စီးပွားရေးလုပ်ငန်းအနေနဲ့ ရွှေခေါက်ဆွဲ တစ်မျိုးတည်းကိုသာ လုပ်ကိုင်ဖြစ်နေတဲ့ လင်းဇာနည်ဇော်

0
127

အချက်အပြုတ်၊ သန့်ရှင်းမှု၊ ဆက်ဆံရေးစတဲ့ Service ပိုင်းနဲ့ပတ်သက်လို့ အစစအရာရာ ကိုယ်တိုင်ပါဝင်လုပ်ကိုင် ဖြစ်နေတဲ့အတွက် စီးပွားရေးအနေနဲ့ ရွှေခေါက်ဆွဲ တစ်မျိုးတည်းကိုသာ လုပ်ကိုင်ဖြစ်နေတယ်လို့ သရုပ်ဆောင် လင်းဇာနည်ဇော်က ပြောပါတယ်။ သူမလို မင်းသမီးတစ်ယောက်အနေနဲ့ တခြားစီးပွားရေးတွေ လုပ်ကိုင်လို့ရပေမယ့် ရွှေခေါက်ဆွဲကို ကိုယ်တိုင်ချက်ပြုတ်လုပ်ကိုင်ပြီး Service ပေးတဲ့လုပ်ငန်းကို လုပ်ကိုင်ဖြစ်နေတာက ဘာကြောင့်လဲလို့ မေးဖြစ်တော့ …..

”အစ်မရဲ့ အစ်မက ချက်တာ၊ ပြုတ်တာ ဝါသနာပါတယ်။ သူချက်ပြီးသွားလို့ရှိရင်လည်း သူများ က စားကောင်းတယ်ဆိုလို့ရှိရင် ကျေနပ်ပြီးတော့ ထပ်ခါထပ်ခါ ချက်နေတာပေါ့။ အဲဒီအခါကျတော့ ဒီခေါက်ဆွဲလေးကို သူငယ်ချင်းတွေကို ကျွေးတော့ သူငယ်ချင်းတွေကလည်း သဘောကျကြတယ်။ အဲဒီတုန်းကလည်း မထင်မှတ်ဘဲနဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ပွဲမှာ လာကျွေးပေးပါဆိုပြီးတော့ သွားကျွေးရင်းနဲ့မှ အစ်မတို့က ဒီအတိုင်း ဖေ့စ်ဘုတ်ခ်မှာ အပျော်လေးတင်လိုက်ရင်းနဲ့မှ လူတွေက မှာကြတယ်။ အဲဒီလိုနဲ့မှ လုပ်ရင်းလုပ်ရင်းနဲ့ နောက်ဆုံးကျတော့ စီးပွားဖြစ် အနေနဲ့ လုပ်ဖြစ်သွားတယ်ပေါ့” လို့ ပြောပါတယ်။

အနုပညာပိုင်းကို ဆက်လက်မေးတဲ့ အခါမှာလည်း မလင်းတို့ထုတ်လုပ် ရေးက ရိုက်ထားတဲ့ မြန်မာပေါကားများရပ်ဆိုတဲ့ ဇာတ်ကားက မထွက်လာသေးဘူးနော်လို့ မေးတော့ … ” အစ်မတို့ ဇာတ်ကားက ဆင်ဆာဒုတိယအကြိမ် ပြန်တင်ဖို့လုပ်နေပါတယ်။ ရှေ့နှစ်ထဲမှာတော့ ထွက်နိုင်အောင်ကြိုးစားမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကားတွေက ရိုက်ပြီးလည်း တအားကြာနေရင် Update မဖြစ်တော့ဘူး။ အမြန်ဆုံး တင်နိုင် အောင်ပေါ့” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင် ၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here