ဝိတ်ချပြီးလို့ ပိန်သွားတဲ့ အခါကျရင်တော့ ဇာတ်ကား ပြန်လည် ရိုက်ကူးမယ် ပန်းဖြူ

0
379

သရုပ်ဆောင်ပန်းဖြူက ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)ရိုက်ကူးတဲ့ ‘ဂယက်တွေပါဟယ်’ ရုပ်ရှင်ဇာတ်ကားကို လူမင်း၊ ဖြိုးငွေစိုး၊ စမိုင်း၊ ကြည်လဲ့လဲ့ဦး၊ ခိုင်သင်းကြည်တို့နဲ့ အတူ ပါဝင်ရိုက်ကူးထားပါတယ်။ အနုပညာအလုပ်တွေကို ဆယ်နှစ် ကျော်လောက်ရပ်နားထားခဲ့တဲ့ ပန်းဖြူအတွက် ဇာတ်ကားတွေ ပြန်လည်ရိုက်ကူး သရုပ်ဆောင်ချိန်မှာ အလွန် စိတ်လှုပ်ရှားခဲ့ရတယ်လို့ဆိုပါတယ်။ ပန်းဖြူအနေနဲ့လည်း တစ်ခါမှမလုပ်ဖူးခဲ့တဲ့ ကာရိုက်တာ တစ်မျိုးနဲ့ပါဝင်ခဲ့ပုံကိုသရုပ်ဆောင်ပန်းဖြူက ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)ရိုက်ကူးတဲ့ ‘ဂယက်တွေပါဟယ်’ ရုပ်ရှင်ဇာတ်ကားကို လူမင်း၊ ဖြိုးငွေစိုး၊ စမိုင်း၊ ကြည်လဲ့လဲ့ဦး၊ ခိုင်သင်းကြည်တို့နဲ့ အတူ ပါဝင်ရိုက်ကူးထားပါတယ်။ အနုပညာအလုပ်တွေကို ဆယ်နှစ် ကျော်လောက်ရပ်နားထားခဲ့တဲ့ ပန်းဖြူအတွက် ဇာတ်ကားတွေ ပြန်လည်ရိုက်ကူး သရုပ်ဆောင်ချိန်မှာ အလွန် စိတ်လှုပ်ရှားခဲ့ရတယ်လို့ဆိုပါတယ်။ ပန်းဖြူအနေနဲ့လည်း တစ်ခါမှမလုပ်ဖူးခဲ့တဲ့ ကာရိုက်တာ တစ်မျိုးနဲ့ပါဝင်ခဲ့ပုံကို “ဇာတ်ကားပြန်ရိုက်ကူးတော့ တအားပျော်ရတယ်။

တစ်ချိန်က အတူတူ အလုပ်လုပ်ခဲ့ကြတဲ့ အနုပညာလောက သားတွေနဲ့လည်း ပြန်ဆုံရတယ်။ အစ်မနေနဲ့ ၁၈နှစ် ဝန်းကျင် လုပ်ခဲ့တဲ့အလုပ်တစ်ခုကို ပြန်ပြီးတော့ လုပ်ကိုင်ရတာဖြစ် တဲ့အတွက် စိတ်ထဲမှာ ပျော်တာတွေရော၊ စိတ်လှုပ်ရှားတာတွေရောဖြစ်ရတယ်။ အခုပြန် ရိုက်ကူးဖြစ်တဲ့ဇာတ်ကားကလည်း ရုပ်ရှင်ဇာတ်ကားကြီးပဲ။ အရင်ခေတ်က ရုပ်ရှင်ရိုက်ကူးရင်ဖလင်တွေနဲ့ ရိုက်ကူးရတာဖြစ်တဲ့အတွက် ကိုယ်မှားတာနဲ့ ပြန်ရိုက်တာမျိုးလုပ်လို့မရဘူး။ ကိုယ်နဲ့တွဲရိုက်တဲ့ သရုပ်ဆောင်ကိုလည်း ကိုယ်မှား လို့ ပြန်ရိုက်ကူးပေးရတာမျိုး မဖြစ်စေချင်ဘူး။ ဖလင်ဖိုးကလည်း တအားဈေးကြီး တယ်ဆိုတော့လေ။ အမှားမဖြစ်အောင်တအားလုပ်ရတယ်။ အခုရိုက်ကူး တော့ စိတ်ကအရင်ကထက်တော့ ပေါ့ပေါ့ပါးပါးဖြစ်တယ်။ ဖိအားသိပ် မရှိဘူး။ အိုက်တင် မကြိုက်ရင်လည်း ပြန်လုပ်လို့ရတယ်။အဲဒီအတွက် ပိုကောင်းတယ်လို့ အစ်မထင်တယ်။ အစ်မကလည်း လက်ရှိမှာဝတော့ ဝတဲ့ကာရိုက်တာနဲ့ပဲ ပါဝင်ထားတယ်။ ပျော်ပျော်ရွှင်ရွှင်နဲ့ ကလပ်သွား တာတွေ၊ ဝတ်တာစားတာကအစ ဆံပင်ပုံစံအပြုအမူတွေကိုလည်း တစ်ခါမှမလုပ်ဖူးဘူး။ ဒါကြောင့် ပရိသတ်တွေ မျက်စိထဲမှာအမြင် မတော်ဘူး ဆိုရင်လည်း သည်းခံပြီး ကြည့်ရှုပေးပါလို့ ပြောချင်ပါ တယ်” လို့ပြောပြပါတယ်။ ‘ဂယက်တွေပါဟယ်’ ရုပ်ရှင် ဇာတ်ကားကြီး ရိုက်ကူး ပြီးစီးချိန်မှာတော့ နောက်ထပ်ဇာတ်ကားတွေရိုက်ကူး ဖို့ကမ်းလှမ်းတာတွေလည်း ကြုံရတယ်လို့သိရပါတယ်။

ပန်းဖြူအနေနဲ့တော့ ကမ်းလှမ်းမှုတွေ ကို လက်မခံ သေးဘူးလို့ဆိုပါတယ်။ ဒါကြောင့် ပန်းဖြူက ဘာကြောင့် ဇာတ်ကားရိုက်ကူးမှုကို ငြင်းဆန်ထား သေးသလဲ ဆိုတာမေးမြန်းတော့…

“နောက်ထပ်လည်း အစ်မကို ဇာတ်ကား ရိုက်ကူးဖို့ လာကမ်းလှမ်းတာတွေရှိပါတယ်။ ဒါပေမဲ့ လာကမ်းလှမ်းတဲ့ ပုံစံနဲ့ အစ်မရဲ့ အခု လက်ရှိ ပုံစံနဲ့က မအပ်စပ်တာတွေရှိနေတယ်။ ဒါကြောင့်ဝတဲ့ပုံစံ ပေါ်မူတည်ပြီး ရိုက်ကူးတာ လည်းတစ်ကား၊ နှစ်ကားပဲ ကောင်းတယ်လေ။ ဇာတ်လည်းရှားသွားတဲ့ အတွက် တစ်ဖက်ကိုလည်း အစ်မကအားနာတယ်။ ဒါကြောင့်လည်း လာငှားတဲ့သူရှိ ပေမယ်လို့ အစ်မအနေနဲ့ငြင်း လိုက်တာပါ။ အစ်မဝိတ် လျှော့ရဦးမယ်။ ဝိတ်လျှော့ပြီးလို့ ပိန်သွားတဲ့အခါ ကျရင်တော့ဇာတ်ကားပြန်ရိုက်ကူးမယ်။ အစ်မစိတ်တော့မ လျှော့ သေးဘူးပေါ့နော်။ ပိန်ရင်ပြန်ရိုက်ကူးမယ်ပေါ့။ လက်ရှိ မှာ တော့ အစ်မက မိသားစုစီးပွားရေး လေးကိုပဲ လုပ်ကိုင် နေ တယ်။ ရုံးထိုင်ရတဲ့အချိန်ကတော့များပါ တယ်” လို့ ပန်းဖြူက ပွင့်ပွင့်လင်းလင်းပြောပြပါတယ်။

မြတ်မိုးပွင့်

ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here