“ယောတောရှိ” ရုပ်ရှင်ဇာတ်ကားရိုက်ကူးရင်း ဂန့်ဂေါမြို့ မှာ အလှူပြုလုပ်ခဲ့တဲ့ ဒါရိုက်တာညွန့်မြန်မာ ညီညီအောင်

0
156

ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်က ‘ယောတောရှိ’ လို့ အမည်ပေးထားတဲ့ ဟာသရုပ်ရှင်ဇာတ်ကားကို ကျော်ရဲ အောင်၊ နေဆန်း၊ မင်းမော်ကွန်း၊ ဖြိုးငွေစိုး၊ သူရိယ၊ မေ သန်းနု၊ မေသဉ္ဇာဦး၊ ရွှေသမီး၊ ပိုင်ဖြိုးသု၊ ငွေမှုံရတီ ဂန်ဂေါမြို့မှာ သွားရောက်ရိုက်ကူးခဲ့တယ်။ ဇာတ်ကားရိုက်ကူး ရင်း ဂန်ဂေါမြို့ မကျဉ်းခင်ရွာမှာလည်း လျှပ်စစ်မီးရရှိရေး အတွက် လှူဒါန်းမှုတွေပြုလုပ်ခဲ့ပါတယ်။ လျှပ်စစ်မီးရရှိ ရေးအတွက် လှူဒါန်းမှုအကြောင်းကို…”မကျဉ်းခင်ရွာ မီးရရှိရေးအ တွက် အလှူငွေ ၁၉ သိန်းလှူဒါန်းခဲ့တယ်။ မကျဉ်းခင် ရွာလေးမှာက မီးမရှိဘူး။ ဒါကြောင့် ဓာတ်တိုင် စိုက်ဖို့လည်း လိုအပ်တာနဲ့ သရုပ်ဆောင်တွေနဲ့၊ ဒါရိုက်တာ၊ ထုတ်လုပ်သူ Triple Six ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ စုပေါင်းပြီး ငွေသားလှူဒါန်းခဲ့တယ်။ နောက်ထပ်လည်းလှူဖို့တွေ အစီ အစဉ်ရှိပါတယ်။ ဒီရွာလေးကလည်း ကျွန်တော်တို့ ရုပ်ရှင် ရိုက်တဲ့အဖွဲ့ကို တအားကူညီတယ်။ ဧည့်ဝတ်လည်း ကျေ လွန်းတာ ကျွန်တော်တို့လည်းအားနာရတယ်။ နောက်ပြီး ဒီနယ်မှာက လျှပ်စစ်မီးတကယ်လိုအပ်နေတယ်။ ဒါကြောင့် သူတို့လိုအပ်နေတာလေးကို တစ်ထောင့်တစ်နေရာက ကူညီရတဲ့အတွက်လည်း ပီတိဖြစ်ရပါတယ်”လို့ ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်က ပြောပြပါတယ်။ ဆက်လက်ပြီး ‘ယောတောရှိ’ဇာတ် ကားရိုက်ကူးမှုနဲ့ပက်သက်လို့ လည်း… ဟိုဘက်ရွာနဲ့ ဒီဘက်ရွာနဲ့ ဟိုးအရင် ဘိုးဘွား အဆက်ဆက် လက်ထက်ကတည်းက မတည့်ခဲ့ကြတဲ့ ရွာလေးနှစ်ရွာအကြောင်းကို အခြေခံပြီး ရိုက်ကူးထား တာပါ။ နောက်ဆုံးမှာတော့ မတည့်တာတွေ ဖြေလျော့ပြီး နှစ်ရွာပြန်ပြီးပေါင်းထုတ်သွားတယ်။ ဟာသပုံစံလေးပါပဲ” လို့ ဒါရိုက်တာညွန့်မြန်မာ ညီညီအောင် က ပြောပြပါတယ်။

ဒါရိုက်တာ ညွန့်မြန်မာညီညီ အောင်က အရင်ကပုဂံမှာ ရိုက်ကူးခဲ့တဲ့ ‘အမုန်းတွေရွာ ချတဲ့မိုးတိမ်(ကျွန်) ဇာတ်ကား လိုမျိုးနေရာဒေသတွေကို ကျောရိုးခံပြီး ရုပ်ရှင်ဇာတ်ကား အသစ်တွေရိုက်ကူးထားတယ်လို့လည်းဆိုပါတယ်။ ”ဘယ် လိုနေရာတွေမှာသွားရောက်ရိုက်ကူးထားလဲဆိုတော့ ကျွန် တော်တို့ကတော့ တတ်သလောက်ပညာနဲ့ အစွမ်းကုန်ကြိုး စားပါတယ်။ အခုနောက်ပိုင်းမှာ ပြသရေးစနစ်တွေလည်း ပြောင်းလာပြီဆိုတော့ ပြသမယ့်ရုပ်ရှင်တွေသည်လည်း ကောင်းမှဖြစ်မယ်။ ပရိသတ်လည်းကြိုက်မယ့်၊ ရုံရှင် လည်းလက်ခံမယ့်ဇာတ်ကားမျိုကို စဉ်းစားရမယ့်အပိုင်း တွေဖြစ်လာပြီ။ ကျွန်တော်မြိတ်တို့၊ ထားဝယ်တို့ဘက်မှာ သွားပြီး အဲဒီဒေသနဲ့ လိုက်ဖက်တဲ့ဇာတ်ကား လူကောင် လေးရဲ့ နတ်သမီးဆိုတဲ့ကားလည်းရိုက်ကူးထားတယ်။ နောက်ပြီး အင်းလေးဒေသမှာသွားရောက်ရိုက်ကူးတဲ့ လရောင်ဖြာတဲ့ အင်းလေးမှာဇာတ်ကားလည်းရှိတယ်။ ၂ဝ၁၈ ထဲမှာလည်း သရုပ်ဆောင်အသစ်တွေနဲ့ ရေခဲတောင် မှာသွားရိုက်ကူးဖို့လည်းရှိပါတယ်။ ဗုဒ္ဓဂါယာမှာလည်း သွားရောက်ရိုက်ဖို့ ပရိုဂျူဆာနဲ့တိုင်ပင်ထားတာတွေရှိပါတယ်’လို့ သူက ပြောပြပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here