Yangon Waterboom Night Market ဈေျးေရာင်းပွဲတော်ကျင်းပမည်။

0
209

Yangon Waterboom တွင် ဒီဇင်ဘာလအတွင့်း Yangon Waterboom Night Market ဈေးရောင်းပွဲတော်နှင့် ပြိုင်ပွဲများ၊ ကရင်နှစ်သစ်ကူး ပွဲတော်နှင့် New Year Countdown Pool Party စသည့် အစီအစဉ်များ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း စာနယ်ဇင်းရှင်းလင်းပွဲကို ဒီဇင်ဘာလ ၁၂ ရက်နေ့က ပြုလုပ်ခဲ့သည်။

Yangon Waterboom Night Market ကို ဒီဇင်ဘာလ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့ အထိ နေလယ် ၁၂ နာရီမှ ည ၁ဝ နာရီအချိန်အထိ ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ဒီဇင်ဘာ ၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကလေးများအတွက် ရည်ရွယ်ပြီး KID’S FESTIVAL ပွဲကိုလည်း ပြုလုပ်ပေးသွားမည်ဖြစ်သည်။ ထို့နောက် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင New Year Countdown Party ပွဲကြီးကိုလည်း Wave Pool Area ၌ နိုင်ငံကျော် တေးသံရှင်များဖြစ်ကြသည့် ဂျီလတ်၊ ဂျက်ဆန်ထွန်း၊ အိမ့်ချစ်နှင့် Jewel တို့ သီဆို ဖျော်ဖြေကြမည်ဖြစ်ပြီး လက်မှတ်တစ်စောင်ကို နှစ်သောင်းကျပ်ဖြင့် ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here