သားလေးကြောင့် ကောင်းသောပြောင်းလဲခြင်းတွေ ပြောင်းလဲလာတယ် မယ်လိုဒီ

0
188

ပရိသတ်နဲ့ အဆက်အသွယ်မပြတ်ချင်တဲ့ သရုပ်ဆောင်မယ်လိုဒီကတော့ ကိုယ်နဲ့လိုက်ဖက် တယ်ထင်လို့ ကိုယ့်ဆီလာငှားတဲ့ ဇာတ်ရုပ်တွေထဲက သူမအနေနဲ့လည်း အနုပညာအရ လုပ်ပြခွင့်ရတဲ့ ဇာတ်ကားတွေကို လက်ခံရိုက်ကူးဖြစ်နေကြောင်းသိရပါတယ်။ ပျော်ရွှင်စရာ အိမ်ထောင်တစ်ခုနဲ့ သားလေး တစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားတဲ့ သူမကတော့ မိခင်တစ်ယောက် ဖြစ်လာပြီးနောက် ကောင်းသော ပြောင်းလဲခြင်းတွေ ပြောင်းလာကြောင်းလည်း ပြောပြခဲ့ပါတယ်။ လက်ရှိမှာ မိခင်တစ်ယောက်အနေနဲ့ သာလေးကို ပြုစုပျိုးထောင်ပေးနေတာနဲ့ ပတ်သက်ပြီး အခုလို ပြောပြခဲ့ပါတယ်။ ပရိသတ်နဲ့ အဆက်အသွယ်မပြတ်ချင်တဲ့ သရုပ်ဆောင်မယ်လိုဒီကတော့ ကိုယ်နဲ့လိုက်ဖက် တယ်ထင်လို့ ကိုယ့်ဆီလာငှားတဲ့ ဇာတ်ရုပ်တွေထဲက သူမအနေနဲ့လည်း အနုပညာအရ လုပ်ပြခွင့်ရတဲ့ ဇာတ်ကားတွေကို လက်ခံရိုက်ကူးဖြစ်နေကြောင်းသိရပါတယ်။ ပျော်ရွှင်စရာ အိမ်ထောင်တစ်ခုနဲ့ သားလေး တစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားတဲ့ သူမကတော့ မိခင်တစ်ယောက် ဖြစ်လာပြီးနောက် ကောင်းသော ပြောင်းလဲခြင်းတွေ ပြောင်းလာကြောင်းလည်း ပြောပြခဲ့ပါတယ်။ လက်ရှိမှာ မိခင်တစ်ယောက်အနေနဲ့ သာလေးကို ပြုစုပျိုးထောင်ပေးနေတာနဲ့ ပတ်သက်ပြီး အခုလို ပြောပြခဲ့ပါတယ်။ “ကိုယ်ဝန် စရှိကတည်းက မိန်းမတစ်ယောက်က ခန္ဓာကိုယ် အချိုးအစား ပြောင်းလဲသွားတယ်။ စိတ်တွေလည်း ပြောင်းလဲသွားတယ်။

ဘာလို့လဲဆိုတော့ ကိုယ့်ခန္ဓာကိုယ်ထဲမှာ အသက်ရှိတဲ့ ကလေးလေး တစ်ယောက် ရှိနေတဲ့အတွက် စောင့်ထိန်းရတာတွေ ထိန်းသိမ်းရတာတွေ ကအများကြီးပဲ။ အစားအသောက်၊ အနေအထိုင်၊ အပြုအမူ၊ အပြောအဆိုကအစအများကြီး ပြုပြင်ပြောင်းလဲလိုက်ရတာတွေရှိပါတယ်။ အချို့ ဟာတွေလည်း  အလိုလို ပြောင်းလဲသွားတာရှိပါတယ်။ သားလေးကြောင့်တော့ အစ်မကောင်းသော ပြောင်းလဲ ခြင်းတွေပဲ ပြောင်း တလဲလာပါတယ်။ အဲ့ဒီလို ပြောင်းတာကလည်း အစ်မတစ်ယောက် တည်း မဟုတ်ပါဘူး။ တခြားသော မိခင်တွေ အားလုံးလည် ထို့နည်းတူနေမှာပါ။ ဘဝမှာကောင်းဆုံးတွေရလာတဲ့ အခါကျတော့ ပိုပြီးတန်ဖိုး ထားတတ်လာ တယ်။ ကောင်းတဲ့ဘက်ကိုပဲ ပြောင်းလဲသွားတယ်။ သားလေးကိုလည် အခြားသောသာမန်မိခင်တွေ လိုပြုစုပျိုး ထောင်နေပါတယ်။

သားလေးကို စိတ်ရော ခန္ဓာရော အနာမဖြစ်အောင် ကောင်းမွန် စွာ ရှင်သန်လာအောင် ပုံမှန်ပဲ တခြားမိခင်တွေလိုပဲ ပြုစုပျိုး ထောင်နေပါတယ်။ သားလေးက ဘာကိုဝါသနာပါလဲ ဆိုတာကို ပြောဖို့ကျတော့ သားလေးက အခုချိန်မှာ တအားငယ်ပါသေးတယ်။ ၂နှစ်နဲ့ ၈ လထဲပဲ ရောက်သေးတယ်လေ။ တချို့ဆိုရင် ဆရာဝန်တွေဖြစ်ပြီး ကိုယ်ဝါသနာပါတာက သရုပ်ဆောင် ဖြစ်ချင်ဖြစ်နေတယ်။ အဆိုတော်ဖြစ်ရင် ဖြစ်နေတယ်။ တခြားစီးပွားရေးတွေ လုပ်ရင်လုပ်နေကြတယ်။ အခုချိန်မှာ သူကသီချင်းဆိုတာလည်း ဝါသနာပါတယ်၊ ဂီတာ တီးတာလည်း ဝါသနာပါတယ်၊  ဓာတ်ပုံရိုက်တာလည်း ဝါသနာပါတယ်။ ဘုရားတရားလည်း မြဲတယ်ဆိုတော့ ငယ်သေးတဲ့အတွက် သူဘာကို အဓိကဖြစ်ချင်လဲဆိုတာတော့ မသိနိုင်သေးပါဘူး။ သူ့ဘဝမှာ စိတ်ရော ခန္ဓာရော အထိအခိုက်မရှိဘဲ စိတ်ချမ်းချမ်းသာသာနဲ့ဘဝကို ဖြတ်သန်းနိုင်တဲ့ လူတစ်ယောက် ဖြစ်အောင် ပြုစုပျိုးထောင်ပေး သွားမှာပါ”  လို့ ပြောပြခဲ့ပါတယ်။

 ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here