ပွင့်လင်းစွာတိုင်ပင်လို့ရတဲ့ အမေကို ပိုင်ဆိုင်ထားသူ ၀တ်မှုန်ရွှေရည်

0
158

သရုပ်ဆောင် ဝတ်မှုံရွှေရည်က “ထာဝရအမေ” ရုပ်ရှင်ဇာတ်ကား ကြီးထဲမှာ ဒေါက်တာခင်လေးအဖြစ် သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင် ဇာတ်ကားကြီးကို ကြည့်ပြီး မိဘမေတ္တာကို ပိုမိုနားလည်လာကြောင်း ကိုလည်း အခုလို ပြောပြခဲ့ပါတယ်။

“ဒီရုပ်ရှင် ဇာတ်ကားကြီးကို ပြန်လည်ကြည့်ရှုပြီး မိဘမေတ္တာတရားအပေါ်ပိုခံစားမိလာတယ်။ မိဘတိုင်းမှာ မေတ္တာ တရားကိုယ်စီရှိကြတယ်။ မိခင်မေတ္တာကို ပိုပြီးတန်ဖိုးထား တတ်ဖို့ ဒီဇာတ်ကားလေးက လှုပ်ခတ်ပေးလိုက်တာပါ။ ကစ်ကလည်း အမေချစ်သမီးတစ်ယောက်ပါ။ ညီအစ်မနှစ်ယောက်စလုံး အမေကိုချစ်တဲ့အချစ် မတူဘူး။ ညီမလေးကအငယ် တစ်ယောက်လို အမေကို ချစ်တတ်တယ်။ အမေက ကစ်နဲ့ အချိန်တိုင်းရှိတယ်။ အမေကို ပွင့်ပွင့် လင်းလင်းပြောလို့လည်းရတယ်။ တိုင်ပင်လို့ လည်းရတယ်။ ရင်ဖွင့်လို့လည်း ရတယ်” လို့ ဝတ်မှုံရွှေရည်ကပြောပါတယ်။ ဝတ်မှုံရွှေရည်က အခုလတ်တ လောမှာ ” လိပ်ပြာဇာတ်အိမ်” ဇာတ်ကားမှာပါဝင်သရုပ်ဆောင် ရိုက်ကူး ထားကြောင်း လည်းသိရပါတယ်။ ဒီဇင်ဘာ လထဲမှာ ခရီး ထွက်ဖို့ အစီအစဉ် ရှိကြောင်း ကိုတော့…

“အခုလတ်တလောမှာ ဇာတ်ကား ရိုက်ကူးမှုတွေလက်ခံထားတယ်။ ကြော်ငြာ တွေလည်းလက်ခံထားတယ်။ ဒီဇင်ဘာလ ဖြစ်တဲ့ အတွက် ခရီးထွက်ဖို့ရှိတယ်။ ညီအစ်မ နှစ်ယောက်သွားဖို့ရှိတယ်” လို့ ပြောပါတယ်။

ချယ်ရီ

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here