ဦးဗေလုဝ’ဘီလူး’ဇာတ်ကားနဲ့ ပေါက်သလို ကျွန်တော်လည်း ‘ကိုပေါ’ဇာတ်ကားနဲ့ ပေါက်ချင်တယ်ဆိုသူ စည်သူပလပ်ကျွတ်

0
223

သမန်းကျား ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး ဒါရိုက်တာနန္ဒ ကျော်ရိုက်ကူးပုံဖော်ထားတဲ့ ”ကိုပေါ” ရုပ်ရှင်ဇာတ်ကား အထူးပြသပွဲကို ဒီဇင်ဘာလ ၉ရက်နေ့က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ရှပ်ရှင်ရုံမှာ ပြသခဲ့ပါတယ်။ အဲဒီဇာတ်ကားဟာ တောဓလေ့ကိုအခြေခံပြီး ဘဝရုန်း ကန်မှုတွေနဲ့ မေတ္တာတရားကိုပုံဖော်ထားတဲ့ ဒရာမာဇာတ်ကားတစ်ကား ဖြစ်ပြီး သရုပ်ဆောင်များကတော့ စည်သူ(ပလပ်ကျွတ်)၊ စံရတီမိုးမြင့်၊ ဝါဝါအောင်၊ ခင်စိုးပိုင်နဲ့ စူးရှတို့ အပြင် တခြား သရုပ်ဆောင်များစွာ ပါဝင်ရိုက်ကူးထားကြပါတယ်။ ‘ကိုပေါ’ ရုပ်ရှင်ဇာတ်ကားကို ခေါင်း ဆောင်မင်းသားနေရာကနေ အဓိကထား ပါဝင်သရုပ်ဆောင်ထားတဲ့ စည်သူ(ပလပ်ကျွတ်)က… ”ကျွန်တော်ရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ် ကားဖြစ်တဲ့အတွက် ကျွန်တော့်ရဲ့ဘဝတစ်ခုလုံးကို နှစ်မြှုပ်ထားတယ်။ နာမည်ရှိမင်းသား၊ မင်းသမီးတွေပဲ ရုပ်ရှင်ဇာတ်ကားတွေကို ရိုက် ကူးနေတဲ့အချိန်မှာ ကျွန်တော့်လိုဘာမဟုတ်တဲ့ကောင်ကို ပရိုဂျူ ဆာက ယုံယုံကြည်ကြည်နဲ့ မင်းသားတင်ရိုက်ကူးပေးတဲ့အတွက် ကျေးဇူး လည်းအလွန်တင်တယ်။ ကျွန်တော့်ကို ခေါင်းဆောင်မင်းသားအဖြစ် တင်ရိုက်လိုက်တဲ့အတွက် အပြောင်းအလဲအကြီးကြီးဖြစ်မယ်။ နေတိုး၊ ပြေတီဦးတို့ကိုပဲ ရိုက်ကူးနေရင် မထူးခြားဘဲနဲ့ အလှည့် အပြောင်းဖြစ်မှာ မဟုတ်ဘူး။ စည်သူ(ပလပ်ကျွတ်)ကို မင်းသားတင် ရိုက်ကူးတဲ့အတွက် အလှည့်အပြောင်းအကြီးကြီးဖြစ်မှာပါ။ ဦးဗေ လုဝဆိုရင်လည်း ဘီလူးဇာတ်ကားရိုက်ကူးပြီး ပေါက်သလို ကျွန် တော်လည်း ‘ကိုပေါ’ ဇာတ်ကားနဲ့ ပေါက်ချင်ပါတယ်”လို့ ပြောပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here