သရဖူ မဂ္ဂဇင်း နှစ် ၂ဝ ပြည့်အထိမ်းအမှတ်အဖြစ် Mr & Miss Crown ပြိုင်ပွဲကျင်းပမည်

0
184

သရဖူမဂ္ဂဇင်း နှစ်၂ဝ ပြည့်အထိမ်းအမှတ်အဖြစ် Mr & Miss Crown ပြိုင်ပွဲကျင်းပပြုလုပ်တော့မှာဖြစ်ကြောင်း သိရပါတယ်။ သရဖူမဂ္ဂဇင်းမှ ဒီMr & Miss Crown ပြိုင်ပွဲကို သုံးကြိမ်မြောက်ကျင်းပပြုလုပ်တာဖြစ်ကြောင်း လည်းသိပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး နိုဝင် ဘာလ၂၄ရက်နေ့က တော်ဝင်ဂါးဒင်းဟိုတယ်မှာ သတင်း စာရှင်လင်းပွဲပြုလုပ်ခဲ့ရာ သရဖူမဂ္ဂဇင်းအယ်ဒီတာချုပ် ဒေါ်နန်းအိအိဇာနှင့် သရဖူမဂ္ဂဇင်းမိသားစုများ၊ သရုပ် ဆောင်မယ်လိုဒီ၊ မြ ရ ငျြ ဃမသတည ပြိုင်ပွဲဝင်မယ့် Mr & Miss Crown များလည်း တက်ရောက်ခဲ့ကြပါတယ်။

အဆိုပါ Mr & Miss Crown ပြိုင်ပွဲနဲ့ ပတ်သက်ပြီး သရဖူမဂ္ဂဇင်း အယ်ဒီတာချုပ် ဒေါ်နန်းအိအိဇာက ခုလိုပြောပြခဲ့တာ က…

“အန်တီတို့ သရဖူမဂ္ဂဇင်းထုတ်ကတည်းက လစဉ် လစဉ် Mr တစ်ယောက်နဲ့ Miss တစ် ယောက် ရွေးချယ်ခဲ့ပါတယ်။ ပြီးတော့ ငါးနှစ်တစ်ကြိမ် ပွဲကြီးလုပ်ပြီးတော့ တစ်ခါ Mr.Crown နဲ့ Ms.Crown ရွေးချယ်ပါတယ်။ အဲ့ဒီလို ငါနှစ်တစ်ကြိမ်လုပ်ခဲ့တာ ဒီအ ကြိမ်ကတော့ သုံးကြိမ်မြောက်ဖြစ်ပါတယ်။ လူငယ်တွေက တော့ အနုပညာဝါသနာပါ ကြတာအများကြီးရှိပါတယ်။ တချို့က အဆိုတော်ဖြစ်ချင်တယ်။

တချို့ကသရုပ်ဆောင် ဖြစ်ချင်တယ်။ တစ်ချို့ကျတော့လည်Photo Model ဖြစ်ချင်ကြတယ်။ ကြော်ငြာမော်ဒယ်လေးတွေလည်း ဖြစ် ချင်ကြတာရှိတယ်။ အစုံပေါ့နော်။ သူတို့လေးတွေဖြစ်ချင်တဲ့ ဆန္ဒတွေအများကြီးရှိပါတယ်။ အဲ့ဒီတော့ အန်တီတို့သရဖူ မဂ္ဂဇင်းအနေနဲ့ ကိုယ်ရဲ့ Mr Crown နဲ့ Miss Crown လေးတွေကို သူတို့ရဲ့လမ်းကြောင်းကို ရှာတွေစေချင်တယ်။ သူတို့ရဲ့ဘဝတွေ ခိုင်ခိုင်မာမာနဲ့ အဆင့်မြင့်သွားမယ်။ သူတို့ပေါက်ရောက် အောင်မြင်သွားမယ်ဆိုတဲ့ အတွေးနဲ့ နောက်ကနေပံ့ပို့ကူညီပေးတာဖြစ်ပါတယ်” လို့ ပြောပြခဲ့ပါ တယ်။

Mr & Miss Crown Finalist ပြိုင်ပွဲကို ဒီဇင်ဘာလ ၉ ရက်နေ့ အမျိုးသားကဇာတ်ရုံမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here