A Special Lady သူရဲကောင်းမေမေရဲ့ ကျေးဇူးတရား

0
201

ဒီဇာတ်ကားက ၂ဝ၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့က ရုံတင် ပြသတဲ့ တောင်ကိုရီးယားရုပ်ရှင် ဇာတ်ကားသစ်ဖြစ်ပါတယ်။ ဒါရိုက် တာ ‘လီအန်ဂူ’ က ကိုယ်တိုင်ဇာတ် ညွှန်းခွဲပြီး၊ သရုပ်ဆောင် ကယ်ဟယ် ဆူ၊ လီဆောင်းဂူ၊ လီဟီးဂျွန်၊ ချွဲမူ ဆောင်းတို့နဲ့ ရိုက်ကူးတင်ဆက်လိုက် တာဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းကို ဗန်းပြပြီး နောက်ကွယ်မှာ ဒုစရိုက် လုပ်ငန်းတွေကို လုပ်ကိုင်တဲ့ အဖွဲ့ ကြီးရဲ့ ဒုတိယအကြီးအကဲဖြစ်လာ မယ့် အမျိုးသမီးတစ်ယောက်ရဲ့ စိုးရိမ်ထိတ်လန့်မှုပေါင်းများစွာ၊ ရက်စက် ကြမ်းကြုတ်မှုပေါင်းများစွာ၊ ထွက်ပေါက်ကင်းမဲ့လွန်းတဲ့ဘဝ၊ နောက်ဆုံး ရရှိလာမယ့် လူ့ ဘဝရဲ့ အဓိပ္ပါယ်၊ လူ့ဘဝရဲ့ အရသာဆိုတာ ငါ့အတွက် သေချာပါ့မလား၊ ဒါဆို လောကကြီးရဲ့ ဘယ်သူ့အတွက်လဲ စတာတွေကို တွေးတောရင်း ရင်ဆိုင်ဖြတ်ကျော်ရတဲ့ ခက်ခဲသော ဖြတ်သန်းမှုဝင်္ကပါ ကြီးအကြောင်းကို ရိုက်ကူးတင်ပြထား တာဖြစ်ပါတယ်။

တစ်ဦးတည်းသောသားလေး တစ်ယောက်ကို ကာကွယ်ဖို့အတွက် သူမမှာ ယောက်ျားတွေအများကြီးရဲ့ လွှမ်းမိုးမှုကြားက ဒုစရိုက်အမှောင် လောကကြီးအတွင်း သူမတိုက်ပွဲဝင် နေပုံဟာ အသည်းတထိတ်ထိတ် ရင်တမမပါပဲ။  တစ်ချိန်တုန်းက ပြည့်တန်ဆာ ဖြစ်ခဲ့ဖူးတဲ့ ‘ဟောင်းဂျောင်း’ဆိုတဲ့ သူမဟာ စီးပွားရေးလုပ်ငန်းကို ဗန်း ပြပြီး လုပ်ကိုင်နေတဲ့ မှောင်ခိုဒုစရိုက် ဂိုဏ်းကြီးရဲ့ နံပါတ်၂ အဆင့်ရှိသူ ဖြစ်လာပါတယ်။ ဟောင်းဂျောင်းက ‘ဆန်းဟွန်း’ဆိုတဲ့ အမျိုးသားတစ်ဦး ကို ဂိုဏ်းအတွင်း ထိပ်တန်းလူသတ် သမားအဖြစ် ရွေးချယ်ကာ ဦးစားပေး ခဲ့ပါတယ်။ ဆန်းဟွန်းဟာ မှောင်ခို ကမ္ဘာမှာ ရွံ့ရှာစက်ဆုပ်ဖွယ်ကောင်း တဲ့ အလုပ်မှန်းသိပါလျက်နဲ့ လုပ်နေ ရပါတယ်။

အဓိကကတော့ သူမ ‘ဟောင်းဂျောင်း’ကြောင့်ပါပဲ။  အစိုးရရှေ့နေ ‘ဒယ်ရှိ’ဆိုတဲ့ ပုဂ္ဂိုလ်ဟာ ဟောင်းဂျောင်းရဲ့ ထောင် ချောက်ဆင်မှုကြောင့် ဒီဂိုဏ်းအဖွဲ့ ကြီးရဲ့ အကျိုးစီးပွားကို တစ်နည်း တစ်ဖုံနဲ့ ကူညီထောက်ပံ့ပေးနေရပါ တယ်။ နောက်ပြီး တစ်ပြိုင်နက်တည်း မှာပဲ လက်တုံ့ပြန်ကာ ရုန်းထွက်ဖို့ကို လည်း အမြဲသတိရှိရှိနဲ့ ကြိုးပမ်းနေ ပါတယ်။  ဟောင်းဂျောင်းဆိုတဲ့ သူမမှာ အားနည်းချက်တစ်ခုရှိတယ်။ အဲဒါ ကတော့ ထောင်ထဲမှာတိတ်တိတ်ပုန်း မွေးခဲ့ရတဲ့သားတစ်ယောက် ရှိနေ ခြင်းပါပဲ။ သူမရဲ့ အဲဒီတိတ်တိတ်ပုန်း တစ်ဦးတည်းသောသားလေးကြောင့် ထောင်ချောက်ဆင်ခံရတဲ့ ရှေ့နေ ပုဂ္ဂိုလ်ကြီးနဲ့ သူမရွေးချယ်ထားတဲ့ လက်ရွေးစင်ထိပ်တန်းလူသတ် သမား ဆန်းဟွန်းအပါအဝင် ဒီဂိုဏ်း ကြီးကရန်ပြုချင်သူတွေရဲ့ ပစ်မှတ် အဖြစ်သတ်မှတ်ခြင်းကို ခံနေကြရပါ တယ်။

မနာလိုခြင်းဆိုတဲ့ အကုသိုလ် ကြီးရဲ့ လှုံ့ဆော်မှုတွေကြောင့် ထိပ် တန်းလက်ရွေးစင် လူသတ်သမား ‘ဆန်းဟွန်း’ ဟာ ဒီဂိုဏ်းအဖွဲ့ကြီးကို ဖြိုခွဲဖို့ အစီအစဉ်တစ်ခုကို ရေးဆွဲ လိုက်ပြီးတဲ့နောက် ထောင်ချောက် ဆင်ခံရတဲ့အစိုးရရှေ့နေကြီး ‘ဒယ်ရှိ’ နဲ့ ပူးပေါင်းလိုက်ပါတယ်။  ဒီတော့ ဂိုဏ်းကြီးရဲ့ ဒုတိယ အကြီးအကဲ ဟောင်းဂျောင်းဆိုတဲ့ သူမဟာ လူ့လောကမှာ ငါ့ကိုမွေးတဲ့ အမေ သက်ရှိထင်ရှား ရှိနေပါ လားဆို တာကို မသိတဲ့သားလေးအတွက် ကာကွယ်ဖို့ အစွမ်းကုန်ကြိုးပမ်း ရပါ တော့တယ်။

ဝင်းကိုမောင်

LEAVE A REPLY

Please enter your comment!
Please enter your name here