အမှန်တရားငတ်နေတဲ့ကဗျာ

0
269

ဒုက္ခသည်အမျိုးမျိုးကို

ကိုယ်ချင်းစာတရားပြကြဖို့

ကံစမ်းမဲမျိုးစုံတွေက

အားကောင်းကောင်းနဲ့ေ

ကာင်းကင်ယံမှာနေရာယူတော့

အခုထိ ကဗျာတွေကကံမကောင်းကြသေးဘူး။

“ငြိမ်းချမ်းပါစေ တို့တိုင်းပြည်”လို့

ဆိုင်းဘုတ်တွေကိုင်ပီးလမ်းတကာလျှောက်

ဟစ်အော်သံတွေများကြားမှာ

အခုဆို

ကဗျာတွေက ငြိမ်းချမ်းရေးအတွက်ကြိုးစားနေကြဆဲ။

သက်ငယ်မုဒိမ်းမှုတွေပပျောက်ဖို့

ဆီလီကွန်အရုပ်တွေနဲ့

အစားထိုးလည်း

တိုးမြဲအတိုင်းတဏှာတွေကတိုးလို့

အခုထိ

ကဗျာတွေကမုဒိမ်းကျင့်ခံရဆဲ။

စစ်ကိုအားပေးသူတွေနဲ့

ငြိမ်းချမ်းရေးကို လိုလားသူ

ရှေ့ထွက်ကြစတမ်းဟေ့ဆို

ဘယ်သူပိုများမလဲ

ဘယ်သူက ပိုထွားသလဲ

အခုတော့

ကဗျာတွေက ရှေ့တန်းမျက်နှာပြင်မှာ

သွေးသံရဲရဲနဲ့။

အမှန်းတရားတွေလိုအပ်နေချိန်

အမှားတွေကိုချနင်းလိုက်တော့

အမှားတွေက ‘စံ’ လို့

အမှန်တရားတွေခံနေရချိန်မှာ

အခု

ဟောဒီကဗျာတွေက

အမှန်တရားတွေကို ‘ငတ်’ နေကြဆဲ။

လင်းထွဏ်း(မြို့သာ)

 


LEAVE A REPLY

Please enter your comment!
Please enter your name here