အနုပညာနဲ့ ပတ်သက်ပြီး အေးဝတ်ရည်သောင်း ဘယ်သူ့ကို တိုင်ပင်ဖြစ်လဲ

0
146

အနုပညာလောကမှာ နှင်းဝတ်ရည်သောင်း၊ အေးဝတ်ရည်သောင်း နဲ့ ဆွိဝတ် ရည်သောင်းတို့ ညီအစ်မတွေကို ပရိသတ်တွေ သိပြီးသား ဖြစ်မှာပါ။ အနုပညာ အလုပ်တွေကို ညီအစ်မ သုံးဦးစလုံး လုပ်ခဲ့ကြပြီး ပရိသတ်တွေရဲ့ အသိအမှတ် ပြုမှု တွေလည်း ရရှိခဲ့သူတွေ ဖြစ်ပါတယ်။ အစ်မဖြစ်သူ နှင်းဝတ်ရည်သောင်းကတော့ အင်္ဂလန်နိုင်ငံမှာ အခြေချနေထိုင်နေကာ တစ်ခါတလေမှသာ အလည် ပြန်လာတာ ဖြစ်ပြီး ညီမဖြစ်သူဆွိဝတ်ရည်သောင်းကတော့ အဆိုပိုင်းကို ဝါသနာပါတဲ့အတွက် သီချင်းတွေနဲ့ ပတ်သက်ပြီး လုပ်ဖြစ်နေတယ်လို့ သိရပါတယ်။ အနုပညာရှင် တွေလည်း ဖြစ်တဲ့သူတို့ ညီအစ်မသုံးဦးကြားကဆက်ဆံရေးကိုမေးကြည့် တော့…

” ပေါက်စီတို့ ကတော့ ညီအစ်မတွေ ဆိုတော့ အမြဲတမ်း အဆက် အသွယ်တော့ ရှိတာပေါ့။ မကြီးကနိုင်ငံခြားမှာဆိုပေမယ့် သူနဲ့က Chatting လုပ်ဖြစ်တယ်။Video Call တွေခေါ်ဖြစ်တယ်။ အငယ်မနဲ့ ကတော့ ပေါက်စီ ခရီးမသွားရင် အိမ်မှာအမြဲတွေ့နေတာပဲပေါ့။ အဲဒါ ကြောင့်မို့လို့ ညီအစ်မ သံ ယောဇဉ်တွေက ဒီအတိုင်းပါပဲ။ ပေါက်စီတို့ ညီအစ်မ တွေက ပွင့်ပွင့်လင်းလင်းနဲ့ တစ်ယောက်နဲ့တစ်ယောက် Close ဖြစ်တယ်။ အရင်တုန်းကလည်း မကြီးနဲ့အတူ အနုပညာတွေလုပ်ခဲ့တာဆိုတော့ အချိန်အတော် များများက မကြီးကို သတိရပါတယ်။ အနုပညာနဲ့ ပတ်သက်ရင်အခုက အမေတို့အဖေတို့ကို တိုင်ပင်ဖြစ်တာများ ပါတယ်။ မကြီးကကျတော့ အလှမ်းလည်း ဝေးနေပြီ။ သူအလုပ် မအား တာနဲ့ဆိုတော့ပေါက်စီက မိသားစုအကြောင်းပြောတယ်။ အာလာပ သလ္လာပပြောမယ်။ သတိရတဲ့အကြောင်းပြောမယ်။ သူ့ကိုဘာပူဆာမယ်။ အဲဒီလိုအကြောင်းတွေပဲပြောဖြစ်တာများတယ်။ သူကတော့အနုပညာ အလုပ်တွေ ပြန်လုပ်ဖြစ်မယ်မထင်ဘူး။ အငယ်မကတော့သီချင်းဆိုတာ ဝါသနာပါတော့ သူဝါသနာပါရာသူလုပ်နေတာပေါ့။ ပေါက်စီကတော့ လူဆိုတာ ကိုယ်တိုင်ကြိုးစားမှရမယ်။ သူကိုယ်တိုင် ကြိုးစားတာကို လိုတာကို ပံ့ပိုးပေးမယ်။ ကိုယ်ကသူ့ကို တွန်းအားတော့ပေးမှာမဟုတ်ဘူး။ အဲဒီလိုမျိုး အမြဲတမ်းပြောပါတယ်” လို့ ပြောပါတယ်။ အေးဝတ်ရည်သောင်းက လတ်တလောမှာ ‘မုန်းစွဲ’ ရုပ်ရှင်ဇာတ်ကားကို နေတိုး၊ မင်းသွေး၊ ဖွေးဖွေးတို့နဲ့ ရိုက်ကူးပြီးစီးသွားပြီဖြစ်ပြီး ဂန့်ဂေါမှာ တစ်လနီးပါး ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here