မန္တလေးတွင် ပြုလုပ်ခဲ့သော ထာဝရဖဲကြိုးဖြူ သံချပ်ပြိုင်ပွဲတွင် ဥပဒေချစ်သူ သံချပ်အဖွဲ့မှ ဗိုလ်စွဲ

0
208

အမျိုးသမီးများအပေါ် အ ကြမ်းဖက်မှု ပပျောက်ရေး – ၁၆ ရက် တာလှုပ်ရှားမှု၏ အစီအစဉ် တစ်ခုဖြစ်သော ‘ထာဝရ ဖဲကြိုးဖြူ သံချပ်ပြိုင်ပွဲ’ ကို ဒီဇင်ဘာလ ၂ ရက် နှင့် ၃ ရက်နေ့တို့တွင် မန္တလေးမြို့၊ မနော်ရမ္မံကွင်း၌ ကျင်းပပြုလုပ်ခဲ့ သည်။ ထိုသံချပ်ပြိုင်ပွဲတွင်  အောင်စံ မောင်၊ ‘တမာရိပ်’ အမျိုးသမီးအဖွဲ့၊ စေတနာမွန်၊ ကာဒိုင်း၊ မန်းရွှေပြည်မှ သက်တံ့လေးများ၊ ခင်မဒီ၊ ဥပဒေ ချစ်သူနှင့် United Women စသည့် သံချပ် ၈ ဖွဲ့မှ  ပါဝင်ယှဉ်ပြိုင်ခဲ့ကြ သည်။

အကဲဖြတ် ဒိုင်များအဖြစ် ဒေါ်လှမြင့် (ခ) ဒေါ် ကျည်းတန် (သံချပ်ပညာရှင်၊ မောင်မောင်ဆို လေ ထီးရိုးရှည် သံချပ်အဖွဲ့၏ နာယက)၊ ဦးသီဟ(မြန်မာစာ ကထိက – ငြိမ်း) (သံချပ်ပညာရှင်၊ အပ္ပမာဒေန သမ္မာဒေထ သံချပ် အဖွဲ့)၊ ဦးအောင်မျိုးမင်း (ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်၏ ပဲ့ကိုင်ကော်မတီဝင်)၊ ဒေါ်ကျော့ ကျော့ခိုင် (ကျား၊ မ ရေးရာ တန်းတူ ညီမျှရေး ကွန်ရက်၏ ပဲ့ကိုင်ကော်မတီ ဝင်)၊ ဒေါ်စုစုငယ် (ကျား၊ မ ရေးရာ တန်းတူညီမျှရေး ကွန်ရက်၏ ပဲ့ကိုင် ကော်မတီဝင်) တို့က ဆောင်ရွက်ခဲ့ ကြသည်။ ယင်းပြိုင်ပွဲအခမ်းအနား အစီအစဉ်တွင် အသိပညာပေး သီချင်းများဖြင့် ဖျော်ဖြေခြင်း၊ အမျိုး သမီးများအပေါ် အကြမ်းဖက် မှုပပျောက်ရေးနှင့် သက်ဆိုင် သော သရုပ်ဖော်ပြဇာတ်များ၊ အမေး အဖြေကဏ္ဍများ၊ One Billion Rising တေးသရုပ်ဖော်အကများ နှင့် အခြားသောအသိပညာပေး ဖျော်ဖြေတင်ဆက်မှုများလည်း ပါ ဝင်ခဲ့သည်။

ပြိုင်ပွဲ ပထမနေ့တွင် (၁) အောင်စံမောင် (၂) တမာရိပ် အမျိုး သမီးအဖွဲ့ ( ၃) စေတနာမွန် စသော သံချပ်သုံးဖွဲ့မှ အသီးသီး ယှဉ်ပြိုင် တင်ဆက်ခဲ့သည်။အကဲဖြတ် ဒိုင်များအဖြစ် ဒေါ်လှမြင့် (ခ) ဒေါ် ကျည်းတန် (သံချပ်ပညာရှင်၊ မောင်မောင်ဆို လေ ထီးရိုးရှည် သံချပ်အဖွဲ့၏ နာယက)၊ ဦးသီဟ(မြန်မာစာ ကထိက – ငြိမ်း) (သံချပ်ပညာရှင်၊ အပ္ပမာဒေန သမ္မာဒေထ သံချပ် အဖွဲ့)၊ ဦးအောင်မျိုးမင်း (ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်၏ ပဲ့ကိုင်ကော်မတီဝင်)၊ ဒေါ်ကျော့ ကျော့ခိုင် (ကျား၊ မ ရေးရာ တန်းတူ ညီမျှရေး ကွန်ရက်၏ ပဲ့ကိုင်ကော်မတီ ဝင်)၊ ဒေါ်စုစုငယ် (ကျား၊ မ ရေးရာ တန်းတူညီမျှရေး ကွန်ရက်၏ ပဲ့ကိုင် ကော်မတီဝင်) တို့က ဆောင်ရွက်ခဲ့ ကြသည်။

”မန္တလေးပွဲက မျှော်လင့်ထား တာထက်ကို ပိုပြီးတော့ အောင်မြင် ခဲ့တယ်။ ပထမတစ်ရက် ကတော့ သာမန်ပဲ။ ဒုတိယရက်ကတော့ တော်တော်လေးကို ကွင်းအပြည့်ကွင်း အလျှံပဲ။ သံချပ်အဖွဲ့တွေကလည်း ပေးချင်တဲ့Messageကို တန်းခနဲ ဖြစ်တယ်။ အစ်မချီးကျူးရင်တောင်မှ အစ်မချီးကျူးတဲ့ စကားကြောင့်ပေါ့သွားမှာကြောက်တယ်။ တကယ့်ပညာ ရှင်တွေပါ။ တအားလေးစားဖို့ ကောင်းပါတယ်။ လာရောက်ယှဉ် ပြိုင်ပေးတာကိုလည်း အစ်မတို့ အ တွက် ကျေးဇူးတင်စရာပါ”ဟု မန္တ လေးတွင် ကျင်းပပြုလုပ်ခဲ့သည့် သံ ချပ်ပြိုင်ပွဲနဲ့ပတ်သက်၍ ဒေါ်ပတ္တမြား ကေခိုင်က ပြောပါသည်။

မန္တလေးမြို့တွင် ကျင်းပပြုလုပ်ခဲ့ သည့်သံချပ်ပြိုင်ပွဲတွင်တော့ ပထမ ဆုကို ဥပဒေချစ်သူသံချပ်အဖွဲ့၊ ဒုတိ ယဆုကို ကာဒိုင်းသံချပ်အဖွဲ့၊ တတိယ ဆုကို မန်းရွှေပြည်မှ သက်တံ့လေးများ သံချပ်အဖွဲ့တို့ အသီးသီးရရှိခဲ့ပြီး ပထမဆု ကျပ်သိန်း၂ဝ၊ ဒုတိယဆု ကျပ် ၁၅သိန်း၊ တတိယဆု ၁ဝ သိန်း ချီးမြှင့်ခဲ့ကြပြီး  ရန်ကုန်သံချပ်ပြိုင်ပွဲ ကိုမူ သံချပ်၁၁ဖွဲ့ ယှဉ်ပြိုင်မည်ဖြစ်ပြီး ဒီဇင်ဘာလ ၁၅ရက်နေ့မှ ၁၆ရက်နေ့ အထိ နေ့စဉ်ညနေ ၅နာရီမှစတင်ကာ ပြည်သူ့ရင်ပြင်တွင် ကျင်းပပြုလုပ် သွားမှာဖြစ်ကြောင်း သိရသည်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here