သရုပ်ဆောင်မိုးယုစံရဲ့ သားလေး ရက်၁၀၀ ပြည့် အလှူ

0
185

ကိုစွမ်းသူမိုးနဲ့ သရုပ်ဆောင် မိုးယုစံတို့ ဇနှီးမောင်နှံက သားလေး Austin ရဲ့ ရက် ၁ဝဝပြည့် အလှူ အဖြစ် နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်ပိုင်းက နေအိမ်မှာ တောင်ပုလု ဆရာတော်ကို ဆွမ်းနဲ့ နဝကမ္မ ဝတ္ထု လှူဖွယ်ပစ္စည်းများ လှူဒါန်း သလို ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ မှန်ကင်းအမှတ်၂၊ မိဘမဲ့ ပရဟိတ ကျောင်းမှာ လသားအရွယ် ကလေး ၃၅ ယောက်၊ ၂ နှစ် အထက်ကလေး ၅၄ယောက်၊ ကိုရင် အပါး ၄ဝ တို့အတွက် အာဟာရဒါန ကျွေးမွေး ပြီး Diapers များ၊ နို့မှုန့်ဘူးများ၊ ဆန်၊ ဆီ၊ အအေးနဲ့ မုန့်တို့နဲ့အတူ အလှူ ငွေကျပ် ၁ဝသိန်းတို့ကို သွားရောက် လှူဒါန်းခဲ့ပါတယ်။ သားလေးရဲ့ ရက် ၁ဝဝပြည့်အလှူနဲ့ ပတ်သက်ပြီး မိခင် မိုးယုစံက…

“ရက်၁ဝဝပြည့် ဆိုတော့ အ လှူလုပ်ဖို့ပဲ စဉ်းစား ဖြစ်တယ်ပေါ့နော်။ ပထမကတော့ နာ မည်ပေးနဲ့ အိမ် တက်လုပ်မယ်ဆို ပြီး စိတ်ကူးထား တာ။ အဲဒါက လည်း နောက်လ လောက်မှ လုပ်ဖြစ် တော့မယ်။ ဒီနေ့ ကတော့ ရက် ၁ဝဝ သပ်သပ်ပဲ။ မနက်က တော့ အိမ်မှာ ဘုန်းကြီး ကိုဆွမ်းကပ်ပြီး နဝ ကမ္မ အလှူလေး လုပ်တယ်။ ဒီမိဘမဲ့ကလေး ကျောင်း ကိုကျတော့ ညီမ လည်း ပထမ လှူမယ်ဆိုတော့ လိုက်ကြည့်တာပေါ့နော်။အွန်လိုင်းမှာ အလှူရှင်တွေ ပုံတွေတင်ထားတာ တွေ့ တယ်။

တွေ့တော့ လှူချင်စိတ်လည်း ဖြစ်တယ်။ သွားပြီး တော့ ကလေးတွေတွေ့ရင်စိတ်မကောင်း တော့ ဖြစ်ရမယ်ဆိုတော့ စိတ်ထဲမှာ တမျိုးကြီးပေါ့နော်။ အခု လိုမျိုး တွေ့ရတဲ့ အခါမှာလည်း တကယ် ကို စိတ်မကောင်း ဖြစ်ရပါတယ်။ ဒါပေမဲ့လည်း ကျောင်းမှာ ဘုန်းဘုန်းတို့ရော စောင့် ရှောက်ပေးတဲ့ ဆရာမ တွေ အကုန်လုံးက  သေချာ ဂရု တစိုက်နဲ့ ကိုယ့် သား သမီးလို စောင့်ရှောက် ပေးတာမြင်ရ တော့ ကြည်နူး မိပါတယ်” လို့ပြောပါ တယ်။

ဇင်မာနွယ်

ဓာတ်ပုံ ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here