ဆန်းသစ်လ ကို တံတိုင်းကြီး တစ်ခုအဖြစ် ကာရံပေးနေသူက ဘယ်သူလဲ

0
253

မော်ဒယ် သရုပ်ဆောင်အဖြစ် ပရိသတ်တွေ သိထားပြီးသား ဆန်းသစ်လအနေနဲ့  ‘မေမေ့ရဲ့ အောက်စီဂျင်’ လို့ အမည်ပေးထား တဲ့ တစ်ကိုယ်တော် အခွေထွက်ရှိ ထားတာ ၂လ ကျော်သွားခဲ့ပြီဖြစ် ပါတယ်။ ‘မေမေ့ရဲ့ အောက်စီဂျင်’ ဆိုတဲ့အတိုင်း မိခင်ဖြစ်သူမေရွက်ဝါ ဆီကနေ ပံ့ပိုးမှုတွေ အများကြီးရ ထားပါတယ်လို့ဆိုတဲ့ ဆန်းသစ်လ က…မော်ဒယ် သရုပ်ဆောင်အဖြစ် ပရိသတ်တွေ သိထားပြီးသား ဆန်းသစ်လအနေနဲ့  ‘မေမေ့ရဲ့ အောက်စီဂျင်’ လို့ အမည်ပေးထား တဲ့ တစ်ကိုယ်တော် အခွေထွက်ရှိ ထားတာ ၂လ ကျော်သွားခဲ့ပြီဖြစ် ပါတယ်။

‘မေမေ့ရဲ့ အောက်စီဂျင်’ ဆိုတဲ့အတိုင်း မိခင်ဖြစ်သူမေရွက်ဝါ ဆီကနေ ပံ့ပိုးမှုတွေ အများကြီးရ ထားပါတယ်လို့ဆိုတဲ့ ဆန်းသစ်လ က… ”မေမေကတော့ ညီမ အတွက် တံတိုင်းကြီးတစ်ခုပါ။ ညီမရဲ့ အနုပညာ အလုပ်မှာရော၊ ညီမရဲ့ရပ်တည်မှု အားလုံးမှာပါ တတ်နိုင်သလောက် ညီမတို့ကို ပံပိုးပေးတယ်။ ထိန်းကျောင်းပေး တယ်။ အခွေလေး လုပ်ဖြစ်သွား တယ် ဆိုတာကလည်း မေမေ့ရဲ့ ပံပိုးမှုအားကြောင့်သာ လုပ်ဖြစ်နိုင် တာပါ။ အဲဒီအတွက်ကြောင့်မို့လို့ မေမေဟာ ညီမအတွက် မရှိ မဖြစ်ပါပဲ” လို့ ပြောပါတယ်။

အဲဒီစီးရီး ခွေထဲက သီချင်း တွေ ပျံ့နှံ့ မှုအားနဲ့ ဘယ်သီချင်း တွေကို ပရိသတ် အကြိုက်ဆုံးဖြစ် နေလဲလို့ သူမကိုမေးကြည့်တော့ … ” ညီမတစ်ခွေလုံး ရိုက်ကူးဖို့ ထက်စာရင် ညီမသီချင်းလေးတွေ တစ်ပုဒ်ချင်းစီ ရိုက်ကူးပြီး အွန် လိုင်းမှာတင်ကာ ပရိသတ်ကို ချပြ သွားဖို့တော့ စဉ်းစားထားတယ်။ ညီမအခွေလေးက ထွက်ရှိထား တာတော့ ၂လ ကျော်သွားပြီ။ ဒါ ပေမဲ့ အခွေရဲ့ ပျံ့နှံ့မှုအားက နည်း ပါသေးတယ်။ ညီမ အများကြီးပျံ့နှံ့ အောင် ကြိုးစားရဦးမယ်။ ညီမ အခွေထဲမှာ သီချင်းအဟောင်းလေး ၃ ပုဒ်ပါတယ်။ ဒါပေမဲ့ အွန်လိုင်း က ညီမကိုအားပေးတဲ့ ပရိသတ် တချို့ကတော့ ညီမပြန်ဆိုထားတဲ့ ‘မောင်ရေ၊ ချစ်ရေ’ သီချင်းလေးကို သဘောကျကြတယ်။FM တွေမှာ လည်း ခဏခဏ သီချင်းတောင်း တာခံရတယ် ဆိုလို့မို့ ဒီသီချင်း ဟောင်းလေးကတော့ သူတို့ အကြိုက်နဲ့ ထပ်တူကျတယ်ပေါ့ နော်။ နောက်ထပ်သီချင်းအသစ်တွေ ကတော့ ပေါက်အောင် အများကြီး ကြိုးစားရပါဦးမယ်” လို့ ပြောပြခဲ့ပါ တယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here