မြန်မာနိုင်ငံရဲ့ အကြီးဆုံး ဖက်ရှင်ရှိုးပွဲ ကြီးဖြစ်တဲ့ Myanmar Int’l Fashion Week 2017 ပွဲကို ပွဲကို ၃ ရက်တိုင် ကျင်းပ

0
307

Star Event Productionမှ ဂျွန်လွင် ဦးစီးကျင်းပတဲ့ ကြီးကျယ် ခမ်းနားတဲ Myanmar Int’l Fashion Week 2017 ပွဲကြီးကို ဒီဇင်ဘာလ ၈ရက်နေ့မှ ၁ဝရက်နေ့ ညနေ ၆နာရီကစပြီး ရန်ကုန်မြို့ရှိ ရွှေထွဋ်တင် ကွင်းမှာ ပြုလုပ်ခဲ့ပါတယ်။ နာမည် ကျော် သရုပ်ဆောင် မော်ဒယ်များ ဖြစ်ကြတဲ့ မိုးဟေကို၊ အေးမြတ်သူ၊ အွန်ဆိုင်းစတဲ့ မော်ဒယ် များစွာက နာမည်ကျော် ဒီဇိုင်နာများရဲ့ ဝတ်စုံ များကို ဝတ်ဆင်ပြသခဲ့ကြပါတယ်။

ဒီဇင်ဘာလ ၈ရက်နေ့မှာတော့ Chaw Chaw Silk & Luxury Fashion ၊ ရွှေလွန်းလိပ်ပြာ၊ ရွှေဇာခြည် ပါတိတ်၊ ဒီဇိုင်နာ မေသဉ္ဇာသိမ့်၊ ဒီဇင်ဘာ ၉ရက်နေ့မှာ တော့ ဒီဇိုင်နာ မိုးကုတ် ပေါက်ပေါက်၊ ဒီဇိုင်နာ မေမြတ်ဝါဆို၊ ဒီဇိုင်နာ စန္ဒီလင်းနိုင်၊ ဒီဇိုင်နာ ခေတ်မင်း၊ ဒီဇိုင်နာ သျှတ္တရ၊ ဒီဇင်ဘာ ၁ဝရက် နေ့မှာတော့ Unique၊ ဒီဇိုင်နာ မြပွင့် ဖြူ၊ ဒီဇိုင်နာ ဌေးဌေးတင်၊Davis (BKK) တို့ရဲ့ လှပခမ်းနားတဲ့ ဝတ်စုံ ဒီဇိုင်းများနဲ့တင်ဆက် ပြသခဲ့ကြပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here