သရုပ်ဆောင် မေပန်းချီကတော့ လတ်တလောမှာ ဒါရိုက်တာ ရာဇဝင်ကိုရိုက်ကူးတဲ့ ‘စိတ်ကြီးဝင်နေသော မိန်းမ’ ရုပ်ရှင် ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး မကြာသေးမီက ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) ရိုက်ကူးတဲ့ ‘ပီဇာ’ ရုပ်ရှင် ဇာတ်ကားမှာလည်း ပါးစပ်ကြမ်း လျှာကြမ်းတဲ့ အမှိုက်ဝယ်တဲ့ အပျိုးကြီးနေရာက ပါဝင်သရုပ်ဆောင်ထားကြောင်း သိရပါ တယ်။Kate Amazingဆိုတဲ့ Jean ဆိုင်တစ်ဆိုင်ကိုလည်း ဖွင့်လှစ်ထား ပြီးဖြစ်တဲ့ သူမက စီပွားရေးတစ်ဖက်နဲ့ ကိုယ့်ဆီ လာတဲ့ ဇာတ်ကားတွေကို ကာရိုက်တာရွေးချယ် ရိုက်ကူးနေ ကြောင်း အခုလို ပြောပြခဲ့ပါတယ်။
” ခုနောက်ပိုင်းကတော့ ပန်းချီ အရင်ထက် ပိုပြီးကာရိုက် တာ နည်းနည်းရွေးလာတယ်။ ကိုယ်အတွက် ကာရိုက်တာလည်း မရဘူး။ နောက်ပြီး ဒီကာရိုက်တာက ကိုယ်အတွက် အမြဲတမ်းလုပ်နေရတဲ့ ကာရိုက်တာဆိုရင် ငြင်းဖြစ်ပါတယ်။ စီပွားရေး ဘက်ကိုလည်း ဦးစား ပေးပြီး လုပ်ဖြစ်တယ်ပေါ့။
ရန်ကုန်မှာ Jean Only Shop မရှိတဲ့အခါကျတော့ လူတော်တော် များများလည်း Jean ဝတ်ကြတာ များတယ်။ Rocker တွေလည်း တစ်စုအဝေးတည်း ဝယ်လို့ရအောင် လိုဲ့နညေ ဆိုင်လေး ဖွင့်ခဲ့တာပါ။ တခြားစီပွားရေးလုပ်ဖို့တော့ မရှိ သေးပါဘူး”လို့ ပြောခဲ့ပါတယ်။ မကြာသေးမီက သူမရဲ့ ကိုယ်ပိုင် Jean ပေါ်က သူမရဲ့ခံစားချက်ကှိုအအေန ရေးတင်ခဲ့တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး..
“အခုကတော့ အဲ့ဒီအကြောင်း နဲ့ ပတ်သက်လို့ ပန်းချီမှာ ဘာခံစားချက်မှ မရှိတော့ပါဘူး။ ပရိသတ်ကိုလည်း ဒီရက်ပိုင်းနဲ့ ပတ်သတ်ပြီး စိတ်အနှောင့်အယှက်ဖြစ်သွားတယ်ဆိုရင် တောင်းပန် ပါတယ်။ ပန်းချီအနုပညာနဲ့ ပတ်သတ်ပြီး အကောင်းဆုံးကြိုးစားသွားပါမယ်”လို့ ပြော ပြခဲ့ပါတယ်။
ဇော်ဝင်းအောင်
ဓာတ်ပုံ – မင်းမင်းထွန်း