ပရိသတ်တွေအမြင်ထူးခြားလာစမယ့် ထွန်းကိုကို ရဲ့ ကာရိုက်တာ ဘာများဖြစ်မလဲ

0
137

ရဲဇာတ်ရုပ်နဲ့ လူသိများလာတဲ့ သရုပ်ဆောင်ထွန်းကိုကိုက ကာရိုက်တာ အပြောင်းအလဲဖြစ်အောင် ဒါရိုက်တာ စတီးလ် (ဒွေး မေတ္တာ) ရိုက်ကူးတဲ့ ‘ကြွေးတဲ့လက်’ ရုပ်ရှင်ဇာတ်ကားကြီးမှာ ကြမ်းတမ်း တဲ့ ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင် ရိုက်ကူးနေကြောင်း သိရပါတယ်။ အဆိုပါ ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး ပြင်ဆင်ထားမှုအကြောင်းကို တော့ ထွန်းကိုကိုက…

”အခု ရိုက်ကူးနေတဲ့ ဇာတ်ကားက ‘ကြွေးတဲ့လက်’ ရုပ်ရှင်ဇာတ်ကားကြီးပါ။ ဒီဇာတ်ကားလေးက တခြားဇာတ်ကားတွေနဲ့ မတူဘူး။ ကာရိုက်တာ ဆန်းဆန်းလေးပေါ့။ နည်းနည်း ကြမ်း ထားတယ်။ ကျွန်တော် အရင်က ရဲသား ကာရိုက်တာလေး တွေပဲ ရိုက်ကူးတာများတယ်။ ပရိသတ်အမြင်မှာလည်း ရဲသားလို့ပဲ မြင်ကြတယ်။ အဲဒီတော့ ကာရိုက်တာလည်း ပြောင်းချင်တယ်။ အဲဒီတော့ ဇာတ်လမ်းတွေကို ရွေး ချယ်ပြီး ရိုက်ကူးဖြစ်သွားတာပါ။ ကာရိုက်တာပြောင်း သလို၊ ရုပ်ပိုင်းဆိုင်ရာရော ပုံစံရောပြောင်းပြီး သရုပ် ဆောင်ထားပါတယ်။ ဒီဇာတ်ရုပ်ကိုတော့ ပရိသတ် တွေကို ချမပြထားသေးဘူး” လို့ ဆိုပါတယ်။

ထွန်းကိုကိုက ကာရိုက်တာ ရွေးချယ်မှုတွေ မပြု လုပ်ပေမယ့် အခြောက်ကာရိုက်တာကိုတော့ ရှောင် ဖြစ်ကြောင်းကိုတော့ . . .

”ကျွန်တော်က ဇာတ်လမ်း ရွေးချယ်မှုတော့ မလုပ်ဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ကို တာဝန် ပေးလာတဲ့အပေါ် ကျေပွန်အောင် ပြုလုပ်ချင်တဲ့ ခံယူချက်ရှိနေလို့ပါ။ ကိုယ်ကိုယ်တိုင်ကလည်း ဇာတ်ရုပ်နေရာမျိုးစုံက သရုပ်ဆောင်ချင်တယ်။ ကာရိုက်တာမျိုးစုံ လုပ်ဖူးမှသာလျှင် တကယ်တော်တဲ့ သရုပ်ကောင်းဖြစ်မယ်လို့ ခံယူထားတယ်။ အဲဒီအတွက် လည်း တစ်ခန်းပါပါ၊ နှစ်ခန်းပါပါ နေရာစုံသရုပ်ဆောင် နေပါတယ်။ ဒါပေမဲ့ အခြောက်ကာရိုက်တာကိုတော့ ရှောင်တယ်။ ကျွန်တော်နဲ့လည်း လိုက်မယ်မထင်ဘူး။ ဒီအခြောက်ဇာတ်ရုပ်က ကျွန်တော်နဲ့အဆင်ပြေမှာ မဟုတ်ဘူး” လို့ ပြောပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here