မွန်ပြည်နယ်တွင် စံပြသဘင် မိသားစု တည်ထားကိုးကွယ်တဲ့ ‘အေးချမ်းသာယာ ပင်လုံစေတီတော်’

0
189

ဦးမိုးဝင်းတို့ စံပြသဘင် မိသား စုကမွန်ပြည်နယ် သံဖြူ ဇရပ်မြို့နယ်၊ ကရင်သောင်ကျေးရွာရှိ ရေစက် တောင်တော်တွင် ‘အေးချမ်းသာယာ ပင်လုံစေတီတော်’ ကို တည်ထား ကိုးကွယ် တော်မှုခဲ့ပါတယ်။ စံပြ သဘင်မိသားစုက အဓိကမတည်ထား တာဖြစ်ပြီးတခြားအလှုရှင်များ လည်း ပါဝင်ပါသေးတယ်။

”ဘုရားတည်ဖြစ်တဲ့ အကြောင်း ကလည်း ထူးခြားတယ်။အဖေက လွန်ခဲ့သော ၁ဝနှစ်လောက်က ဘုရား တည်မယ်ဆိုပြီးဘုန်းဘုန်းတစ်ပါးနဲ့အဓိဌာန်ပြုခဲ့တယ်။ ဒါပေမယ့်သူ မတည်ဖြစ်လိုက်ဘူး။အခု၁ဝနှစ်ကြာ တဲ့အခါကျမှအစ်မနဲ့အကြားအမြင် ဆရာမတစ်ယောက်နဲ့ပြောရင်းနဲ့ သူကနင်တို့အဖေကတိပေးထား တာ ရှိတယ်။ အဲဒါဟုတ်သလား လို့ မေး တယ်။ အဖေကို့မေးတဲ့အခါကြ တော့ အဖေကဟုတ်တယ် လို့ပြော တယ်။ အဲဒါဆိုရင်သမီးတို့ဘုရားတည် ရအောင်ပေါ့။ ပြီးတော့အစ်မက ငယ် ငယ်လေးကတည်းကဘုရားတွေ တည်ချင်တယ်။ သူများတွေဘုရား တည်ရင်လည်း သိပ် သဘောကျတယ်။ကိုယ်လည်းတည်ချင်တယ်။ သူများ တွေတန်ဆောင်းလှု ထားရင်လည်း လှူချင်တယ်။သိမ်ကြီးတွေ လှူထား ရင်လည်း လှုချင်တယ်။အဲဒီလိုမျိုးဆို တော့အဖေရယ်တည်ရအောင် ဆိုတဲ့ အခါမှာအစကတော့သဲပုံစေတီ လေး ပေါ့။ နောက်တော့ ဘုန်းဘုန်း ဦးသိင်္ခ ရယ် ဦးမေတ္တာတို့ရယ်ကောင်းမှုနဲ့ အဲဒီမှာ စေတီလေးတည် ဖြစ်တယ်။ ရေစက်တောင်မှာ ကိုးထောင်ပြည့် စေတီလေးတည်ဖြစ်တယ်”လို့ အေး ချမ်းသာယာပင်လုံစေတီ တော် တည် ဖြစ်ရခြင်းနဲ့ပတ်သက်လို့ စံပြသဘင် မှတင်ဇာမိုးဝင်းကပြော ပြပါတယ်။

အေးချမ်းသာယာပင်လုံစေတီ တော်မှာလည်းဓမ္မာရုံတွေ ဆောက် လုပ်လှူဒါန်းဒါန်းဦးမှာဖြစ် သလို အလှုအတန်းတွေကိုလည်း ဆက်တိုက် ပြုလုပ်သွားမှာဖြစ်တယ် လို့လည်း သိရပါတယ်။

လင်းအက္ခရာ

 

 

 


LEAVE A REPLY

Please enter your comment!
Please enter your name here