အောင်ဇမ္ဗူတောရ ဆရာတော်ရဲ့ စုပေါင်းစတုဒိသာ အလှူမှာ ပါဝင်ခဲ့တဲ့ R ဇာနည် တို့မိသားစု

0
265

အနုပညာရှင်တော်တော်များများ ကိုးကွယ်ကြတဲ့ အောင်ဇမ္ဗူတောရ ဓမ္မရိပ်သာမှာ နိုဝင်ဘာလ ၂၆ ရက် တနင်္ဂနွေနေ့က နိုင်ငံကျော်အဆိုတော်များက စတုဒီသာများ လှူဒါန်းခဲ့ကြပါတယ်။ စတုဒိသာလှူဒါန်းတဲ့ထဲမှာလည်း အာဇာနည်တို့ မိသားစု ပါဝင်ခဲ့ကြပါတယ်။ အောင်ဇမ္ဗူတောရ ဓမ္မရိပ်သာမှာ စတုဒိသာများ လှူဒါန်းခဲ့ ကြပုံကိုလည်း အဆိုတော် အာဇာနည်က………………

“အစ်ကိုတို့ သီတင်းကျွတ် တန်ဆောင်တိုင် သွားပြီးတော့ အဲဒီနားမှာ ရှိတဲ့လူတွေကို ဘုန်းဘုန်းက ပွဲလုပ်ပေးတယ်။ အဲဒါကို အစ်ကိုတို့က ဘုန်းဘုန်းဆီမှာမေတ္တာနဲ့သွားပြီးဖျော်ဖြေကြတယ်။ အနုပညာရှင် တော်တော်များများ ပါတယ်ပေါ့ နော်။ အဲဒီမှာ ဘုန်းဘုန်းက မုန့်ဖိုးပေးတယ်ပေါ့။ မုန့်ဖိုးပြန်ပြီးပေးတဲ့ အခါမှာ အားလုံးကလည်း မေတ္တာနဲ့လာကူညီတာဆိုတော့ ဘုန်းဘုန်းပေးလို့သာယူလိုက်ရတာပေါ့။ အဲဒီတော့ အစ်ကိုတို့က စီစဉ်လိုက်တာ တစ်ခုက ဘုန်းဘုန်းပေးတဲ့ မုန့်ဖိုးကို အကုန်လုံး အမှတ်တရအနေနဲ့ လက်ခံ ခိုင်းပြီးတော့ ငွေပမာဏတစ်ခုကိုချန်ပြီး အစ်ကိုတို့က ဘုန်းဘုန်းကျောင်းမှာပဲ စတုဒိသာလေး လုပ်ဖြစ်သွားတာပေါ့” လို့ပြောခဲ့ပါတယ်။

အောင်ဇမ္ဗူတောရဓမ္မရိပ်သာမှာ နေ့စဉ်နေ့တိုင်း စတုဒိသာများ ကျွေးမွေး လှူဒါန်းနေပုံကိုလည်း အာဇာနည်က “ဘုန်းဘုန်းကျောင်းမှာတော့ နေ့စဉ်နေ့တိုင်း စတုဒိသာကျွေးတဲ့ အစီအစဉ်ကလည်းရှိတယ်လေ။ ကျောင်းကိုလာတဲ့ ဘုရားဖူး တွေ အကုန်လုံးကို စတုဒိသာကျွေးနေကြတာဆိုတော့အစ်ကိုတို့က မနက်ဖြန်အတွက် တာဝန်ယူလိုက်တာပါ။ အရင်ပုံမှန်ဆို လက်ဖက်ထမင်းတို့ ပဲဟင်းနဲ့ ထမင်းတို့ကျွေး နေကြပေါ့။ အခုဦးကျော်ကစီစဉ်ပြီးတော့ကြက်ကြော်နဲ့ဆီဆမ်းမြေပဲထမင်း ကျွေး ဖြစ်တာပါ” လို့ ပြောခဲ့ပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here