သတင်းစာ၊ ဂျာနယ် ၊ မဂ္ဂဇင်းတွေ တချို့ရပ်နားသွားပါတယ်။ တချို့သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း တွေလည်း ရပ်နားဖို့ပြင်နေကြပြီလို့ စက်ရပ်သတင်းတွေ ကြားနေရပါ တယ်။ ဘာကြောင့် သတင်းစာ၊ ဂျာ နယ်၊ မဂ္ဂဇင်းတွေရပ်နားသွားရတာလဲ ဆိုတာ စာဖတ်သူတွေရဲ့အသံ၊ စာ ချစ်သူတွေရဲ့အသံ၊ စာရေးဆရာ၊ ကဗျာဆရာတွေအသံကို ကြားပါရစေ လို့ တောင်းဆိုခဲ့တဲ့အထဲက ကောင်း တဲ့အကြံပြုချက်၊ ဆွေးနွေးချက်အသံ တွေကိုလည်း ပေါ်ပြူလာဂျာနယ်မှာ ဖော်ပြလိုက်ပါတယ်။
မင်းည -အဓိကက အွန်လိုင်းစာမျက် နှာတွေကြောင့်လို့ထင်ပါတယ်ဆရာ။တကယ်လည်း သတင်းစာတွေက သ တင်းတော်တော်များများဟာ အွန် လိုင်းစာမျက်နှာတွေပေါ်မှာ လူတွေ သိထားနှင့်ပြီးသား ဖြစ်နေပါတယ်။နောက်တစ်ခုက သတင်းစာတစ်စောင် ဝယ်ရင် နောက်တစ်စောင်ထပ်ဝယ် ဖို့ မလိုတော့အောင်သတင်းတွေက ဒါတွေပဲဖြစ်နေတတ်တာလည်း ပါ မယ်ထင်ပါတယ်။အဲဒီ့အချက်တွေ ကြောင့် သတင်းစာတွေကို လူတွေ အဖတ်နည်းလာတယ်လို့ ထင်ပါ တယ်။
သက်နိုင်ထွန်း(M.Ed) – Facebook ကဲ့ သို့ သော လူမှုကွန်ရက်တွေကို ကျယ်ကျယ်ပြန့်ပြန့် သုံးနှုန်းကြတာရယ်၊ သတင်းတွေကို သတင်းစာမှာတင်မဟုတ်ဘဲ လူမှုကွန်ရက်မှာလည်း မြန်ဆန်စွာ သိလာတာလည်းပါတာပေါ့။ သတင်းစာ၊ ဂျာနယ်က တောနယ်တွေ၊ ရွာတွေထိမရောက်တာလည်းပါတယ်။ ကျွန်တော်ဆို ကျောင်းပိတ်လို့ ရွာပြန်ရောက်ချိန် သတင်းစာ၊ ဂျာနယ်မဖတ်ရတော့ ဘူး။ တစ်နေ့က စံတော်ချိန်သတင်း စာမှာ ဆောင်းပါးတစ်ပုဒ်ပါတာ သိရ လို့ ရွှေဘိုမြို့အထိ တက်ဝယ်တာ ၃ ဆိုင်မှာ တစ်ဆိုင်ပဲရခဲ့တယ်။ ဖုန်း တွေကကြတော့ တောရောမြို့ပါ လူ တိုင်းကိုယ်စီလက်ထဲမှာရှိကြတယ်။ အဲဒီတော့ သတင်းစာမရောက်လည်း အွန်လိုင်းစာမျက်နှာကနေ အလွယ်တကူဖတ်ရှုလိုက်ကြတာပေါ့။ အဓိက ကတော့ စာဖတ်အားတွေ ကျလာတာပေါ့။ စာဖတ်ဝါသနာပါတဲ့သူက စခရင်ပေါ်မှာ ဖတ်ရတာထက် စာအုပ်လေးကိုင်စာရွက်လေးလှန်ဖတ်ရတာကိုက အရသာပဲ။ စာဖတ်ဝါသနာပါလာအောင် မိဘတွေ၊ ဆရာတွေ၊ ကျောင်း တွေက ပြုစုပျိုးထောင်ပေးဖို့လိုတယ်။ စာကြည့်တိုက်လေးတွေ ဖွံ့ဖြိုးလာဖို့ လိုတယ်လို့ ထင်မြင်မိကြောင်းပါ။
ရိုးခက် -အဓိကကတော့ အွန်လိုင်းကို ချုပ်ကိုင်စေချင်တယ်။ နောက်တစ်ခု ကသတင်းစာဂျာနယ်တော့ မပြော လိုပေမယ့် စာအုပ်တွေကို စာတကယ် ဖတ်တဲ့သူတွေသာဝယ်ပြီး စာအုပ် မဝယ်တဲ့သူများပါတယ်။ မဂ္ဂဇင်းဆို ဝယ်သူပိုလို့နည်းပါတယ်။ အငှားဆိုင် စနစ်မရှိလေတော့ မဂ္ဂဇင်းနေရာ ပျောက်သွားပါတယ်။ ကျွန်တော်တို့ စာရေးသူကိုယ်၌က ကိုယ့်စာမူပါမှ ဝယ်ယူတတ်ပါတယ်။ မပါရင် လှန် လှောကြည့်ရုံလောက်ပါပဲ။ မဝယ် ကြပါဘူး။ နောက်တစ်ခုက စာအုပ် ဈေးကွက်ပျောက်တယ်လို့မြင်မိပါ တယ်။ ဒါဟာကျွန်တော့်ရဲ့အမြင်ပါ ဆရာညို။ မည်သူ့ကိုမှထိခိုက်စေလို၍ မဟုတ်ပါ။ ပညာရေးစနစ်အားနည်း တာလည်းပါတာပေါ့။ ကလေးတွေက ကျောင်း ၊ ကျူရှင် ၊ ညဂိုက်နဲ့ အချိန်ကုန်ကြတယ်။ စာဖတ်ချိန်မရသလို စာဖတ်ခွင့်လည်းမရ။ ပညာရေးက စာမေးပွဲ ဦးတည်စနစ်၊ ရမှတ်ကို ဦးစားပေးတော့ကလေးတွေက အရာ ရာ အလွတ်ကျက်ဖြစ်ကုန်ရော။ library-based learning လုပ်နိုင်ရင် စာပိုဖတ်ဖြစ်လာမှာပဲ။
သက်မင်းဦး – ဆရာမင်းညရေ မင်္ဂလာပါ ခင်ဗျာ။ ဆရာ့အမြင်က ကျွန်တော်နဲ့ နည်းနည်းကွဲလွဲမှုရှိပါတယ်။ ဆရာပြောသလို အွန်လိုင်းစာမျက်နှာတွေကြောင့်ဆိုရင် အခြားနိုင်ငံတွေမှာ လည်း သတင်းစာတွေ၊ ဂျာနယ်တွေ ထုတ်နိုင်တော့မယ်မထင်ပါဘူး။ ကျွန် တော့်အမြင်ကတော့ မြန်မာပြည်ပညာရေးကြောင့်လို့ ထင်ပါတယ်။ ပညာရေးက မော်ဒန်ပညာရေးကို အခုထိ မစသေးတာကြောင့် စာပေ ရဲ့တန်ဖိုးကို အတော်များများမသိ ကြပါဘူး။ နောက်တစ်ခုက ပညာရေး အားနည်းမှုကနေ တစ်ဆင့်ဖြစ်ပေါ်လာတဲ့အခြေအနေ လူမှုဝန်း ကျင်၊ လူမှုရေးအခြေအနေများက အတန်းပညာမှ ပညာရေးလို့သတ်မှတ်ထားတာကြောင့်လို့ ကျွန်တော် ထင်ပါတယ်ဆရာ ။ ဆရာဆက်ပြီးဆွေးနွေးပေးစေလိုပါတယ်ခင်ဗျ ။
မင်းည-ဟုတ်ကဲ့ပါဆရာ။အခြားနိုင်ငံ တွေနဲ့ ကျွန်တော်တို့နိုင်ငံမှာ မတူ ညီတာလေးတွေရှိနေနိုင်ပါတယ်။ ပညာရေးကိစ္စကတော့ ကျွန်တော် ဆရာနဲ့ သဘောထားတူပါတယ်။ အဓိကက ကလေးတွေ၊ လူငယ်တွေ စာဖတ်ကျင့်နည်းလာတဲ့ ပြဿနာ လို့ ထင်ပါတယ်။
စိုးမိုး(ပခုက္ကူ)-ကျွန်တော်တို့ ငယ်ငယ်က ဆို စာအုပ်ငှားဆိုင်တစ်ခုရဲ့ ဝင်ငွေက မိသားစုတစ်ခုလုံးရဲ့ စား၊ ဝတ်နေ ရေးအပြင်လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အသုံးစရိတ်တွေ လုံ လောက်ရုံမျှမက ပိုလျှံတောင်နေကြ ခဲ့ပေမယ့် အခုတော့ စာအုပ်ငှား ဆိုင်တွေ အတော်များများ ပျောက် ကွယ်သွားပါပြီ။ ယနေ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ စာပေ၊ အနုပညာအရာအားလုံးရဲ့ ပြဿနာ ဇာစ်မြစ်က မပီပြင်တဲ့အခွန်စနစ်ပါပဲ။ အကြောင်းကြောင့် အကျိုးဖြစ်လာ သလို၊ အကျိုးတရားတစ်ခုမှာ နောက်ဆက်တွဲဆက်စပ် ဖြစ်ပေါ် လာတဲ့ပြဿနာအကျပ် အတည်းတွေ ကို သူ့ချည်းကွက်ကြည့် အဖြေရှာနေ မယ်ဆိုလျှင်ဖြင့် ပိုးသာကုန် မောင်ပုံ စောင်းမတတ် ဖြစ်နေရမှာပါပဲ ခင်ဗျာ။-Peace Trust နည်းနည်းလေး ဆွေးနွေးပါရစေ။ အပိုင်းက ၂ ပိုင်းရှိတယ်လို့ ထင်ပါတယ်။
၁။ ဂျာနယ် ထုတ်ဝေသူဘက်ကဖြစ်ပြီး
၂။ စာဖတ်သူဘက်က ဖြစ်ပါတယ်။
၁။ ဂျာနယ်ထုတ်ဝေသူဘက်က ကြည့်ရင်တော့ သူ့ဂျာနယ်ပေါ်မှာ ထားတဲ့ သဘောထားနဲ့ရည်ရွယ်ချက် ရှိပါတယ်။ ကြော်ငြာထည့်မယ်။ သတင်းက အသစ်အဆန်း မပါဘူး။ တိုက်ပိုင်သတင်းသမား အနည်းငယ်နဲ့ သူများသတင်းဌာနတွေက ဝယ်ယူတာတွေပေါ့။ တချို့အ ချက်တွေက အပြင်အဆင်အပိုင်းနဲ့ ဆောင်းပါးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဆက်လက်ဖော်ပြပါမည်။
ညိုသစ်ငယ်