သတင်းစာ ၊ဂျာနယ် မဂ္ဂဇင်းတွေ ဘာကြောင့် ရပ်နား သွားရတာလဲ (၁)

0
175

သတင်းစာ၊ ဂျာနယ် ၊ မဂ္ဂဇင်းတွေ တချို့ရပ်နားသွားပါတယ်။ တချို့သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း တွေလည်း ရပ်နားဖို့ပြင်နေကြပြီလို့ စက်ရပ်သတင်းတွေ ကြားနေရပါ တယ်။ ဘာကြောင့် သတင်းစာ၊ ဂျာ နယ်၊ မဂ္ဂဇင်းတွေရပ်နားသွားရတာလဲ ဆိုတာ စာဖတ်သူတွေရဲ့အသံ၊ စာ ချစ်သူတွေရဲ့အသံ၊ စာရေးဆရာ၊ ကဗျာဆရာတွေအသံကို ကြားပါရစေ လို့ တောင်းဆိုခဲ့တဲ့အထဲက ကောင်း တဲ့အကြံပြုချက်၊ ဆွေးနွေးချက်အသံ တွေကိုလည်း ပေါ်ပြူလာဂျာနယ်မှာ ဖော်ပြလိုက်ပါတယ်။

မင်းည -အဓိကက အွန်လိုင်းစာမျက် နှာတွေကြောင့်လို့ထင်ပါတယ်ဆရာ။တကယ်လည်း သတင်းစာတွေက သ တင်းတော်တော်များများဟာ အွန် လိုင်းစာမျက်နှာတွေပေါ်မှာ လူတွေ သိထားနှင့်ပြီးသား ဖြစ်နေပါတယ်။နောက်တစ်ခုက သတင်းစာတစ်စောင် ဝယ်ရင် နောက်တစ်စောင်ထပ်ဝယ် ဖို့ မလိုတော့အောင်သတင်းတွေက ဒါတွေပဲဖြစ်နေတတ်တာလည်း ပါ မယ်ထင်ပါတယ်။အဲဒီ့အချက်တွေ ကြောင့် သတင်းစာတွေကို လူတွေ အဖတ်နည်းလာတယ်လို့ ထင်ပါ တယ်။

သက်နိုင်ထွန်း(M.Ed)  – Facebook ကဲ့ သို့ သော လူမှုကွန်​ရက်​​တွေကို ကျယ်​ကျယ်​ပြန့်ပြန့်​ သုံးနှုန်းကြတာရယ်​၊ သတင်း​တွေကို သတင်းစာမှာတင်​မဟုတ်​ဘဲ လူမှုကွန်​ရက်​မှာလည်း မြန်​ဆန်​စွာ သိလာတာလည်းပါတာ​ပေါ့။ ​သတင်းစာ၊ ဂျာနယ်​က ​တောနယ်​​တွေ၊ ရွာ​တွေထိမ​ရောက်​တာလည်းပါတယ်​။ ကျွန်​​တော်​ဆို ​ကျောင်းပိတ်​လို့ ရွာပြန်​​ရောက်​ချိန်​ သတင်းစာ၊ ဂျာနယ်​မဖတ်​ရ​တော့ ဘူး။ တစ်​​နေ့က စံ​တော်​ချိန်​သတင်း စာမှာ​ ဆောင်းပါးတစ်ပုဒ်​ပါတာ သိရ လို့ ​ရွှေဘိုမြို့အထိ တက်​ဝယ်​တာ ၃ ဆိုင်​မှာ တစ်​ဆိုင်​ပဲရခဲ့တယ်​။ ဖုန်း တွေကကြတော့ ​တော​ရောမြို့ပါ လူ တိုင်းကိုယ်​စီလက်​ထဲမှာရှိကြတယ်​။ အဲဒီ​တော့ သတင်းစာမ​ရောက်​လည်း အွန်​လိုင်းစာမျက်​နှာက​နေ အလွယ်​တကူဖတ်​ရှုလိုက်​ကြတာ​ပေါ့။ အဓိက က​တော့ စာဖတ်​အား​တွေ ကျလာတာ​ပေါ့။ စာဖတ်​ဝါသနာပါတဲ့သူက စခရင်​​ပေါ်မှာ ဖတ်​ရတာထက်​ စာအုပ်​​လေးကိုင်​စာရွက်​​လေးလှန်​ဖတ်​ရတာကိုက အရသာပဲ။ စာဖတ်​ဝါသနာပါလာ​အောင်​ မိဘ​တွေ၊ ဆရာ​တွေ၊ ​ကျောင်း​ တွေက ပြုစုပျိုး​ထောင်​​ပေးဖို့လိုတယ်။ စာကြည့်​တိုက်​​လေး​တွေ ဖွံ့ဖြိုးလာဖို့ လိုတယ်​လို့ ထင်​မြင်​မိ​ကြောင်းပါ။

ရိုးခက် -အဓိကကတော့ အွန်လိုင်းကို ချုပ်ကိုင်စေချင်တယ်။ နောက်တစ်ခု ကသတင်းစာဂျာနယ်တော့ မပြော လိုပေမယ့် စာအုပ်တွေကို စာတကယ် ဖတ်တဲ့သူတွေသာဝယ်ပြီး စာအုပ် မဝယ်တဲ့သူများပါတယ်။ မဂ္ဂဇင်းဆို ဝယ်သူပိုလို့နည်းပါတယ်။ အငှားဆိုင် စနစ်မရှိလေတော့ မဂ္ဂဇင်းနေရာ ပျောက်သွားပါတယ်။ ကျွန်တော်တို့ စာရေးသူကိုယ်၌က ကိုယ့်စာမူပါမှ ဝယ်ယူတတ်ပါတယ်။ မပါရင် လှန် လှောကြည့်ရုံလောက်ပါပဲ။ မဝယ် ကြပါဘူး။ နောက်တစ်ခုက စာအုပ် ဈေးကွက်ပျောက်တယ်လို့မြင်မိပါ တယ်။ ဒါဟာကျွန်တော့်ရဲ့အမြင်ပါ ဆရာညို။ မည်သူ့ကိုမှထိခိုက်စေလို၍ မဟုတ်ပါ။  ပညာ​ရေးစနစ်​အားနည်း တာလည်းပါတာ​ပေါ့။ က​လေး​တွေက ​ကျောင်း ၊ ကျူရှင်​ ၊ ညဂိုက်​နဲ့ အချိန်​ကုန်​ကြတယ်​။ စာဖတ်​ချိန်​မရသလို စာဖတ်​ခွင့်​လည်းမရ။ ပညာ​ရေးက စာ​မေးပွဲ ဦးတည်​စနစ်​၊ ရမှတ်​ကို ဦးစား​ပေး​တော့က​လေး​တွေက အရာ ရာ အလွတ်​ကျက်​ဖြစ်​ကုန်​​ရော။ library-based learning လုပ်​နိုင်​ရင်​ စာပိုဖတ်​ဖြစ်​လာမှာပဲ။

သက်မင်းဦး – ဆရာမင်းညရေ မင်္ဂလာပါ ခင်​ဗျာ။ ဆရာ့အမြင်​က ကျွန်တော်နဲ့ နည်းနည်းကွဲလွဲမှုရှိပါတယ်​။ ဆရာ​ပြောသလို အွန်​လိုင်းစာမျက်​နှာ​တွေ​ကြောင့်​ဆိုရင်​ အခြားနိုင်​ငံ​တွေမှာ လည်း သတင်းစာ​တွေ၊ ဂျာနယ်​​တွေ ထုတ်​နိုင်​​တော့မယ်​မထင်ပါဘူး။ ကျွန် တော့်အမြင်​က​တော့ မြန်​မာပြည်​ပညာ​ရေး​ကြောင့်​လို့ ထင်​ပါတယ်​။ ပညာ​ရေးက ​မော်​ဒန်​ပညာ​ရေးကို အခုထိ မစ​သေး​တာ​ကြောင့်​ စာ​ပေ ရဲ့တန်​ဖိုးကို အ​တော်​များများမသိ ကြပါဘူး။ ​နောက်​တစ်​ခုက ပညာရေး အားနည်းမှုက​နေ တစ်ဆင့်ဖြစ်​​ပေါ်လာတဲ့အ​ခြေအ​နေ လူမှုဝန်း ကျင်​၊ လူမှု​ရေးအ​ခြေအ​နေများက အတန်းပညာမှ ပညာ​ရေးလို့သတ်​မှတ်​ထားတာ​ကြောင့်​လို့ ကျွန်တော် ထင်​ပါတယ်​ဆရာ ။ ဆရာဆက်​ပြီး​ဆွေး​နွေး​ပေး​စေလိုပါတယ်​ခင်​ဗျ ။

မင်းည-ဟုတ်ကဲ့ပါဆရာ။အခြားနိုင်ငံ တွေနဲ့ ကျွန်တော်တို့နိုင်ငံမှာ မတူ ညီတာလေးတွေရှိနေနိုင်ပါတယ်။ ပညာရေးကိစ္စကတော့ ကျွန်တော် ဆရာနဲ့ သဘောထားတူပါတယ်။ အဓိကက ကလေးတွေ၊ လူငယ်တွေ စာဖတ်ကျင့်နည်းလာတဲ့ ပြဿနာ လို့ ထင်ပါတယ်။

စိုးမိုး(ပခုက္ကူ)-ကျွန်တော်တို့ ငယ်ငယ်က ဆို စာအုပ်ငှားဆိုင်တစ်ခုရဲ့ ဝင်ငွေက မိသားစုတစ်ခုလုံးရဲ့ စား၊ ဝတ်နေ ရေးအပြင်လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အသုံးစရိတ်တွေ လုံ လောက်ရုံမျှမက ပိုလျှံတောင်နေကြ ခဲ့ပေမယ့် အခုတော့ စာအုပ်ငှား ဆိုင်တွေ အတော်များများ ပျောက် ကွယ်သွားပါပြီ။ ယနေ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ စာပေ၊ အနုပညာအရာအားလုံးရဲ့ ပြဿနာ ဇာစ်မြစ်က မပီပြင်တဲ့အခွန်စနစ်ပါပဲ။ အကြောင်းကြောင့် အကျိုးဖြစ်လာ သလို၊ အကျိုးတရားတစ်ခုမှာ နောက်ဆက်တွဲဆက်စပ် ဖြစ်ပေါ် လာတဲ့ပြဿနာအကျပ် အတည်းတွေ ကို သူ့ချည်းကွက်ကြည့် အဖြေရှာနေ မယ်ဆိုလျှင်ဖြင့် ပိုးသာကုန် မောင်ပုံ စောင်းမတတ် ဖြစ်နေရမှာပါပဲ ခင်ဗျာ။-Peace Trust နည်းနည်း​လေး ​ဆွေး​နွေးပါရ​စေ။ အပိုင်းက ၂ ပိုင်းရှိတယ်​လို့ ထင်​ပါတယ်​။

၁။ ဂျာနယ်​ ထုတ်​​ဝေသူဘက်​ကဖြစ်ပြီး

၂။ စာဖတ်​သူဘက်က ဖြစ်​ပါတယ်​။

၁။ ဂျာနယ်​ထုတ်​​ဝေသူဘက်​က ကြည့်ရင်​​တော့ သူ့ဂျာနယ်​ပေါ်မှာ ထားတဲ့ သ​ဘောထားနဲ့ရည်​ရွယ်​ချက်​ ရှိပါတယ်​။ ​ကြော်ငြာထည့်​မယ်​။ သတင်းက အသစ်​အဆန်း မပါဘူး။ တိုက်​ပိုင်​သတင်းသမား အနည်းငယ်​နဲ့ သူများသတင်းဌာန​တွေက ဝယ်​ယူတာ​တွေပေါ့။ တချို့အ ချက်​​တွေက အပြင်​အဆင်​အပိုင်းနဲ့ ​ဆောင်းပါး​တွေ​ကြောင့်​လည်း ဖြစ်​နိုင်​ပါတယ်​။

ဆက်လက်ဖော်ပြပါမည်။

ညိုသစ်ငယ်


LEAVE A REPLY

Please enter your comment!
Please enter your name here