ဂီတစာဆို နန်းတော်ရှေ့ဆရာတင် အထိမ်းအမှတ် ဖျော်ဖြေပွဲကြီးပြုလုပ်ဖို့ စီစဉ်နေ

0
325

နန်းတော်ရှေ့ ဆရာတင်ရဲ့အထိမ်းအမှတ် ဖျော်ဖြေပွဲကို ခမ်းနားကြီးကျယ်စွာဖြင့် ပြုလုပ်ဖို့ရည်ရွယ်ထားကြကြောင်း နန်းတော်ရှေ့ဆရာတင် မိသားစုထံမှ သိရပါတယ်။နန်းတော်ရှေ့ ဆရာတင်ရဲ့အထိမ်းအမှတ် ဖျော်ဖြေပွဲကို ခမ်းနားကြီးကျယ်စွာဖြင့် ပြုလုပ်ဖို့ရည်ရွယ်ထားကြကြောင်း နန်းတော်ရှေ့ဆရာတင် မိသားစုထံမှ သိရပါတယ်။ဒီဖျော်ဖြေပွဲကိုတော့ ၂ရက်တာပြုလုပ်သွားဖို့ရည်ရွယ်ထားပြီး တစ်ရက်တော့ နန်းတော် ရှေ့ဆရာတင်အထိမ်းအမှတ်ပွဲဖြစ်ပြီး နောက်တစ်ရက်ကတော့ နန်းတော်ရှေ့ဆရာတင်ရဲ့ သားဖြစ်သူ စည်သူဦးရွှေနန်းတင်အထိမ်းအမှတ်ပွဲအဖြစ် ပြုလုပ်မှာဖြစ်ပါတယ်။ ဒီပွဲကိုတော့ ၂ဝ၁၈(သို့မဟုတ်) ၂ဝ၁၉ခုနှစ်ထဲမှာ ပြုလုပ်လို့ ရည်ရွယ်ထားပြီး အချိန်တွေအများကြီးယူတာက အကောင်းဆုံးဖြစ်အောင် ဖျော်ဖြေတင်ဆက်ခြင်းလို့ပဲ ဖြစ်တယ်လို့ နန်းတော်ရှေ့ဆရာတင်ရဲ့မြေးဖြစ်သူ ဦးနန်းဝင်းက ပြောပါတယ်။

“တစ်နေ့ကတော့ မမကြီးနဲ့ ပြောဖြစ်ကြပါသေးတယ်။ ဦးနန်းတို့လည်း အခု ကတည်းက စပြီးပြင်ဆင်နေကြပါတယ်။ နန်းတော်ရှေ့ ဆရာတင်က တေးသီချင်းတွေ ဘယ်လိုရေးခဲ့တယ်ဆိုတာတွေကိုပြမယ်။ ပြီးတော့သီချင်းတွေကို  Presentation နဲ့ ပြသသွားမှာပါ။ စာဆိုတော်ကြီး နန်းတော်ရှေ့ဆရာတင်ကို အဓိကထား လုပ်ဆောင် သွားကြမှာပါ။ ပြီးတော့ ဖေဖေဦးရွှေနန်းတင် သက်ရှိထင်ရှားရှိနေတုန်း ဖေဖေရဲ့  အောင်မြင်ကျော်ကြားခဲ့တဲ့ပြဇာတ်တွေ၊ နောက်ပိုင်း ဇာတ်တော်ကြီးတွေ ကို တစ်ရက်က ပြပါမယ်။ ပွဲကတော့ ၂ရက်လုပ်ပါမယ်။ ကျွန်တော်တို့ အနေနဲ့ လေးလေးစားစား လုပ်ပါမယ်လို့ ကတိပေးပါတယ်”လို့ နန်းတော်ရှေ့ဆရာတင်ပွဲနဲ့ပတ်သက်ပြီး ဦးနန်း ဝင်းက ပြောပြပါတယ်။  နန်းတော်ရှေ့ ဆရာတင်ရဲ့သားဖြစ်သူ သဘင်မင်းသားကြီးစည်သူ ဦးရွှေနန်းတင်ရဲ့ အသက်ကတော့၉၃ နှစ်ရှိပြီဖြစ်ပြီး အခုလက်ရှိမှာတော့ မန္တလေးမြို့မှာ နေထိုင်လျက်ရှိပါ တယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here