မသန်စွမ်းတွေကိုပျက်ရယ်ပြုမူတာမျိုးတွေအပေါ်သဘင်အစည်းအရုံးနဲ့မသန်မစွမ်းအဖွဲ့ချုပ်တွေ့ဆုံဆွေးနွေး

0
175

မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ်နှင့် မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး (ဗဟို) တွေ့ဆုံ ဆွေးနွေးပွဲကို နိုဝင်ဘာလ ၂၆ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ ဒီတွေ့ဆုံမှုကတော့ မသန်စွမ်းတွေကို ပြက်ရယ်ပြုမှုတာမျိုး မသန်စွမ်းမှုအား အမှီပြုပြီးတော့ ပြက်လုံးထုတ်တာမျိုးတွေကို  ဆွေးနွေးကြခြင်းဖြစ်တယ်လို့ သိရပါတယ်။

”သူတို့ ပြောတာလည်း လက်ခံရမှာပါ။ အဓိကတော့ လူကိုလူလို့ပဲ မြင်ဖို့ပေါ့လေ။ အထူးတလည် သနားနေဖို့ထက် လှောင်ပြောင်တာမျိုးကို လည်း မလိုလားသလို တစ်ဖက်ကလည်း အခွင့်အရေး လိုချင်တာမျိုး မဟုတ် ဘူး။ သူတို့ကိုလည်း သူတို့ ဘာသာသူတို့ စွမ်းနိုင်သလောက် ရပ်တည်နေတဲ့ သူတွေအဖြစ်နဲ့ပဲ မြင်စေ ချင်တယ်ပေါ့။ အပြန်အလှန် လေးစားမှုပေါ့လေ။ တစ်ချို့ ပြက်လုံး တွေမှာဆိုရင် ပိုလီယိုလို လုပ်ပြီးတော့ ဟာသလုပ်တာမျိုးတွေ မျက်စိမမြင်တာမျိုးကိုလည်း အကန်းဆိုပြီး ပါးစပ်ကနေရုတ်တရက် ထွက်သွားတတ်တယ်။ အစ်မတို့ကြတော့လည်း နစ်နာစေလိုလို့ မဟုတ်ဘူး။ ပြောနေ ကျပုံစံမျိုး ဖြစ်နေပြီးတော့ ပြောလိုက်မိတာမျိုးတွေ တချို့ရှိကြ တယ်။ ဒါမျိုးတွေကို အတူတူလက်တွဲပြီးတော့မှ နောက်ပိုင်းမှာ သတိထား ဖို့အတွက် တွေ့ဆုံဆွေးနွေးဖြစ်ကြတာပါ” လို့ အဆိုပါနေ့အစည်းအဝေးနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို)မှ ဒေါ်ပတ္တမြား ကေခိုင် က ပြောပြပါတယ်။ မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံးအနေနဲ့  လက်ရှိ မှာတော့ မြန်မာနိုင်ငံလုံး ဆိုင်ရာ သဘင်ညီလာခံ ပြုလုပ်နိုင်ဖို့အတွက် ဆောင်ရွက်လျက်ရှိနေပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here