2018 မှာ ထူးထူးခြားခြားတွေ အများကြီး လုပ်ချင်တယ် ရတနာဗို

0
215

သရုပ်ဆောင် ရတနာဗိုတို့ရဲ့ အနုပညာပျိုးခင်း ၂ ရဲ့ သက်တမ်းက လည်း အခုဆိုရင် ၃ နှစ်ပြည့်သွား ပါပြီ။ ဒီ၃နှစ်တာကာလအတွင်းမှာ ဆရာသမား တွေရဲ့ သွန်သင်ညွှန်ပြပေးမှုတွေနဲ့ အနုပညာလှုပ်ရှားမှုတွေ ကို အ ကောင်းဆုံး ကြိုးစားခဲ့သလို ရှေ့ဆက်ပြီးတော့လည်း ဆရာသမားတွေနဲ့ လက်တွဲသွားဦးမှာ ဖြစ်ကြောင်းကို ရတနာဗိုက….

”အခု ညီမတို့ အနုပညာပျိုးခင်းက ၃နှစ်ပြည့်ပါပြီ။ ၃ နှစ်ပြည့်သွားပြီ ဆိုပေမယ့်လည်း ဆရာတွေက ညီမ တို့ကို နားလည်မှုပေးပြီး အများကြီး လုပ်ခိုင်းတယ်။ ကြိုးစားခိုင်းတယ်။ ညီမကတော့ ဒီဆရာတွေနဲ့ လက်တွဲ ဦးမှာပါ။ တစ်ခုခုဆို ဆရာတွေနဲ့ တိုင်ပင်တယ် ပြောတယ်ဆိုတော့ ဆရာတွေဆီက အကြံဥာဏ် နဲ့ပဲရှေ့ဆက်သွားမှာပါ ” လို့ ပြောပါတယ်။

ဒီနှစ်အတွင်းမှာ အနုပညာအလုပ်တွေကို အရင်ကထက်ပိုမို လုပ် ကိုင်လာရပြီး မကြာခင် ကျရောက်တော့မယ့် နှစ်သစ် ၂ဝ၁၈ ခုနှစ်မှာလည်း အနုပညာအလုပ်နဲ့ ပတ်သက်ပြီး ထူးခြားမှုတွေ အများကြီးလုပ်သွားချင်သလို သူ့ကိုယ်သူလည်း ပြောင်း လဲဖို့တွေ ရှိနေကြောင်းကို ရတနာဗို က…..

”၂ဝ၁၈ မှာ ထူးထူးခြားခြားတွေ အများကြီး လုပ်ချင်တယ်။ ၂ဝ၁၈ မှာ လုပ်ဆောင်သွားဖို့ ရှိမလဲဆိုတာ ထက် ကိုယ့်ဆီ လာတဲ့ အလုပ်ကို ကိုယ်က အကောင်းဆုံးဖြစ်အောင် ကိုယ် က ကြိုးစားပြနေရတဲ့ အချိန် ဆိုတော့လေ ဖြစ်နိုင်ရင် တော့ ၂ဝ၁၈ မှာတော့ ကိုယ်ကိုယ်ကိုယ်လည်း ပြောင်းလဲဖို့ တွေ အများကြီး ရှိနေတယ်။ တဖြည်းဖြည်းနဲ့ကတော့ အသက်တစ်နှစ်ပိုကြီးလာတာနဲ့အမျှ ပိုပိုပြီး တည်ငြိမ် ရင့်ကျက်လာတယ်ပေါ့နော်။ ကိုယ်လုပ်စရာရှိတာတွေ ကိုယ် ကြိုးစားစရာရှိတာတွေဖြစ်ချင်တာတွေ အတွက် ဖြစ်အောင် ကြိုးစားပါ့ မယ်”လို့ ထပ်မံ ပြောပြခဲ့ပါတယ်.။

အခုလတ်တလောမှာတော့ ရတနာဗိုက ဒါရိုက်တာ ဒီအေးလွင် ရိုက်ကူးနေတဲ့ ‘ဖြတ်သန်းခွင့်မပြု’ ဇာတ်ကားကို လူမင်း၊ စိုးရန်အောင်၊ ထက်ထက်ထွန်း တို့နဲ့အတူ ရိုက်ကူးနေပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here