ရပ်ကွက်အတွင်းက ဖြစ်ပျက်မှုတွေကို တင်ဆက်လိုက်တဲ့ ‘ငါက ဗိုလ်အောင်ဒင်’

0
183

လပ်ကီးဆဲဗင်းထုတ်လုပ်ရေးကထုတ်လုပ်ပြီး ဒါရိုက်တာကိုဇော် (အရုဏ် ဦး) ရိုက်ကူးပုံဖော်ထားတဲ့ ‘ငါကဗိုလ်အောင်ဒင်’ ရုပ်ရှင်ဇာတ်ကားကြီး အထူး ပြသပွဲကို နိုဝင်ဘာလ ၂၃ ရက်နေ့ မနက် ၇ နာရီခွဲက သမ္မတရုပ်ရှင်ရုံမှာ ပြသခဲ့ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားမှာ မင်းမော်ကွန်း၊ ပြေတီဦး၊ အိချောပို၊ ခင်လှိုင်၊ တက္ကသိုလ်ဂွမ်းပုံ တို့နဲ့ အတူတခြား အနုပညာရှင် များစွာတို့ ကပါဝင် သရုပ်ဆောင် ထားကြပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကို ဖန်တီးရိုက်ကူးသူ ဒါရိုက်တာကိုဇော်(အရုဏ်ဦး)က “မအေးအေးဝင်းတို့ကနေပြီးတော့ လွန်ခဲ့တဲ့ ၂ နှစ်လောက်က မနောရဲ့ ‘ငါကဗိုလ်အောင်ဒင်’ သီချင်းက အောင်မြင်တယ် ပေါ့လေ။ အောင်မြင်တော့ ရုပ်ရှင်မှာဒါလေးကို အခြေခံပြီး ရိုက်ကူးချင်တယ်ဆို တာနဲ့ ရိုက်ခဲ့ပေးတာပါ။ ဦးတို့ကတော့ အသက်တွေ ကြီးလာပြီဖြစ်တဲ့ အတွက် ကြောင့်မို အနှာင့်အယှက်ဖြစ်တယ်ဘာညာတော့ မဟုတ်ဘူးပေါ့လေ။ ရပ် ကွက်ထဲအတွင်းမှာကတော့ လူငယ်သဘာဝအရတော့ မှန်တော့မှန်တယ်။ ဒါပေမယ့် ကိုယ်လုပ်တဲ့အပြုအမူတစ်ခုက ဘေးပတ်ဝန်းကျင်ကို အနှာင့်အယှက် ဖြစ်လား မဖြစ်လား ဆိုတာတော့ သူတို့လည်း မစဉ်းစားမိဘူး။ သွားပြောရင် လည်း ဇာတ်ကားထဲကအတိုင်း မင်းဗုဒ္ဒဘာသာ မဟုတ်ဘူးလားလို့ ပုံသဏ္ဌန် မျိုးတွေ ပြန်ပြောတာတော့ ဦးတို့လည်း ကြုံဖူးတယ်လေ။ ကြုံဖူးတဲ့ အခါကျ တော့ ဒီဟာလေးကို သိအောင် ရိုက်ပြထားတာပါ။ အပြုသဘောပါပဲ။ ပရိ သတ်တွေ အတွက်ကတော့ စိတ်ချမ်း သာမှုပဲလာကြည့်ပါ”လို့ ပြောပြခဲ့ပါတယ်။ဒီရုပ်ရှင်ဇာတ်ကားကို ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရုံတင်ပြသသွား တော့မှာဖြစ်ကြောင်း သိရပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ-ဇော်ဝင်းအောင်

 


LEAVE A REPLY

Please enter your comment!
Please enter your name here