိုးသင်း

0
234

ကိုတာတာမျိုးနဲ့ သရုပ်ဆောင် အဆိုတော် ဒေါက်တာနန်းမြတ်ဖြိုးသင်းတို့ရဲ့ စုလျားရစ်ပတ် မင်္ဂလာပွဲ ကို နိုဝင်ဘာ ၂၆ရက်နေ့ မနက် ၉နာရီက ဆီဒိုးနားဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။ မင်္ဂလာ ပန်းကြဲအဖြစ် ကျော်ထက်အောင်၊ ရွှေသမီး၊ မင်္ဂလာ ပန်းကုံးဗန်းကိုင်အဖြစ် မေတိုးခိုင်၊ သူငယ်ချင်း စုံတွဲတွေဖြစ်တဲ့ လွှမ်းပိုင်၊ Bobby Soxer ၊ ကျော်ထွဋ်ဆွေ၊ နန်းသူဇာတို့က သတို့သား၊ သတို့သမီး အရံများအဖြစ် ဆောင်ရွက်ခဲ့ကြပါတယ်။

သတို့သား၊ သတို့သမီး နှစ်ဦး တို့အတွက် အမှတ်တရရှိခဲ့တဲ့ နေရာလေးမှာ မင်္ဂလာပွဲ ဆင်နွှဲဖြစ်ပုံကို နန်းမြတ်ဖြိုးသင်းက “လွန်ခဲ့တဲ့ ၉နှစ်မှာ နန်းမြတ် အစ်မရဲ့ သူငယ်ချင်း အစ်မကြီးရယ်၊ သူ့အစ်ကို လို ခင်ရတဲ့သူရယ် ဒီဟို တယ်မှာပဲ မင်္ဂလာဆောင်တာ အဲဒီမှာနန်းမြတ်က ပန်းကြဲတယ်၊ သူက သတို့သား အရံလုပ်တယ်။ အဲဒီမှာစ တွေ့တာပေါ့။ အဲဒီမှာသူက တွေ့တာနဲ့ နန်းမြတ်ကိုလိုက်တာ။ (ရယ်လျက်) နောက်တာပါ။ ဒီနေရာလေးမှာ နန်းမြတ်တို့ မင်္ဂလာဆောင်ရတော့ ပျော်တာပေါ့နော်။ နန်းမြတ်တို့ အတွက်လည်း ပိုပြီး အမှတ်တရ ဖြစ်တာပေါ့။ ဒီနေရာမှာပဲပြန်ပြီး လက်တွဲရတဲ့အတွက် ပျော်ပါတယ်” လို့ ပြော ပါတယ်။

 မင်္ဂလာပွဲတွေထဲမှာ စုလျားရစ်ပတ် မင်္ဂလာပွဲပြုလုပ်ရတာကို သ ဘောကျ နှစ်သက်တယ်လို့ ဆိုတဲ့ နန်းမြတ်ဖြိုးသင်းက… နန်းမြတ်က စုလျားရစ်ပတ် မင်္ဂလာကို ကြိုက်တယ်။ သဘောကျတယ်။ ကိုယ့် မြန်မာ့ရိုးရာ ထုံးတမ်းစဉ် လာအတိုင်း အနန္တောအနန္တ ၅ပါး ကို ကန်တော့မယ်။ ပြီးရင် လက်ထပ် မင်္ဂလာ ပြုတယ်ပေါ့။ တကယ် အဓိပ္ပာယ်ပြည့်စုံတယ်လို့ ခံစားရလို့ ပါ” လို့ပြော ပါတယ်။

အိမ်ထောင်ပြုလိုက်ပေမယ့် အနုပညာအလုပ်တွေ ဆက်လုပ် သွား မှာဖြစ်ပြီး ခင်ပွန်းဖြစ်သူ ကိုတာတာမျိုးကလည်း အနုပညာအလုပ်တွေကို နန်းမြတ်ဆန္ဒအတိုင်းပဲ ခွင့်ပြုပေးမှာပါလို့ ဆိုပါတယ်။ လက်ထပ်ပြီးသွား တဲ့အ ချိန်မှာ နှစ်ဦးစလုံးဘဝတွေ မြင့်မားဖို့ ရည်မှန်းချက်တွေနဲ့ ရှေ့ ဆက်သွားပါမယ် ဆိုတဲ့ နန်းမြတ်ဖြိုးသင်းက…

အိမ်မှုကိစ္စကတော့ နိုင်သလောက် ဝိုင်းလုပ်မှာပေါ့လေ။ ကျန်တာက တော့ နန်းမြတ်လည်း အလုပ် လုပ်မယ်။ သူလည်း အလုပ်လုပ်မယ်။ အဓိကတော့ နှစ်ယောက်စလုံး ဘဝ တိုးတက်ဖို့က အဓိကလို့ နန်းမြတ် ထင်ပါတယ်။ အဲဒါကြောင့် သူ့ဘဝ လည်း ပိုပြီးမြင့်လာရမယ်။ နန်းမြတ် ဘဝလည်း ပိုပြီးမြင့်လာရမယ်။ အဲဒီ လိုရည်မှန်းချက်နဲ့ နန်းမြတ်တို့ ရှေ့ဆက်ပါမယ်” လို့ ပြောပါတယ်။

 နန်းမြတ်ဖြိုးသင်းရဲ့ စုလျား ရစ်ပတ်မင်္ဂလာပွဲအတွက် မင်္ဂလာဝတ်စုံကို ဒီဇိုင်နာ ယုံးယုံးက ဖန်တီးပေး ထားတာဖြစ်ပြီး မိတ်ကပ်ကိုတော့ ဒီဇင်ဘာနှင်းက လိမ်းခြယ်ပေးထားတာဖြစ်ပါတယ်။ မင်္ဂလာ ညစာစားပွဲကိုတော့ နိုဝင်ဘာ ၂၇ရက်နေ့က အင်းယားလိတ်ဟိုတယ်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဟန်းနီးမွန်း ခရီးကိုတော့ သေချာ မစဉ်းစားရသေးပေမယ့် သတို့သားဖြစ်သူကတော့ မော်ဒိုက်ကမ်းခြေကို ဟန်းနီး မွန်း ထွက်ချင်နေတယ်လို့ ဆိုပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here