မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောင်းသား ကျောင်းသူ ၆၇ဝ၇၅ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်

0
161

မန္တလေးတိုင်းဒေသကြီး၊ မြို့နယ် (၂၈)မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်းအခမ်းအနားကို ဒီ ဇင်ဘာလ၆ရက်နေ့၊ မွန်းလွဲ ၁ နာရီ က မန္တလေးမြို့၊ မြိုတော်ခန်းမ၁၌ ကျင်းပခဲ့သည်။မန္တလေးတိုင်းဒေသကြီး၊ မြို့နယ် (၂၈)မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်းအခမ်းအနားကို ဒီ ဇင်ဘာလ၆ရက်နေ့၊ မွန်းလွဲ ၁ နာရီ က မန္တလေးမြို့၊ မြိုတော်ခန်းမ၁၌ ကျင်းပခဲ့သည်။

”ဒီနေ့အခမ်းအနားက မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်း ညွှန်မှုဖြင့် အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူး ပေါင်းပြီး United Pacific Co.Ltd  နှင့် Advanced Myanmar Star Co.,Ltd တို့၏ ပံ့ပိုးမှုဖြင့်  ၂ဝ၁၇-၂ဝ၁၈ ပညာသင် နှစ်အတွင်း မန္တလေး တိုင်းဒေသကြီးအတွင်းရှိကျောင်း သား၊ ကျောင်းသူ ၆၇ဝ၇၅ ဦး၊ ချမ်း အေးသာစံမြို့နယ်မှ ပြည်သူ ၅၅၄ ဦး၊ အမရပူရ မြို့နယ်မှ ပြည်သူ ၇၃ဝ ဦး၊ မန္တလေးခရိုင်အတွင်းရှိ ပုဏ္ဏားလူမျိုး ၃၂ ဦးတို့အား နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို အခမဲ့ကွင်းဆင်း ဆောင်ရွက်ပြုလုပ်ပေးအပ်တာဖြစ်ပါ တယ်”ဟု မန္တလေးတိုင်းဒေသကြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူးညွှန်ကြား ရေးမှူးဦးတင်ချယ်က ပြောကြား သည်။

အခမ်းအနားတွင် မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင်နှင့် တာဝန်ရှိသူများ က ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီး အရာရှိများအား ဂုဏ်ပြုမှတ်တမ်း လွှာများပေးအပ်ခဲ့သည်။ သည့်နောက်တွင် ရုပ်ရှင်သရုပ် ဆောင် ဒိန်းဒေါင်၏ ဖျော်ဖြေမှုများ နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ကိုင်ဆောင်သူများ လိုက်နာရမည့် အချက်မျာ ကို  ကျောင်းသား၊ကျောင်း သူများ ၊ ပရီသတ်များအား အမေး အဖြေ အစီအစဉ်များဖြင့် အသိပ ညာပေး ဆောင်ရွက်ခဲ့ပြီး အနုပ ညာတက္ကသိုလ်မှ ကျောင်းသူလေး များက ကပြဖျော်ဖြေ တက်ဆက်ခဲ့ ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here