ဝလာတယ်လို့ ဝေဖန်ပေးတဲ့ ပရိသတ်တွေက ကောင်းပြည့် ဘာပြောလိုက်သလဲ…

0
376

ကောင်းပြည့်ရဲ့ အနုပညာလှုပ်ရှားမှုအသစ်တွေ ပရိသတ်တွေနဲ့ ထိတွေ့မှု အနည်းငယ်ကျဲပါးချိန်မှာ ကိုယ်အလေးချိန် တဖြည်းဖြည်း တက်လာတာကိုလည်း ပရိသတ် တွေက သတိပြုမိကြပါတယ်။ ဒီလို ဝလာတဲ့ အပေါ်မှာ ပရိသတ်တွေ ဝေဖန်ကြတာကိုလည်း ကျေးဇူး တင်တယ်လို့လည်း ကောင်းပြည့်က ဆိုပါတယ်။ ဒါ ကြောင့် လည်း သူ့ကိုဘာလို့ ဝလာတာလဲ လို့ မေးမြန်းတော့..

” အခုပရိသတ်တွေ ကျွန်တော် ကို မြင်ကြသလိုမျိုးပါပဲ။ ကျွန်တော် ဝလာပါတယ်။ Gym ဆော့တာ၊ လေ့ကျင့်ခန်း လုပ်တာလည်း သိပ်မလုပ်ဖြစ်တော့  ခန္ဓာက တဖြည်း ဖြည်း ဝလာတာပါ။ အရင်ကဆို Gym ကိုလည်း ပုံမှန်ဆော့တယ်။ ဘယ်လောက်စားစား သိပ်မဝဘူး။ အခုနောက်ပိုင်း Gym က မဆော့ ဖြစ် တာလည်း ၂ နှစ်နီးပါးလောက် ဖြစ်သွားတယ်။ အဲဒါကြောင့် ဝလာတာပါ။ ဝလာ တော့ ဝိတ်ပြန်ချဖို့လည်း ခက်တယ်။ အခုတော့ အိမ်မှာလည်း တတ်နိုင်သလောက် လေ့ကျင့်ခန်း လုပ်တယ်။ Gym ကိုလည်း ပြန်ဆော့ဖို့ ဆုံးဖြတ် ထားတယ်။ ပရိသတ်တွေ တော်တော်များများကလည်း ဝိတ်ချဖို့ ပြောကြတယ်။ ဒီလိုဝေဖန်ပေးတဲ့ အတွက် လည်း ကျွန်တော် ကျေးဇူးတင်ပါတယ်” လို့ ကောင်း ပြည့်က ပြောပြပါတယ်။ ကောင်းပြည့်က ဗီဒီယိုဇာတ်ကားတွေ တောက် လျှောက် ရိုက်ကူးခဲ့တဲ့အချိန်မှာ နောက်ပိုင်း  ဗီဒီယို ဈေးကွက် ပျက်သွားခဲ့တာကြောင့် သူပါဝင် ရိုက်ကူး ထားတဲ့ ဇာတ်ကားတွေ မထွက်ရှိခဲ့ဘူးလို့ ဆိုပါတယ်။ ပရိသတ်တွေ မြင်တွေ့နေကျ ကာရိုက်တာ ခပ်အေး အေး ပုံစံထက် ကာရိုက်တာမျိုးစုံကို လက်ရှိ ရိုက် ကူးနေပြီလို့ ကောင်းပြည့်က ပြောပါတယ်။ ကောင်းပြည့်က သန္တာဗိုလ်နဲ့အတူ ပါဝင်သရုပ် ဆောင်ထားတဲ့ ‘သရီးအင်ဝမ်း’ ဗီဒီယို ဇာတ်ကား ကလည်း အခုထွက်ရှိနေပြီ ဖြစ်ပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here