ကိုယ်ပိုင်သီချင်းတွေကို Online မှာတင်ပေးသွားမယ့် စိုင်းစည်တွမ်းခမ်း

0
125

မော်ဒယ်တစ်ဦးဖြစ်တဲ့ စိုင်းစည်တွမ်းခမ်းကတော့  အခုနှစ်အတွင်းမှာ ပညာရေးတစ်ဖက်နဲ့ အနုပညာအလုပ်တွေ လျော့နည်းခဲ့ပြီး လာမယ့် ၂ဝ၁၈ မှာအနုပညာအလုပ်တွေအား စိုက်လုပ်ကိုင်သွားမှာဖြစ်ကြောင်း ပြောပြလာပါတယ်။  ကိုယ် ပိုင်  Facebook Page မှာ ပရိသတ်တွေကို ဂီတာတီးပြီး သီချင်း ဆိုပြလေ့ရှိတဲ့ သူ့ကိုကိုယ်ပိုင်သီချင်းတွေ လုပ်ဖြစ်နေပြီလားလို့ မေးမြန်းခဲ့ရာ …………………

“ကျွန်တော်က ကိုယ့်ဟာကိုတီးပြီး သီချင်းဆိုရတာကို ဝါသနာပါတယ်။ အဲ့ဒါကြောင့် ကိုယ့်ကိုတီးကြည့်တယ် ဆိုကြည့်တယ်။ နောက်ပြီး ကိုယ်ပိုင်Facebook Page မှာ Live လွှင့်ပေးဖြစ်တယ်။ ပရိသတ်ကို နိပ်စက်တာပေါ့ (ရယ် လျက်)။ ကျွန်တော်အားတဲ့အချိန်လေးမှာ သီချင်းလေးတွေ လုပ်ဖြစ်ပါတယ်။ ကိုယ်ဟာကိုယ် သီချင်းတွေရေးဖြစ်တယ်။ သီချင်းတွေပြီးရင်တော့ ပရိသတ်ကိုချပြသွားမှာပါ။ သီချင်း တွေက Online က နေဖြန့်ရင်တော့ ပိုမြန်ပါတယ်။ စီးရီး အနေနဲ့သွားမယ်ဆိုရင်တော့ အချိန်ယူရတယ်။ အများကြီး ပြင်ဆင်ရတယ်။ အဓိက ကျွန်တော်က ကျွန်တော်သီချင်းတွေကို ပရိသတ်ကို နားထောင်စေချင်တာပါ။ အဲ့ဒါကြောင့် တစ်ပုဒ် ချင်းစီပဲ Online  မှာတင်ပေးသွားဖို့ရှိပါတယ်။ အပြင်မှာ ပွဲတွေ သွားရင်လည်း ကျွန်တော်ကိုသီချင်းဆိုပြဆိုပြီး တောင်းဆိုတဲ့ ပရိသတ်တွေလည်းရှိပါတယ်။ အဲ့ဒီတော့ ကျွန်တော်က ကိုယ့် သီချင်းကို ဆိုပြချင်တာလည်းပါတယ်”လို့ ပြောပြ ခဲ့ပါတယ်။  သူ့ကတော့ ဒီနှစ်ကုန်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကား ကြီးနှစ်ကားရိုက်ကူးဖို့ ကမ်းလှမ်းခံထားကြောင်းလည်းသိရပါတယ်။

“ရုပ်ရှင်ဇာတ်ကားနှစ်ကား ကမ်းလှမ်းထားတာရှိပါ တယ်။ ဒီနှစ်ကုန် နောက်နှစ်လောက်တော့ ရိုက်ဖြစ် မယ်ထင်ပါတယ်။  ရုပ်ရှင်ဇာတ်ကားတွေက ခု နောက်ပိုင်းမှာ ဇာတ်လမ်းတွေကလည်း တအား ကောင်းလာကြတယ်။ နိုင်ငံတကာက ဒါရိုက်တာ တွေလည်းဝင်လာတဲ့အခါကျတော့ အပြိုင် အဆိုင်တွေများလာတော့ အားလုံးကလည်း ကြိုးစားပြီးလုပ်လာကြတယ်။ အဲ့ဒါကြောင့် ကျွန်တော်ကိုယ်တိုင်လည်း အရမ်းကြိုးစား ချင်တယ်။ ဂီတပဲဖြစ်ဖြစ် ရုပ်ရှင်ပဲဖြစ်ဖြစ် ရတဲ့အခွင့်အရေးအပေါ်မှာ ဘုရားပေး သလောက်ကျွန်တော်အကောင်းဆုံးကြိုး စားသွားမှာပါ”လို့ ပြောပြခဲ့ပါတယ်။

သတင်း – ဇော်ဝင်းအောင် 

ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here