အဖေနဲ့ သမီးမေတ္တာကို ဖော်ကျူးထားတဲ့ သီချင်းတစ်ပုဒ် အွန်လိုင်းကနေဖြန့်မယ့် ဖူးဖူးသစ်

0
291

အဆိုတော်ဖိုးကာရဲ့ သမီးဖြစ်သူ ဖူးဖူးသစ်ရဲ့ တစ်ကိုယ်တော်အခွေဖြစ်တဲ့ ‘Logo’ ထွက်ရှိခဲ့တာ အခုဒီဇင်ဘာလမှာ တစ်နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ တစ်ကိုယ် တော်အခွေ တစ်နှစ်ပြည့် ဘာအစီအစဉ်ရှိလဲလို့ ဖူးဖူးသစ်ကိုမေးဖြစ်တော့…

”တစ်နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ အခွေလေးထဲက ‘စိတ်လွှင့်ရွက်လှေ’ဆိုတဲ့ သီချင်းလေးကို ဖူးတို့သူငယ်ချင်းတွေနဲ့အတူတူ အပျော်လေးရိုက်ကူးဖို့တော့ရှိတယ်။ Official တော့ မဟုတ်ဘူးပေါ့နော်။ အဲဒီ Video လေးရိုက်ကူးပြီးသွားရင်တော့ အွန်လိုင်းပေါ်တင်ဖို့ရှိပါတယ်”လို့ ဖူးဖူးသစ်က ပြောပြပါတယ်။ အခွေက တစ်နှစ်ပြည့်သွားခဲ့ပြီဆိုတော့ အမ်တီဗီရိုက်ကူးရမှာ ပေါ့လို့ ဖူးဖူးသစ်ကိုမေးတော့…

”အစကတော့ ဒီအခွေလေးကိုပဲ Unplugged တီးပြီးတော့ ဆိုကြမယ်။ အမ်တီဗီလေးရိုက်ကူးမယ်ဆိုပြီးတော့ စဉ်းစား ထားတာမျိုးရှိတယ်။ ပြီးတော့ ဖေဖေနဲ့ ဖူးဖူးနဲ့ တွဲဆိုထားတဲ့ သားအဖမေတ္တာကို ဖော်ကျူးထားတဲ့ ဥယျာဉ်မှူးဆိုတဲ့ သီချင်းလေးပေါ့။ အဲဒီသီချင်းလေးကိုလည်း အွန် လိုင်းကနေ တစ်ပုဒ်တည်းထုတ်ဖို့ရှိပါတယ်”လို့ သူမက ပြောပါတယ်။

ပညာရေးပိုင်းမှာဆိုရင် ဖူးဖူးသစ်က အမျိုးသား စီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်မှာ Journalism Final တက်ရောက်နေတဲ့ ကျောင်းသူလေးတစ်ဦး ပါ။ မိမိရဲ့အနုပညာနဲ့ပတ်သက်ပြီးတော့ကော သူငယ်ချင်းတွေက ဘယ်လိုတွေပြောကြလဲလို့မေး တော့…

”ဖူးဖူးအခွေထွက်ပြီးသွားတော့ သူငယ် ချင်းတွေက ဒိုင်ခံအားပေးကြတာပေါ့။ ဖူးဖူးသီချင်း စလုပ်နေကတည်းက သူတို့တစ်တွေ နားထောင်ပေး တယ်။ ဘယ်လိုလေးဆိုရင်ပိုကောင်းမလဲဆိုပြီးလည်း အကြံပေးကြတယ်။ အခွေထွက်ပြီးတဲ့အခါ ကျတော့လည်း ကိုယ်တိုင်ဝယ်ပြီးတော့ကို အားပေးကြတယ်” လို့ ဖူးဖူးသစ်က ပြောပြခဲ့ပါတယ်။

မျိုးမောင်
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here