သရုပ်ဆောင်အသစ်တွေနဲ့ ရေခဲတောင်မှာ ရုပ်ရှင်ရိုက်ကူးမယ့် ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်

0
243

နိုင်ငံအတွင်းမှာရှိတဲ့ သဘာဝအလှနဲ့ ဒေသအသီးသီးမှာရှိကြတဲ့ ရိုးရာတွေကို ရုပ်ရှင်အဖြစ် ရိုက်ကူးလိုတဲ့ ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်ကတော့ ၂ဝ၁၈ နှစ်ဆန်းပိုင်းမှာ Triple Six ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်မယ့် ‘ဒို့ပိုင်တဲ့မြေ’ ရုပ်ရှင်ဇာတ်ကားကို သရုပ်ဆောင်သစ်များရွေးချယ်ပြီး ရေခဲတောင်မှာ သွားရောက် ရိုက်ကူးသွားမှာဖြစ်ကြောင်း သိရပါတယ်။ ‘ဒို့ပိုင်တဲ့မြေ’ ရုပ်ရှင်ဇာတ်ကားကို ရိုက် ကူးဖို့ စီစဉ်ဖြစ်ခဲ့တာနဲ့ပတ်သက်ပြီး ခုလို့ပြောပြခဲ့ပါတယ်။

”ဒို့ပိုင်တဲ့မြေ ရုပ်ရှင်ဇာတ်ကားကို ဘာလို့ရိုက်ကူးချင်ခဲ့လဲဆိုရင် အာဆီယံ ၁၁ နိုင်ငံရှိတဲ့အထဲမှာ ရေခဲတောင်ရှိတဲ့ တိုင်းပြည် ကျွန်တော်တို့နိုင်ငံတစ်နိုင်ငံပဲ ရှိတယ်။ အဲ့ဒါလေးကို ကျွန်တော် အိမ်နီးနားချင်း တိုင်းပြည်တွေလည်း ထုတ်ပြချင် တယ်။ ဒီရုပ်ရှင်ဇာတ်ကားကို မင်းသား မင်းသမီးအသစ်တွေနဲ့ ရိုက်ကူးမယ်။ထုတ် လုပ်သူကလည်း သူငယ်ချင်းဖြစ်တဲ့ အခါကျတော့ သူနဲ့တိုင်းပင်ပြီးတော့ သရုပ် ဆောင်အသစ်တွေ ရွေးမယ်။ အဲ့ဒီသရုပ်ဆောင်သစ်တွေကိုလည်း ‘ ဒို့ပိုင်တဲ့မြေ’ ရုပ်ရှင်ဇာတ်ကားအတွက်မှမဟုတ်ဘဲ နောက်ထပ်ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကား တွေမှာလည်း ဒီသရုပ်ဆောင်အသစ်တွေကို ဖော်ထုတ်ဖို့ စိတ်ကူးထားပါတယ်။ ရုပ်ရှင်ဇာတ်ကားထဲမှာ အဖွဲ့တွေက ၄ ဖွဲ့လောက်ပါတယ်။ တောင်တက်တဲ့ အဖွဲ့ပါ တယ်။ ကြော်ငြာသွားရောက်ရိုက်ကူးတဲ့ အဖွဲ့ပါတယ်။ နောက်ပြီး အဲ့ဒီအဖွဲ့ နှစ်ဖွဲ့ကို လုံခြုံရေးလိုက်မယ့် အဖွဲ့တစ်ဖွဲ့ပါတယ်။ နောက်ပြီး ဒေသခံတွေလည်းပါတယ် ဆိုတော့ သရုပ်ဆောင်အားလုံးပေါင်း နှစ်ဆယ် အစိတ်လောက်တော့ လိုတယ်။ သရုပ်ဆောင်အသစ်တွေကို ၂ဝ၁၈ နှစ်ဆန်းပိုင်းလောက်မှာ တရားဝင်ရွေးချယ်ပြီး ဒီရုပ်ရှင် ဇာတ်ကားကို ရိုက်ကူးသွားမှာ ဖြစ်ပါတယ်”လို့ ပြောပြခဲ့ပါတယ်။

သူ့အနေနဲ့ ရေခဲတောင်မှာ ရုပ်ရှင်ရိုက်ကူးဖို့ ၂ဝဝ၂ ခုနစ်မှာ တစ်ကြိမ်၊ ၂ဝဝ၄ ခုနှစ်မှာတစ်ကြိမ် စီစဉ်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မရိုက် ကူးဖြစ်ခဲ့ဘဲ အခု ၂ဝ၁၈ မှာမှ ရိုက်ကူးမှာဖြစ်ကြောင်း သိရပါတယ်။

သတင်း-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here