မယ်သီတာ ဖြစ်သွားတဲ့ ဝတ်မှုံရွှေရည်

0
570

 ဝတ်မှုံရွှေရည်က ဆရာချစ်ဦး ညိုရဲ့ အောင်မြင်ကျော်ကြား လူသိ ထင်ရှားခဲ့တဲ့ လင်္ကာဒီပချစ်သူ ဝတ္ထုကိုပြဇာတ်အဖြစ် ကပြတင်ဆက်မယ့်  ပြဇာတ်မှာ ပါဝင်ကပြသွားမယ်လို့သိရပါတယ်။ ဒီပြဇာတ်မှာ အဓိက ဇာတ် ကောင်ဖြစ်တဲ့ သီတာဒေဝီ မင်းသမီး ဇာတ်ရုပ်နေရာက ပါဝင်ကပြ ဖို့ကို ဝတ်မှုံရွှေရည်အတွက်လည်း တာဝန်ကြီးတယ်လို့ ဆိုပါတယ်။ ဝတ်မှုံရွှေရည်က…

“ကစ်က ဒီဇာတ်ကို မကြည်လဲ့လဲ့ဦးက လာပြ တော့ ဖတ်ကြည်ခဲ့တယ်။ ဟိုးအရင်ကတည်းကလည်း ဒီရာဇဝင် ဇာတ် လမ်းက ကြားဖူးနေ ကျဆိုတော့ ကစ်အတွက်ကတော့ တာဝန်ကြီးတယ်လို့ ခံစားရတယ်။ ဒီပြဇာတ်ကပြဖို့လက်ခံရမလား လက်မခံရဘူးလား ဆို တာကို တော်တော်လေး စဉ်းစားခဲ့ရတယ်။ နောက်ပြီး ကစ်အနေနဲ့ လည်း အသစ်တစ်ခုဖန်တီးချင်မိတယ်။ ပြဇာတ်အတွေ့ အကြုံက လည်း နည်းတဲ့အတွက်စိုးရိမ်မိတယ်။ သီတာဒေဝီ မင်းသမီးလေး နေရာကပါဝင်ရမယ့်အတွက်လည်း ကျေးဇူးလည်းတင်တယ်။ ဂုဏ်လည်းယူမိပါတယ်။ ဒီဇာတ်ကို လက်ခံဖြစ်တဲ့ နောက်တစ် ချက်က မန္တလေး ပရိသတ်တွေကြောင့်လည်းပါပါတယ်။ မန္တလေး ပရိသတ်တွေနဲ့လည်း မတွေ့ရတာကြာပြီ ဆိုတော့ သူတို့နဲ့လည်း တွေ့ချင်ပါတယ်”လို့ ပြောပြပါတယ်။

  ဝတ်မှုံရွှေရည် ကိုယ်တိုင်ကလည်း စင်တင်ပြဇာတ် တွေမှာ ပါဝင်ကပြတဲ့ အတွေ့အကြုံ နည်းခဲ့တယ် လို့ဆိုပါ တယ်။ ဒါကြောင့် မန္တလေးမြို့မှာ ကပြမယ့် ဒီဖျော်ဖြေ ပွဲအတွက် ဝတ်မှုံရွှေရည်အနေနဲ့ ဘာတွေ ပြင်ဆင်သွား မလဲဆိုတာ မေးမြန်းတော့…

“အဓိက ကတော့ ကစ်တို့ပါ ဝင်မယ့်အနုပညာရှင်တွေ အားလုံး ဆုံတွေ့ပြီး အချိန် သေသေချာ ချာလေး ပေးလေ့ကျင့်ရမှာပါ။ ကစ်ရဲ့အားနည်းချက်ကတော့ ပြဇာတ် အတွေ့အကြုံ နည်းပါတယ်။ ဒါကြောင့်လည်း လုပ် နိုင်ပါ့မလားဆိုပြီး အကြိမ်ကြိမ် ဆုံးဖြတ်ပြီးမှ လက်ခံခဲ့တာပါ။ အရင်တုန်းက ကစ် ပြဇာတ်ကပြရတော့ အပျော်ဟာသတွေ များပါတယ်။ ကိုပြေတီဦး တို့ ဖောင်ဒေးရှင်းအတွက် နှစ်ကြိမ်ပဲ ကပြခဲ့ဖူးတာပါ။ နောက် ထပ် ကိုမိုက်ရဲ့ ပြဇာတ်ပေါ့။ အခုတော့ ရာဇဝင်ဇာတ်ကြီး ကပြ ရမယ် ဆိုတဲ့အတွက် ကစ်ဘက်က သေချာပြင်ဆင်ပြီး ကြိုးစား ပါမယ်။ လင်္ကာဒီပချစ်သူ ပြဇာတ်ကို ဇန်နဝါရီလထဲ မန္တလေးမှာ ကပြတင်ဆက်မှာ ဖြစ်ပါတယ်။ မန္တလေး ပရိသတ်တွေနဲ့လည်း တွေ့ချင်ပါတယ်”လို့ ဝတ်မှုံရွှေရည်က ပြောပါတယ်။

မြတ်မိုးပွင့်

ဓာတ်ပုံ-အောင်ဇော်မင်း  


LEAVE A REPLY

Please enter your comment!
Please enter your name here