ပုပ်ရဟန်းမင်းကြီး လာတဲ့နေ့ မှာ မွေးဖွားတာကြောင့် သမီးလေးကငြိမ်းချမ်းခြင်းကို ယူဆောင်လာတဲ့ ကလေးလေးလို့ ယူဆကြတဲ့ အနဂ္ဂနဲ့ သံသာဝင်း

0
161

အနဂ္ဂနဲ့သံသာဝင်းတို့ရဲ့ သမီး ဦးလေးကို နိုဝင်ဘာလ၂၇ရက်နေ့က ပန်းလှိုင်ဆေးရုံမှာ မွေးဖွားခဲ့ပြီး ၇ပေါင်နဲ့ ၅အောင်စ ရှိပါတယ်။အနဂ္ဂအနေနဲကလည်း မွေးဖွားမယ့် နေ့မှာ ဇနီးဖြစ်သူနားမှာ အားပေး စကားတွေ အဆက်မပြတ် ပြောနေ ပြီး ကလေးအသံကြားတဲ့ အ ချိန်မှာ တော့ တစ်အားဝမ်းသာ မိ တယ်လို့ ဆိုပါတယ်။ သံသာဝင်း အ နေနဲ့က လည်း ကိုယ်ဝန်ရစ ကတည်း က ရင်သွေးလေးကို မိခင်တစ်ယောက် ရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့အတူ ဂရု တစ် စိုက်နဲ့ နေထိုင်ခဲ့သူဖြစ်တဲ့အ တွက် ခွဲခန်းထဲမှာ သမီးလေးမျက်နှာ မြင်လိုက်ရတဲ့ အချိန်ရဲ့ ပျော်ရွှင်မှုကအတိုင်းထက်အလွန်ပဲလို့ ပြောပြပါ တယ်။ သမီးလေး မမွေးဖွားခင် တစ် ရက်အလိုမှာတော့ အနဂ္ဂကသူ့ရဲ့ ဖ ခင်ဖြစ်သူ အဆိုတော်ကြီး ဦးမင်းမင်း လတ်ကို အိမ်မက်မက်တယ်လို့ သိပါ တယ်။

”ကျွန်တော် သံသာမွေးမယ့် မ နက်ကလည်း အဖေ့ကိုစိတ်ထဲကနေစကားတွေပြောဖြစ်တယ်။ အဖေ့ကို မြင်စေချင်တယ်။ တကယ်လို့ ကြည့် လို့ရတယ်ဆိုရင်လည်း ကြည့်ပြီးတော့ စောင့်ရှောက်ပေးစေချင်တယ်” လို့ ဖခင်ဖြစ်သူ ဦးမင်းမင်းလတ်နဲ့ ပတ် သက်လို့ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ သံသာဝင်းက လည်း..

” တော်ရုံတန်ရုံ သူမပြောဘူး။ ဦးမင်းမင်းလတ်ကို အိမ်မက်မက် တယ်တဲ့။ သူလည်း တစ်ခုခုပြော ချင်လား မသိဘူးပေါ့နော်။ ကိုအနဂ္ဂ ကအဲဒါတော့ ထူးထူးခြားခြားပြော တယ်။ အဲဒါလေးကတော့ အမှတ် တရပေါ့” လို့ပြောပြပြန်ပ်ါတယ်။

သမီးလေးမွေးဖွားတဲ့ နေ့က ပုပ်ရဟန်းမင်းကြီး ဖရန်စစ် မြန်မာ နိုင်ငံကို လာတဲ့နေ့နဲ့လည်း ထူးခြား စွာ တိုက်ဆိုင်လို့ နေပါတယ်။ ဒီ့အ တွက်လည်း အနဂ္ဂနဲ့ သံသာဝင်းတို့ နှစ်ဦးက ပျော်ရွှင် ကြည်နူးခဲ့ကြသလို ငြိမ်းချမ်းခြင်းကို သယ်ဆောင်လာတဲ့ ကလေးလို့လည်း ယူဆကြပါတယ်။

”အစ်မတို့က ပုပ်ရဟန်းမင်း ကြီးလာမယ် ဆိုတာ လည်းသိတယ်။ သွားဖို့လည်း အကုန်လုံး လုပ်ထားပြီး ပြီ။ သိတော့သိတယ်။ အဲဒီ့ရက်နားကျ ရင်တော့ ကိုယ့် အခြေအနေက မွေး မလား မသိဘူးပေါ့။ စောမွေးဖွားမယ် လို့လည်း စိတ်ထဲမှာခံစားနေရတယ်။ ၂၇ရက်နေ့ ပုပ်ရဟန်းမင်းကြီး လာတဲ့အချိန် ကိုယ်က ခွဲခန်းဝင်ရ တာဆိုတော့ သိပ်သတိမထားမိဘူး။ ဒါပေမဲ့ ညနေ လောက်ကျတော့်ခေနဘသသု မှာ ကျေးဇူး တင်စကား ရေးတော့ အဲဒီ့ဏသျအမှာ အားလုံးက ပြောကြ တယ်။ ပုပ်ရဟန်းမင်းကြီးလာတဲ့နေ့မှာ သမီးလေးကိုငြိမ်းငြိမ်းချမ်း ချမ်းနဲ့ မွေးတာဆိုတော့ ငြိမ်းချမ်းခြင်းတွေ ယူဆောင် လာတယ်ဆိုပြီး အားလုံးကဝိုင်းပြီး ကွန်မန့် ရေးပေးကြ တယ်။ လူတိုင်းက အဲဒါလေးကို ပြောကြတယ်။ ဒီ၂၇ ရက်နေ့ဆိုတာကလည်း မြန်မာ ပြည်မှာလည်း တအားကို ထူးခြားတဲ့သမိုင်းဝင်တဲ့ နေ့လေးပေါ့။ အစ်မ တို့ ခရစ်ယာန်တွေအတွက်ကော အားလုံးအတွက် ကော ပေါ့။ အဲဒီတော့ဒီနေ့လေးဟာ လူတွေမှာလည်း အမှတ် တရဖြစ်သလိုအစ်မတို့ အတွက်လည်း အမှတ်တရ ဆိုတော့ တအားကို ပီတိဖြစ်မိတယ်။အထူးသဖြင့် ငြိမ်းချမ်းရေး အတွက် လာတဲ့အတွက်ကြောင့် ဒီသမီးလေး လည်း ငြိမ်းချမ်းခြင်းကို ယူဆောင်လာတဲ့ကလေးလေး ပေါ့။ ကိုယ်က ဒီဇင်ဘာ၁ရက်နေ့ မွေးဖို့ လုပ်ထားပေ မယ့်လည်းကလေးဆိုတာ သူလာချင်တဲ့နေ့ လာတာ ပဲဆို တာအဲဒီ့တစ်ခုတော့သိလိုက်တယ်” လို့ ဒီလိုထူးခြား တဲ့တိုက်ဆိုင်မှုနဲ့ ပတ်သက်လို့ သံသာဝင်းက ပြောပါ တယ်။ ကလေးရဲ့ နာမည်ကိုတော့ အခုလက်ရှိမှာမပေး ထားရသေးဘဲ ကလေးကိုတော့ ချစ်ခြင်းမေတ္တာတွေနဲ့ လွှမ်းခြုံ ကာပြုစုယုယ သွားမယ်လို့ နှစ်ယောက် စလုံးက ဆိုခဲ့ပါ တယ်။

လင်းအက္ခရာ
ဓါတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here