ကိုစစ်နိုင်နဲ့ အကယ်ဒမီ သက်မွန်မြင့်တို့ ဖွင့်လှစ်ထားတဲ့ Sweet Child Of TN &TM ဆိုင် တစ်နှစ်ပြည့်ပွဲ

0
355

ကိုစစ်နိုင်နဲ့  အကယ်ဒမီ သက် မွန်မြင့်တို့ ဖွင့်လှစ်ထားတှဲ့Sweet Child of TN & TM ဆိုင်တစ်နှစ် ပြည့်ပွဲကို ဒီဇင်ဘာလ ၉ ရက်နေ့ မနက် ၁ဝနာရီခွဲက ဆရာစံလမ်း၊  အမှတ် 54/A ရှိSweet Child ဆိုင်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ဆိုင် တစ်နှစ်ပြည့်ပွဲ ပြုလုပ်ရခြင်းနဲ့ ပတ် သက်ပြီး သက်မွန်မြင့်က…

 “တစ်နှစ်ပြည့်နေ့လေးမှာ ဆိုင် မှာ ဘုန်းကြီးငါးပါးပင့်ဖိတ်ပြီး ဆွမ်း ဆက်ကပ်တယ်။ Customer တွေ အတွက် နိုဝင်ဘာလ ၁၅ ရက်နေ့က စပြီးဝယ်ယူတဲ့သူတွေကို Lucky Draw ဖောက်ပေးတယ်။ပြီးတော့ ဒစ်စကောင့်တွေကိုလည်း Up to 50%လျှော့ပေးတယ်။Delivery ကတော့ ဒီတစ်လလုံးကို ပရိုမိုးရှင်း အနေနဲ့Free ပို့ပေးထားပါတယ်။ ဒစ်စကောင့်နဲ့ ပရိုမိုးရှင်းကတော့ ဒီတစ်လလုံး နယူးရီးယားအထိ ပေး ထားပါတယ်။ ကျန်တာကတော့ အခု ကဝက်ဆိုက်လည်းဖွင့်ထားပြီ။ အရင် တုန်းကတော့ ဖေ့စ်ဘုတ်မှာမှာလို့ရ တယ်။ အခုလို ဝက်ဆိုက်ဖွင့် ပေး ထားတော့ Post တွေကို လျှောက်ရှာ စရာမလိုတော့ဘဲနဲ့ ဝက်ဆိုက်ဖွင့် လိုက်တဲ့ အခါကျတော့ ကိုယ်လိုချင် တာလေးလည်းရှာ ဈေးနှုန်းတွေ လည်း တစ်ခါတည်းပါဆိုတော့ အဲဒီ မှာ တစ်ခါတည်း  အော်ဒါတက်၊ တစ်ခါတည်း သွားပို့၊ အဲဒီလိုမျိုးလုပ် ပေးထားပါတယ်။ဝယ်ယူတဲ့ သူတွေ အဆင်ပြေအောင် လိုအပ်တာတွေ ကို ဒီ့ထက်ဒီ့ထက် လုပ်ပေးသွားမှာ ပါ” လို့ပြောပါတယ်။ စီးပွားရေးအလုပ်ကို မလုပ် တတ်တဲ့ သူတစ်ယောက်အနေနဲ့ ပထမဆုံး စတင်ဖွင့်လှစ်ခဲ့တဲ့ ဒီ ဆိုင်လေး တစ်နှစ်ပြည့်ပြည့် မြောက် လာခဲ့တဲ့ အပေါ် ရင်ထဲ ကခံစားချက် ကို သက်မွန်မြင့်က…

“ဘာပဲဖြစ်ဖြစ်လွန်ခဲ့တဲ့ တစ်နှစ် မှာ ကိုယ်ကလည်း စီးပွားရေး အလုပ် မလုပ်ဘူးတဲ့သူဆိုတော့ သူကပဲ လမ်း ကြောင်းတွေ ချပေး။အဲဒီ နောက်ပဲ ကိုယ်ကလိုက်ရတာပေါ့နော်။ ဘာမှ မသိ၊ မတတ်ဘဲနဲ့ ဒီဆိုင်လေးဖြစ် ထွန်းအောင် ကြိုးစားခဲ့ရတာ။ အခု တစ်နှစ်မှာ ဒီလိုအနေအထားလေး ရောက်လာတဲ့အတွက် တအားကိုဝမ်း သာပါတယ်။ ယောက်ျားကိုလည်း ကျေးဇူးတင်ပါတယ်။ အစ်မတွေ၊ ညီမတွေကိုလည်း ကျေးဇူးတင်ပါ တယ်။ ကြိုးစား သွားပါဦးမယ်” လို့ ပြောပြပါတယ်။ ဆိုင်တစ်နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ကံစမ်းမဲ အခု ၂ဝ ကျော်ကို ဒီဇင်ဘာလ ၁ဝ ရက် နေ့က ဖွင့်ဖောက်မဲနှိုက်ခဲ့ကြောင်း သိရပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ- သားဒွေး


LEAVE A REPLY

Please enter your comment!
Please enter your name here