ပရိသတ်တွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးချင်တဲ့ နေတိုး

0
207

ဒီနှစ်ထဲမှာ သရုပ်ဆောင်နေတိုး ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင် ဇာတ်ကားများစွာ ရုံတင်ပြသခဲ့ပြီး ဒီ ဇာတ်ကားတွေထဲမှာတော့ ‘တာတေ ကြီး’ ဇာတ်ကားနဲ့ အကယ်ဒမီဆု ရရှိမယ်လို့ပရိသတ်တွေ ခန့်မှန်းနေ ကြပါတယ်။ အခုလို ပရိသတ်တွေ မျှော်မှန်းပေးကြတဲ့အတွက် ဝမ်းသာ ပီတိဖြစ်ရပြီး ပရိသတ်တွေရဲ့ ဆန္ဒ ကိုလည်း ဖြည့်ဆည်းပေးချင်ပါ တယ်လို့ နေတိုးကဆိုပါတယ်။  ဒီနှစ်ထဲမှာ သရုပ်ဆောင်နေတိုး ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင် ဇာတ်ကားများစွာ ရုံတင်ပြသခဲ့ပြီး ပြသတဲ့ဇာတ်ကားတွေ အကုန် လုံးကတော့ ဒီနှစ်ထဲမှာတော်တော် များများ ရှိတယ်။ ‘တာတေကြီး’ ဇာတ်ကားကတော့ ပရိသတ်ပိုပြီး အားပေးခြင်းခံရတယ်။

ကာရိုက်တာ အထူးအဆန်းတစ်ခုကို လုပ်ပြခွင့် ရတဲ့ သရုပ်ဆောင်မှုတွေလည်းပါ တော့ ဒီဇာတ်ကားကို ပရိသတ် မျှော်မှန်းပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်။ အကယ်ဒမီဆိုတာတော့ ကြိုးစား အားထုတ်မှုနဲ့ ပရိသတ်အပေါ်မှာ အနုပညာရှင်တွေက တာဝန်ကျေမှု တစ်ခုကိုပြသနိုင်တဲ့အတွက်ကျွန် တော့်အနေနဲ့ ပရိသတ်အားပေး မှုခံ ရတဲ့အတွက် အတိုင်းမသိဝမ်း သာပါ တယ်။ အကယ်ဒမီဆိုတာကတော့ ဆုဖြစ်တဲ့ အတွက်ကြောင့် တအား ကြီး ကျွန်တော်တို့ဆီမှာ မျှော်လင့် ချက်ဆိုတာမျိုး မထားပါဘူး။ ပရိ သတ်အနေနဲ့ မျှော်လင့်ခွင့်ရှိသ လောက်မျှော်လင့်ကြတဲ့အတွက် ဝမ်း သာပါတယ်။ ပရိသတ်ရဲ့ ဆန္ဒ တစ်ခု၊ အများရဲ့ဆန္ဒတစ်ခုကိုပဲဖြည့် ဆည်း ချင်တယ်။ နှစ်တိုင်းနှစ်တိုင်း ပေါ့။ ကျွန်တော့် အနေနဲ့ကတော့ အကယ် ဒမီရသည် ဖြစ်စေ၊ မရသည် ဖြစ်စေ၊ ကျွန်တော် ဒီ’တာတေကြီး’ ဇာတ်ကား ကို ကျေနပ်နိုင်ပါတယ်ဓ  လို့ နေတိုး က ပြောပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here