ပရိသတ် အားပေးမှု များလာတဲ့ ပေါ့အဆိုတော်မလေး Bebe Rexha

0
237
NEW YORK, NY - MAY 14: Performer Bebe Rexha attends the 27th Annual GLAAD Media Awards in New York on May 14, 2016 in New York City. (Photo by Dimitrios Kambouris/Getty Images for GLAAD)

သီချင်းတွေကို အသံထူးထူးခြားခြားလေးနဲ့ သီဆိုလေ့ရှိတဲ့ Bebe Rexha နဲ့ မိတ်ဆက်ပေးချင် ပါတယ်။ သူမဟာ “Hey Mama” “Me, Myself & I” “In the name of love” အစရှိတဲ့ သီချင်းတွေကို Cash Cash၊ Louis Tomlinson နဲ့ စုံတွဲ သီဆိုပြီး အောင်မြင်မှုအများအပြား ရရှိခဲ့ပါတယ်။ သူမဟာ အဆိုပိုင်းတော်ရုံသာမက အရေးအသားအပိုင်းမှာ လည်း ကျွမ်းကျင်သူပါ။ Eminem နဲ့ Rihanna တို့ တွဲဖက်သီဆိုထားတဲ့ The Monster သီချင်း ကိုလည်း သူမရေးသားပေးခဲ့ပြီး Selena Gomez နဲ့ Nick Jonas တို့အတွက်လည်း သီချင်းများ ရေးသားပေးထားတယ်လို့သိရပါတယ်။ ၂ဝ၁၅ ခုနစ်တုန်းက သူမရဲ့ တကိုယ်တော် အယ်ဘမ် “I Don’t Wanna Grow Up” ထွက်ရှိခဲ့ပြီး ၊ ၂ဝ၁၆ ခုနှစ်မှာ “All Your Fault : Pt.1” အယ်လ်ဘမ် ထပ်မံထွက် ရှိခဲ့ပါတယ်။ ၂ဝ၁၇ မှာတော့ “All Your Fault : Pt.2” အယ်လ်ဘမ်ကို ထပ်မံထွက်ရှိခဲ့ကာ “I Got You” သီချင်းက Billboard Pop Song မှာ နံပါတ် ၁၇ နေရာရရှိခဲ့ပါ တယ်။ ၂ဝ၁၇ ခုနှစ်ဇူလိုင်လမှာ တော့ Rexha ဟာ One Direction အဖွဲ့ဝင် Louis Tomlinson နဲ့အတူ “Back to You” သီချင်းကို ပူးပေါင်း တင်ဆက်ခဲ့ပြီး အောင် မြင်မှုများရရှိခဲ့ပါတယ်။သူမဟာ အသက် ၉ နှစ်ကတည်းက ဂစ်တာနဲ့ ပီယာနိုသင်ကြားခဲ့ပြီး တက္ကသိုလ်ကိုလည်း Tottenville High School မှာ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here