အောင်မြင်မှုတွေ ရခဲ့သလို ဆုပေါင်းများစွာ ဆွတ်ခူးခဲ့သူ အိန္ဒိယနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးလေး Anushka Sharma

0
164

PK ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးလေးကိုတော့ မှတ်မိမှာပါ။ သူမနာမည်က Anushka Sharma ဖြစ်ပြီး မော်ဒယ်တစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။ သူမက အခုဆို အနုပညာကြေးများတဲ့ မင်းသမီးတွေထဲက တစ်ဦးဖြစ် နေပြီး Filmfare Award မှာ ၇ ကြိမ်တောင် ဆန်ခါတင် စာရင်းဝင်ခဲ့သူပါ။ သူမဟာ ၂ဝဝ၇ မှာ မော်ဒယ်စတင်လုပ်ကိုင်ခဲ့ပြီး ၂ဝဝ၈ခုနှစ် မှာမင်းသားShah Rukh Khan နဲ့ “Rab Ne Bana Di Jodi” ဇာတ်ကားကို ပါဝင်သရုပ်ဆောင် ရိုက်ကူးခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ“Band Baaja Baaraat” ၊ “Jab Tak Hai Jaan” ဇာတ်ကားတို့ကို ပါဝင်သရုပ်ဆောင် ရိုက်ကူးခဲ့ကာ Best Supporting Actress ဆုကို ရရှိခဲ့ပါတယ်။ ၂ဝ၁၄ခုနှစ် မှာ PK ဇာတ်ကားရိုက်ကူးပြီး နိုင်ငံတကာ ပရိသတ်ရဲ့ အသိအမှတ်ပြုခြင်း ခံခဲ့ရပါ တယ်။ ၂ဝ၁၆ ခုနှစ်မှာတော PK နဲ့ အချစ်ဇာတ်လမ်း “Ae Dil Hai Mushkil” များကို ပါဝင်သရုပ်ဆောင် ရိုက်ကူးပြီး အောင်မြင်မှုတွေ ရခဲ့ သလို ဆုပေါင်းများစွာ ဆွတ်ခူးနိုင်ခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here