သီချင်းခွေ ၉ ခွေမြောက်ထိ မရှုံးသေးဘူး အဆိုတော်ဘိုဖြူ

0
278

အဆိုတော် ဘိုဖြူက သူ့ရဲ့ ၁ဝ ခွေမြောက် တေးစီးရီးဖြစ်တဲ့ ‘နံနက် ခင်းသစ်’ အခွေကို ပရိသတ်တွေ အတွက် ဒီဇင်ဘာလ ၁၈ ၇က်နေ့ က ဖြန့်ချိခဲ့ကြောင်း သိရပါတယ်။ ဒီ စီးရီးခွေအကြောင်းကို အဆိုတော် ဘိုဖြူက…

”ဒီအခွေကို ၄ နှစ်ရှိပြီ။ အရင် က သီချင်းပုံစံတွေနဲ့ တအားကြီး မကွဲဘူး။ ဘာကြောင့်လဲဆိုတော့ ဦးက ဒီလိုသီချင်း သံစဉ်လေးတွေနဲ့ပဲ ရပ်တည်လာတယ်ဆိုတော့ ဆန်း ဆန်းပြားပြားလည်း မလုပ်တတ်ဘူး။ လုပ်နိုင်တဲ့ အရည်အချင်းလည်း သိပ်မရှိဘူး။ သိပ်အများကြီး မဆိုနိုင် ဘူး။ အနုပညာ သက်တမ်း ၂၂ နှစ် မှာအခုလို ၁ဝခွေမြောက် ထွက်ရှိနိုင် တဲ့ အတွက်လည်း တအား ပျော်မိ တယ်။ ဒီအခွေမှာ အကုန်လုံး သီချင်း အသစ်တွေချည်းပဲ။ တစ်ပုဒ်တည်းပဲ သီချင်း ဟောင်းပြန်ထည့်ထားပါ တယ်” လို့ ပြောပါတယ်။

အခွေသစ်ထွက်ဦးမယ့် ဘိုဖြူက သူ့ရဲ့ အခွေထုတ်လုပ်မှုရဲ့ ရလဒ်ကို လည်း အခုလို ပြောပြခဲ့ပါတယ်။

”၂ဝ၁၈ ခုနှစ်မှာလည်း သီချင်း အသစ်တစ်ခွေ ထုတ်ဦးမှာပါ။ ကျွန် တော့်အနေနှဲ့သတ ပွဲတွေလုပ်ဖို့ ရှိပါတယ်။ တစ်ကိုယ်တော်တော့ မဟုတ်ဘူး။ နှစ်ကိုယ်တော်ပေါ့။ သေ တော့ မသေချာသေးဘူး။ စီစဉ်နေ တုန်းပါပဲ။ လာမယ့် သင်္ကြန်ပြီး လောက်မှ ဖြစ်ဖို့များပါတယ်။ အခု ခေတ်က အခွေထုတ်ရင် ရှုံးတာ လည်းရှိသလို မြတ်တာလည်းရှိတယ်။ ကျွန်တော် သီချင်းခွေတွေ အနေနဲ့ စထွက်ကတည်းက ၉ ခွေမြောက်ထိ မရှုံးသေးဘူး။ ဒါပေမဲ့ ဒီအခွေက ခေတ်ကာလအရ ပြောင်းလဲမှုတော့ ရှိမှာပါ” လို့ ဘိုဖြူက ဆိုပါတယ်။

ဘိုဖြူရဲ့ ”နံနက်ခင်းသစ်” တေးစီးရီးမှာ သီချင်း ၁၁ ပုဒ် ပါဝင် ပြီး တေးရေး ဆရာများကတော့ စောခူဆဲ၊ ရွှေဂျော်ဂျော်၊ အယ်ဖြူ၊ ကိုအောင်၊ မိုးသန့်ဇော်တို့က ရေးပေး ထားကြောင်း သိရပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here