ညီမကို မသိတဲ့သူလည်း အများကြီး ရှိပါသေးတယ် ရွှေသမီး

0
246

အနုပညာသက်တမ်း ၃နှစ် ကျော် ၄နှစ်နီးပါး ရှိပြီဖြစ်တဲ့ ရွှေသမီးက အခုအချိန်မှာ သူ့ကိုလက်ခံအားပေးကြတဲ့ ပရိသတ်တွေရှိနေပေမယ့် မသိသေးတဲ့ ပရိသတ်တွေလည်း ရှိနေသေးတဲ့ အတွက် သူ့အနေနဲ့ အများကြီး ကြိုး စားဖို့ လိုအပ်သေးတယ်လို့ ပြောပါတယ်။ အနုပညာအလုပ်က စိတ်ရှည်ရှည်နဲ့ အချိန်တစ်ခုကိုစောင့်ဖို့ လိုအပ်ကြောင်းကို ရွှေသမီးက”ပရိသတ်တွေက ညီမကို လက်ခံအားပေးနေပြီဆိုတာတော့ အဲဒီလိုတော့မဟုတ်သေးပါဘူး။ ညီမကို မသိတဲ့ သူတွေလည်း အများကြီးရှိပါသေးတယ်။ ဒီအချိန်တစ်ယောက်ယောက်ကို သွားမေးလိုက်ရင် ညီမကိုမသိတဲ့လူ လည်းရှိမှာပဲ။ ပရိသတ်တွေက ညီမကို အမြဲတမ်း လက်ခံနေပြီလို့ မတွေးရဲသေးဘူး။ ကိုယ်ကိုယ်တိုင် လည်း အများ ကြီးကြိုးစားရဦးမယ်ထင်ပါတယ်။ ညီမရဲ့အမာခံပရိသတ်တွေတော့ရှိတယ်။ သူတို့တွေရှိနေလို့လည်း အခုအချိန်ထိ ညီမကြံ့ကြံ့ခံပြီးတော့ အနုညာအလုပ်တွေဆက်လုပ်နိုင်တာပါ။

အချိန်ဆိုတာလည်း ရှိတယ်။ အခုလုပ်အခုဖြစ်ဆို တာတော့ဘယ်အရာမှမရှိဘူး။ စိတ်ရှည်ရမယ်။ သည်းခံရမယ်။ အချိန်တစ်ခုကိုတော့ စောင့်ရမှာပေါ့”လို့ပြောပါတယ်။

  အခုခေတ်မှာတော့အနုပညာ လောကထဲမှာ နာမည်ကြီးဖို့ လွယ်ကူသလို နာမည် ကျသွား ဖို့လည်း အလွန်လွယ်ကူတဲ့အတွက် သူ့အနေနဲ့ဒီအနုပညာလောက ထဲမှာကြိုးစားရပ်တည်သွားမယ့် ခံယူချက်ကို မေးကြည့်တော့ ရွှေသမီးက… “နယ်ပယ်အသီးသီးမှာအောင်မြင်ပြီး ရပ်တည်နေတဲ့လူတွေတော့ ရှိ တယ်။ ဒါကတော့ခေတ်အရပေါ့။ နာမည်ကြီးဖို့လည်း အလွန်လွယ်သလို၊ နာမည်ကျသွားဖို့လည်း လွယ်နေတဲ့ခေတ်လို့ ညီမထင်တယ်။ အောင်မြင်သွား ရင်လည်း အဲဒီအောင်မြင်မှုကို ဆက်လက် ထိန်းသိမ်းဖို့က အလွန်ခက်ခဲတယ်။ ညီမကတော့ ဖြည်းဖြည်းနဲ့မှန်မှန်နဲ့ပေါ့။ အချိန်တစ်ခုကိုစောင့်တယ်။ စိတ် ရှည်တယ်။ ဖြည်းဖြည်းနဲ့မှန်မှန်ပဲရပ်တည်သွားမှာပါ” လို့ ပြောပါတယ်။

ရွှေသမီးက အနုပညာအလုပ်တွေနဲ့သာ ခရီးသွားဖြစ်ပြီး သူငယ်ချင်းတွေမိသားစုတွေနဲ့ အပျော်ခရီးထွက်ဖြစ်တဲ့ အချိန်တွေကတော့နည်းတယ်လို့ ဆိုပါတယ်။ ခရီးတွေသွားဖို့ အချိန်ရှိတုန်းမှာ ပျော်ပျော်ပါးပါးခရီးတွေ ထွက်ပြီးအမှတ် တရလေးတွေ ချန်ထားရစ်ခဲ့ကြပါဆိုတဲ့ရွှေသမီးက “ကိုယ့်မိသားစုနဲ့ ကိုယ်ခရီးတွေထွက်ကြပါ။ သူငယ် ချင်းတွေနဲ့ ခရီးတွေများများထွက်ကြပေါ့လေ။ ဒါ ဘဝရဲ့ပျော်ရွှင်တဲ့အခိုက်အတန့်လေးတွေပေါ့။ ညီမလည်း အသက်ငယ်ပါသေးတယ်။ ဒါပေမဲ့ ကိုယ် ကိုယ်တိုင်လည်း အလုပ်တွေ လုပ်နေပြီ။ ပိုက်ဆံရှာနေပြီ။ အဲဒီအချိန်မှာကိုယ့်အတွက်က အဲဒီလို အလည် အပတ်တွေ၊ အပေါင်းအသင်းတွေက သိပ်မရှိဘူး။ ညီမက မန္တလေးကလာပြီးအလုပ်လုပ်ရ တာဖြစ်တဲ့အတွက် ပိုပြီးတော့သိလာတယ်။ ပိုပြီးနား လည်လာတယ်။ အရင်တုန်းက ငါဒီအလုပ်တွေမလုပ်ခင်က လည်ခဲ့ရမယ်ဆိုတဲ့ စိတ်တွေအခုအချိန်မှာဖြစ်လာတယ်။ သူငယ်ချင်းတွေကတော့ မန္တလေးမှာလူစုနေကြတယ်သွား ကြမယ်ပေါ့။ ကိုယ်ကလိုက်လို့လည်းမရဘူး။ သွားလို့လည်း မရဘူး။ အချိန်ရှိတုန်း အခုသွားချင်တယ် ဆိုရင် သူငယ်ချင်း တွေနဲ့စုပြီး သွားနိုင်တဲ့ အချိန်ဆိုကောင်းတာပေါ့။ ဘဝမှာ ခရီးတွေအများကြီးထွက်ကြပါ။ အမှတ်တရလေးတွေ ချန်ကြပါ” လို့ပြောပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here