အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ Jimmy Kimmel Live! အစီအစဉ်မှာ G-Eazy နဲ့ Halsey တို့ ဟာ “Him & I” သီချင်းကို သီဆိုဖျော်ဖြေခဲ့ပါတယ်။ G-Eazy ဟာ သူရဲ့တတိယမြောက် အယ် ဘမ် “The Beautiful & Damned”ကို ဒီဇင်ဘာ ၁၅ ရက်နေ့က ဖြန့်ချိမယ် လို့ သိရပါတယ်။ Halsey ဟာ တကယ့်ကို ထူးချွန်တဲ့ ကောင်မလေးပါ။ လှပတဲ့ မိန်းကလေးဖြစ်သလို သီချင်းတွေကို လည်းလှပအောင် သီဆိုနိုင်ပါတယ်။ သူမရဲ့ အသံက လည်းတကယ့်ကို နားထောင်လို့ ကောင်းပါတယ်။