ပရိသတ်ကို စိုင်းစိုင်းခမ်းလှိုင် ကြည့်စေချင်တဲ့ ဇာတ်ကားက ဘယ်ကားဖြစ်မလဲ

0
333

နည်းပညာတွေတိုးတက်လာတဲ့ ခေတ်ကြီးမှာ ပြောင်းလဲမှုတွေက မြန်ဆန်လှပါတယ်။ အခုဆို အင်တာနက်ကနေ တစ်ဆင့် ရုပ်ရှင်များကို တိုက်ရိုက်ကြည့်ရှုနိုင်ဖို့ ဝန်ဆောင်ပေးလျက်ရှိတဲ့ iflix က အဆိုတော်၊ သရုပ်ဆောင် စိုင်းစိုင်း ခမ်းလှိုင်ရဲ့ ရုပ်ရှင်ဇာတ်ကား ၄ကားနဲ့ ဗီဒီယို ဇာတ်ကား ၃ဝကို ‘စိုင်းစိုင်းခမ်းလှိုင်၏ သီးသန့်ကဏ္ဍ’ကနေ အလွယ် တကူကြည့်ရှုနိုင်ဖို့ စတင်လိုက်ပြီဖြစ်ပါတယ်။ စိုင်းစိုင်းရဲ့ ဘယ်ဇာတ်ကားတွေကို ပရိသတ်ကကြည့်ချင်လဲ၊ စိုင်းစိုင်းကရော ဘယ်ဇာတ်ကားတွေကို ပရိသတ်ကို ကြည့်စေချင်သလဲလို့မေးတော့ …

“ကျွန်တော်ကတော့ ကျွန်တော် ရိုက်ကူးထားတဲ့ ဇာတ်ကားတွေကို  တချို့ဟာတွေဆိုရင်လည်းကြိုက်တယ်။ အားရ တယ်။ တချို့ဟာတွေ ဆိုလို့ရှိရင်လည်း အားမရတဲ့ကားတွေရှိပါတယ်။ ဒါပေမဲ့လည်း ကျွန်တော့်အနေနဲ့ကတော့ ငယ်ငယ် တုန်းက ရိုက်ထားတဲ့ ဇာတ်ကားတွေဆိုလို့ရှိရင် ကျွန်တော့်အိုက်တင်က မရင့်ကျက်သေးတာ၊ ကင်မရာ မကောင်းတာ၊     ကွာလတီနည်းနည်းပါးပါး လိုအပ်နေတာမျိုးတွေလည်းရှိမယ်။ ဒါပေမဲ့လည်း ကျွန်တော်ငယ်ငယ်တုန်းက လုပ်ခဲ့တဲ့အလုပ်တွေ ဖြစ်တဲ့အတွက် အမှတ်တရရှိနေတယ်။ ပြီးတော့ အခုနောက်ပိုင်းရိုက်တဲ့ကားတွေလည်းရှိတယ်။ အဲဒီအထဲကမှ ပရိသတ် တွေကြည့်စေချင်တဲ့ကား ကျွန်တော်ရွေးပါမယ်။ ပြီးတော့ ကျွန်တော်ကိုယ်တိုင် အမြဲတမ်း အမှတ်ရနေမယ့် ၁၂ ကြိုးကဝေတို့ လိုမျိုး၊ အိပ်မက်စေညွှန်ရာတို့လိုမျိုး ဒီလိုဇာတ်ကားမျိုးလေးတွေကိုလည်း ကျွန်တော်ကတော့ ရွေးဖြစ်မယ်ထင်ပါတယ်။ အဓိကကတော့ ကျွန်တော့်ပရိသတ်တွေဆီက ကျွန်တော် ဆန္ဒတောင်းခံထားတယ်။ ကျွန်တော်ရိုက်ကူးထားတဲ့ ဇာတ်ကား ပေါင်း ဗီဒီယိုက ၅ဝ၊ ၆ဝလောက်ရှိပါတယ်။ အဲဒီအထဲကမှ ၃ဝကို ရွေးပြီးတော့ iflix မှာတင်မှာဖြစ်ပါတယ်”  လို့ပြောပြခဲ့ ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here