သားအပေါ် တာဝန်မကျေခဲ့တာတွေကို ရိုက်ကွင်းပေါ်မှာ ကျေနိုင်သလောက် ဆပ်ခဲ့တယ်

0
88

အသည်းအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာခင်မောင်ဝင်းရဲ့ ဘဝဇာတ်ကြောင်းကို ပုံဖော်ရိုက်ကူး ထားတဲ့ ‘ထာဝရအမေ’ ရုပ်ရှင်ဇာတ် ကားကြီးကတော့ မကြာခင်ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ ငွေကြေး ကုန်ကျမှုများစွာ အချိန်များစွာပေး ပြီးဖန်တီးပုံဖော်ခဲ့ရတဲ့ ‘ထာဝရအမေ’ ဇာတ်ကားဇာတ်ကောင်တွေရဲ့ သက် ဝင်မှုကအသည်းအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာခင်မောင်ဝင်းရဲ့ ဘဝဇာတ်ကြောင်းကို ပုံဖော်ရိုက်ကူး ထားတဲ့ ‘ထာဝရအမေ’ ရုပ်ရှင်ဇာတ် ကားကြီးကတော့ မကြာခင်ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ ငွေကြေး ကုန်ကျမှုများစွာ အချိန်များစွာပေး ပြီးဖန်တီးပုံဖော်ခဲ့ရတဲ့ ‘ထာဝရအမေ’ ဇာတ်ကားဇာတ်ကောင်တွေရဲ့ သက် ဝင်မှုက…………

“ဒီဇာတ်ကားမှာအဓိကဇာတ် ဆောင်ဒေါ်ခင်ခင် ရဲ့ ဝိညာဉ်ပြန် ပြီးနိုးထလာသလိုပါပဲ။ မဆင့်ရဲ့ အိုက်တင်က သိပ်ပြီးကောင်း တယ်။ မဆင့်က ရေအပြည့်ထည့် ထားတဲ့ ရေအိုးတစ်လုံးလိုပဲ သူ့ဆီမှာ အနု ပညာသမ္ဘာပြည့်နေတယ်။ ကျွန်တော် နဲ့လည်း အပေးအယူတော် တော်မျှခဲ့ တယ်။အိုက်တင်ကို လိုသ လိုပုံ ဏ္ဌာန်ပြောင်းနိုင်တယ်။ ဒီလိုပဲ နေတိုးကိုလည်း ကျွန်တော်က ဆရာ ကြီးရဲ့ဓါတ်ပုံ၊ ဖြစ်စဉ် အ ကြောင်း အရာတွေကိုပြောပြ တယ်။ နေတိုးက လည်း ဆံပင်ပုံစံ၊ မျက်မှန်ပုံစံတွေကို လိုအပ်တာတွေ တော်တော်လေးကို ပြင်ဆင်ပေး တယ်။ ဇာတ်ကား ရိုက် ကူးနေရင်း ရိုက်ကူးနေရင်းနဲ့ နေတိုး က ဆရာ ကြီးနဲ့တော်တော်လေးတူ လာတယ်”လို့ ဒါရိုက် တာ စင် ရော်မောင်မောင်က ပြောပြ ပါတယ်။ သားဖြစ်သူ မင်းသန့်မောင် မောင်ကလည်း ‘ထာဝရအမေ’ ဇာတ် ကားကြီးရိုက်ကူးခဲ့စဉ်က တွဲဖက် ဒါရိုက်တာ တစ်ယောက်အနေနဲ့ ပါဝင်ထားတာကိုတွေ့ရပါတယ်။

သားဖြစ်သူ အပေါ်မှာမိဘတွေ အနေနဲ့တာဝန်မကျေခဲ့ တာတွေကို ရိုက်ကွင်းပေါ်မှာကျေနိုင်သ လောက် ဆပ်ခဲ့တယ်ဆိုတဲ့ ဖခင်ဖြစ် သူ စင် ရော်မောင်မောင်ရဲ့ သင်ကြား ပြသမှု တွေက”ကျွန်တော်ကတော့ Directing ပိုင်းကဒ်ခွဲတာတွေ ၊ Lighting ချိန်တာတွေကို သင်ပေးတယ်။ ရှု တင်ပြင်ဆင်တာ ကအစ ကျွန်တော် အကုန်လုံးပြပေး တယ်။ မင်းသန့် ကလည်း သူဟိုမှာ တစ်နှစ်သင်ခဲ့တဲ့ အတွေ့အကြုံတွေနဲ့ကြိုးစားခဲ့တယ်။  အမေရဲ့ သရုပ် ဆောင်မှု အတက် အကျကိုလည်း သူက အမြဲတမ်း ကြည့်နေတယ်။ကျွန်တော်တို့ကလေး အပေါ်မှာတာ ဝန်မကျေခဲ့တာတွေကို ရိုက်ကွင်း ပေါ်မှာ ကျေနိုင်သလောက် ဆပ်ခဲ့တယ်။ အဖေနဲ့အမေက ရိုက် ကွင်းပေါ်မှာ စကားတွေပြော တယ်။ ငြင်းကျ၊ ခုန်ကျ၊ စကားတွေ ပြောကျ တော့သူတွေ့တယ်။ပျော် တယ်ပေါ့။ သူ့အမေအတွက်သူ့အဖေက အနု ပညာမှတ်တိုင်တစ်ခု စိုက်ထူ နိုင်ခဲ့တယ်ဆိုတာကိုသူခံယူပါတယ်” လို့ ပြောပြပါတယ်။

 မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here