မေမြတ်နိုးရဲ့ Idol ကဘယ်သူလဲ

0
241

အလှမယ်မေမြတ်နိုးကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင် နေပြီဖြစ်တယ်။ သူမကတော့ လတ်တလောမှာ ဒါရိုက် တာဂျိုးရိုက်ကူးတဲ့ ဒိုင်ယာရီ ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်နိုင်းနိုင်း၊ အောင်ရဲထွေးတို့နဲ့အတူ ပါဝင် သရုပ် ဆောင်ခဲ့ပါတယ်။ သူမအနေနဲ့ ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တာနဲ့ ပတ် သက်ပြီး ခုလိုပြောပြခဲ့ပါတယ်။အလှမယ်မေမြတ်နိုးကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင် နေပြီဖြစ်တယ်။ သူမကတော့ လတ်တလောမှာ ဒါရိုက် တာဂျိုးရိုက်ကူးတဲ့ ဒိုင်ယာရီ ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်နိုင်းနိုင်း၊ အောင်ရဲထွေးတို့နဲ့အတူ ပါဝင် သရုပ် ဆောင်ခဲ့ပါတယ်။

သူမအနေနဲ့ ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တာနဲ့ ပတ် သက်ပြီး ခုလိုပြောပြခဲ့ပါတယ်။ “ဒိုင်ယာရီ” ရုပ်ရှင်ဇာတ်ကားမှာ ညီမရဲ့ ကာရိုက်တာကတော့ တအားကြီး ခက်ခက်ခဲခဲတော့ မဟုတ်ပါဘူး။ ရိုးရိုးကောင်မလေးပါပဲ။ ဒါပေမဲ့ အိုင်တင်တွေ လုပ်ရတာကတော့ တအားခက်ခဲပါတယ်။ မြတ်နိုးလေးစားအားကျရတဲ့သူကို နိုင်းနိုင်းကလည် အများကြီးသင်ပေးပါတယ်။ သရုပ်ဆောင်တဲ့ အပိုင်းရော အခြားလူမူရေးအပိုင်းတွေရော အများကြီးပဲသင်ပေးပါတယ်။ ဒီဇာတ်ကား ရိုက် ကူးတဲ့အခါမှာလည်း ရိုက်ကွင်းပေါ်မှာ အဆင်ပြေမူတွေရှိသလို အဆင်မပြေမှု တွေလည်း အများကြီးရှိပါတယ်။

အဲ့ဒီကြားထဲမှာ ဒါရိုက်တာကိုဂျိုးကလည်း အများကြီးသင်ပြပေးပါတယ်။ ဒရာမာဇာတ်ကားမှာ ခေါင်းဆောင်မင်းသမီး တစ်လက်အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့ရတဲ့အတွက်လည်း အခက်အခဲတွေ အများကြီးရှိခဲ့ပါတယ်။ အဲ့ဒီဇာတ်ကားမှာ အတွေ့အကြုံတွေအများကြီး ရခဲ့တဲ့အတွက် နောက်ဇာတ်ကားတွေအတွက်လည်း တော်တော်အဆင်ပြေ သွားပါတယ်”လို့ ပြောပြခဲ့ပါတယ်။

ဇော်ဝင်းအောင်၊

ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here