‘ကောင်းကင်တည်မြဲ မြေပြင်တည်မြဲ ငါ့အချစ်တည်မြဲပါစေ’ ရုပ်ရှင် ဇာတ်ကားကြီး ကာရိုက်တာအတွက် ကြောက်မိနေတဲ့ နန်းခင်ဇေယျာ

0
134

လတ်တလောမှာ သရုပ်ဆောင်နန်းခင်ဇေယျာက ဒါရိုက်တာစတီး (ဒွေး မေတ္တာ)ရိုက်ကူးတဲ့ ” ကောင်းကင်တည်မြဲ မြေပြင်တည်မြဲ ငါ့အချစ်တည်မြဲ ပါစေ” ရုပ်ရှင်ဇာတ်ကားကြီးကို ထွန်းထွန်း၊ ထွန်းကိုကို၊ ထူးခြား၊ မိုးဟေကို၊ မေမြင့်မိုရ်တို့နဲ့ အတူ ပါဝင်ရိုက်ကူးနေကြောင်း သိရ ပါတယ်။ အဆိုပါ ရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီး ကြောက်မိတယ်ဆိုတဲ့ နန်းခင်ဇေယျာက …

” ဒီရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ရတဲ့ ကာရိုက်တာက နန်းခင်အတွက် နည်းနည်းထူးခြားတယ်။ သူပုန်မိန်းမတစ်ယောက် ပြီးတော့ ကိုယ်ဝန်လည်းရှိတယ်။ ကလေးလည်းရှိတယ်။ ကိုယ့်သား သမီးဘဝအတွက်ရော ကိုယ့်အတွက်ရော အလင်းဝင်ရောက်ချင်တဲ့ မိခင်တစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်အတွက် ကိုယ်ဝန်ဆောင်ပုံကိုလည်း အမေ့ကိုမေးရတယ်။ ဘယ်လို လုပ်ရ မလဲပေါ့။ ဒီကာရိုက်တာအတွက် နန်းခင်ကြောက်မိတယ်။ ဒါပေမဲ့ အကောင်းဆုံး ကြိုးစားထားပါတယ်။ သူပုန်တွေရဲ့ ဘဝကိုလည်း နန်းခင်လေ့လာဖြစ်တယ်။ သူတို့ဘဝကိုလည်း စာနာမိတယ်” လို့ ပြောပါတယ်။

ခရီးသွားများတဲ့ရာသီဖြစ်တဲ့ ဒီဇင်ဘာလမှာ သရုပ် ဆောင် နန်းခင်ဇေယျာကလည်း ခရီးသွားဖို့ရှိတယ်လို့ သိရတယ်။ ခရီးသွားရတဲ့ အတွေ့အကြုံနဲ့ ခရီးသွားရင်လိုအပ်တဲ့ ပစ္စည်း တွေကို သယ်ယူဖို့လိုအပ်ကြောင်းကိုတော့…

” ဒီဇင် ဘာလ ရောက်ပြီဆိုတော့ နန်းခင်ခရီးတွေ သွားဖို့ရှိတယ်။ ဘန်ကောက်ကိုလည်းသွားပြီးပြီ။ ခရီးသွားရင် နယ်မြေ အသစ်ကို ရောက်သွားတဲ့အတွက် အတွေ့အကြုံသစ်တွေ လည်းရပါတယ်။ ခရီးသွားဖို့ကောင်းတာက ရာသီဥတု အအေးကြိုက်ရင် မြန်မာပြည်အပေါ်ပိုင်းသွားဖို့ ညွှန်ပြချင်ပါတယ်။ ခရီးသွားရင် ခရီးဆောင်ပစ္စည်း တွေ ယူဖို့အတွက် ကိုယ်သွားတဲ့နေရာ ရာသီဥ တုကိုအရင်လေ့လာသင့်တယ်။ ပြီးမှ ကိုယ်ယူသင့် တဲ့ပစ္စည်းတွေကို သေချာစိစစ်ပြီး ယူဆောင် သင့်တယ်။ နန်းခင်ကတော့ ခရီးသွားတာကို အရမ်းကြိုက်တယ်” လို့ နန်းခင်ဇေယျာက ဆိုပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here