ကက်ဆက်ခွေဖွင့်ပြီး နားထောင်ရတဲ့ ခေတ်ကို ပြန်လည်တမ်းတမိနေတဲ့ အဆိုတော် ဂျက်မြသောင်း

0
147

၂ဝ၁၈ နှစ်စပိုင်းလောက်မှာ တစ်ကိုယ်တော်သီချင်းအသစ်တွေ ထွက်ရှိဖို့ စီစဉ်နေကြောင်း အဆိုတော် ဂျက်မြသောင်းကပြောပါတယ်။ ”သီချင်းအသစ်တွေ ကျွန်တော်လုပ်နေပါပြီ။ ကျွန်တော် ထင်တယ်။ ၂ လပိုင်းအကုန်လောက် ထွက်ဖြစ်မယ်ထင်တယ်။ Own Tune တွေအသစ်ပေါ့။ လုပ်နေပါတယ်”လို့ ဂျင်းမြသောင်းကပြောပါတယ်။ ဒီဘက် ခေတ်အဆိုတော်တွေရဲ့ အခွေဖြန့်ချိတဲ့စနစ်က တစ်ပုဒ်ချင်းစီဆို အွန်လိုင်းကနေပဲဖြန့်ဖြစ်ကြတာများတော့ တကယ်လို့များ သီချင်းတွေထွက်လာခဲ့ရင် ဘယ်လိုပုံစံနဲ့ ဖြန့်ချိဖြစ်မလဲလို့မေးတော့ . . .

”ဖြန့်ချိမှုပိုင်းကျတော့ ဘယ်လိုပြောရမှန်းမသိဘူးဗျ။ ခါတိုင်း ကျွန်တော်တို့အရင်တုန်းက ကက်ဆက်ခွေခေတ်ဆို သိပ်ကောင်းတာလေ။ အခွေလေးကလည်းလှတယ်။ ကက်ဆက်ခွေ လေးဖွင့်ပြီး နားထောင်လိုက်ရတဲ့ ဖီးလ်ပေါ့။ အဲဒီအရသာလေး လိုချင်တာလေ။ အခုက ဒီဘက်ခေတ်ကျတော့ စီဒီ၊ ဗီစီဒီပေါ့။ ဗီစီဒီကတော့ အခြေအနေအရပဲ။ ကျွန်တော် စီဒီကတော့ထွက်မယ်။ ကျွန်တော်တို့ အဆိုတော်တွေဆိုတာ သရုပ်ဆောင်မဟုတ်ဘူးလေ။ အဆိုတော်ဆိုတော့ ဆိုတဲ့အသံကိုဆိုပြမယ်။ ပရိသတ်က နားထောင်မယ်။ အဲဒါလေး ကျွန်တော်ကြည်နူးတယ်။ ကိုယ်ကဖျော်ဖြေတာကိုး။ ကိုယ့်အသံကို ပရိသတ်တွေ နားထောင်စေချင်တယ်”လို့ သူကပြောပါတယ်။ လက်ရှိ အချိန် သီချင်းတွေရေးဖြစ်တဲ့အခါမှာ ဘယ်လိုခံစားချက်မျိုးတွေကို ရေးဖြစ် နေလဲလို့ဆိုတော့…

”ခံစားချက်တော့ ခေတ်ကာလအလျောက် ပြောင်းလဲတာပေါ့။ ကျွန်တော် တို့လည်း သီချင်းသိပ်မရေးဖြစ်ပါဘူး။ ကျွန်တော်က တေးရေးဆရာ မဟုတ်ဘူးလေ။ တေးရေးဆရာတစ်ယောက် မဟုတ်တဲ့ အတွက်ကြောင့် တေးရေးဆရာ တစ်ယောက်လို မတော်ဘူး။ ကိုယ်ဆိုမယ့်သီချင်းလေးတွေကိုပဲ ကိုယ်ရေး ဖြစ်တာ”လို့ဂျင်းမြသောင်းက ပြောတယ်။

မျိုးမောင်

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here