ရုပ်ရှင် ထုတ်လုပ်ရေးဘက် ခြေဦးလှည့်ဖို့ စီစဉ်နေတဲ့ အကယ်ဒမီ ရန်အောင်

0
135

၂ဝ၁၈ခုနှစ်အလယ်လောက်မှာ ကျွန်တော်ထုတ်လုပ်သူ လုပ်မလားလို့ စဉ်းစားပါတယ်လို့ ပြောပြလာတဲ့ အနုပညာရှင်ကတော့ အကယ်ဒမီဆုများ ရှင် ရန်အောင်ပဲဖြစ်ပါတယ်။ သူထုတ်လုပ်ရေး လုပ်တော့မယ့် အကြောင်း ကိုတော့ ရန်အောင်က…

“စနစ်ပြောင်းသွားလို့ ရုပ်ရှင်ရုံတွေလည်း အများကြီးဖြစ်လာမယ့် သဘောတရားတွေလည်းရှိတယ်။ အဲဒီအတွက်ကြောင့်မို့လို့ ရုပ်ရှင် လောက ကြီးက ဦးမော့လာတယ်ပေါ့ဗျာ။ အခုက ကျွန်တော်က ရုပ်ရှင်အလုပ်မှာ သရုပ်ဆောင်ပဲလုပ်တယ်။ နောက်တစ်ခါကျတော့ ထုတ်လုပ်သူ လုပ်မယ်ဆိုရင် ကျွန်တော့်မှာ ကိုယ်ခွဲမရှိဘူး။ ဒီသရုပ်ဆောင် အလုပ်တောင်မှ ကိုယ်ကိုယ်တိုင်အားစိုက်ပြီး  ကိုယ်ကိုယ် တိုင်ကြိုးစားပြီး လုပ်တဲ့အလုပ်ဖြစ်နေလို့။ ထုတ်လုပ် သူလုပ်မယ်ဆိုရင် ကျွန်တော့်မှာ ယုံကြည့်ရမယ်လူ တစ်ယောက်ရှိ ဖို့လိုတယ်။ ကိုယ်တိုင်လည်း လိုက် မကြည့်နိုင်ဘူး။ အဓိကကတော့ အချက်အလက်တွေ အများကြီးကို လိုက်ကြည့်နေစရာ မလိုတော့ဘူး ပေါ့။ အခုဟာက ကျွန်တော့်ရဲ့ ဆရာကြီးတွေ၊ အစ်ကိုတော်တွေနဲ့ တိုင်ပင်နေတာပေါ့လေ။ အရည်အသွေးလည်းရှိရမယ်။ အမြတ်အစွန်း လည်းရှိရမယ်ဆိုတဲ့ ဇာတ်ကားမျိုးကို ရွေး ချယ်ပြီး ရိုက်ကူးမယ် လို့ စီစဉ်ထားတာပေါ့။ သူတို့ ကို ယုံကြည်ပြီးတော့ ပုံအပ်လိုက်မှာပေါ့” လို့ပြော ပါတယ်။ရုပ်ရှင်ဇာတ်ကားကတော့ တောက်လျှောက် ပါဝင်သရုပ်ဆောင် ရိုက်ကူးနေမှာပါလို့ဆိုတဲ့ ရန်အောင်ကို သူက ဂီတဘက်မှာလည်း ထူးချွန်တဲ့ အနုပညာရှင်ဆိုတော့ ဂီတနဲ့ ပတ်သက်တဲ့ အကြောင်းအရာ တချို့ကိုလည်း မေးမြန်းဖြစ်ခဲ့ပါတယ်။ လာမယ့် ၂ဝ၁၈ ခုနှစ်မှာ တစ်ကိုယ်တော် ဖျော်ဖြေပွဲလုပ်ဖို့ အစီအစဉ်ရှိ၊ မရှိဆိုတဲ့အမေးကို ရန်အောင်က…

“ကျွန်တော်လုပ်ဖို့ရှိပါတယ်။ ရှိုးပွဲရဲ့ ပရိုဂရမ်နဲ့ နာမည် နဲ့ကို စဉ်းစားတုန်းရှိသေးတယ်။ One Man Show လုပ်ဖို့ ရှိတယ်။ နောက်တစ်ခုကလည်း ဆရာကြီးတစ် ယောက်နဲ့ လည်းတွဲဖက်ပြီး သီဆိုဖို့အစီအစဉ်ရှိပါတယ်” လို့ ပြောပြခဲ့ပါတယ်။

 မျိုးမောင်

ဓာတ်ပုံ-အောင်ဇော်မင်း  


LEAVE A REPLY

Please enter your comment!
Please enter your name here