မြန်မာ့လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကျင်းပမည့် လွတ်လပ်ရေး လှုပ်ရှားမှု ရုပ်ရှင်နိုင်ငံတကာ ရုပ်ရှင်ပြပွဲ(မြန်မာနိုင်ငံ)

0
149

ပရဟိတခေါင်းဆောင် မင်း သားကြီး ဦးကျော်သူရဲ့ လွတ်လပ်ရေး လှုပ်ရှားမှုရုပ်ရှင်နိုင်ငံတကာ ရုပ်ရှင် ပြပွဲ(ကိုရီယားနိုင်ငံ)ရုပ်ရှင်ပွဲတော် အတွေ့အကြုံအရအကြံပြုမှုနဲ့အတူ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနဲ့ ဟန်အီရုပ်သံ သမိုင်းဖောင်ဒေးရှင်း တို့ ပူးပေါင်းပြီးမြန်မာ့လွတ်လပ်ရေး နေ့ကို ဂုဏ်ပြုတဲ့နိုင်ငံတကာရုပ်ရှင် ပြပွဲကို ၂ဝ၁၈ခုနှစ် ဇန်နဝါရီ ၃ရက်၊ ၄ရက်၊ ၅ရက်တို့မှာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဝင်းအတွင်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ရုပ် ရှင်ရုံမှာ ကျင်းပပြုလုပ်မှာဖြစ်ပါ တယ်။ လွတ်လပ်ရေး လှုပ်ရှားမှု ရုပ် ရှင်နိုင်ငံတကာရုပ်ရှင်ပြပွဲ (ကိုရီးယား နိုင်ငံ) အနေနဲ့ ၂ဝ၁၆နဲ့ ၂ဝ၁၇ခုနှစ် တိုင်မှာ၂ကြိမ်ကျင်းပခဲ့ပြီး နှစ်စဉ် တိုင်း မြန်မာဇာတ်ကားတွေကို ထည့် သွင်းပြသခဲ့ပါတယ်။ ၂ဝ၁၇ခုနှစ်မှာ ဦးကျော်သူ အဓိက သရုပ်ဆောင် ထားတဲ့ ‘ငဘ’ ရုပ်ရှင်ဇာတ်ကားကို ဖိတ်ကြားပြသခွင့်ရရှိခဲ့ပါတယ်။ ၂ဝ၁၈ ခုနှစ် မြန်မာနိုင်ငံမှာ ၃ရက် တာ ကျင်းပပြုလုပ်တဲ့ အခါကျရင် ဂျပန်တော်လှန်ရေး ကိုရီးယားဇာတ် ကား ၂ကား၊ မြန်မာဇာတ်ကား တစ် ကားနဲ့ ဗီယက်နမ် ခေါင်းဆောင် ဟိုချီမင်းအကြောင်း ဗီယက်နမ် ဇာတ်ကား၊ အိုင်ယာလန်တော်လှန် ရေးခေါင်းဆောင် မိုက်ကယ်ကော လင်းအကြောင်း အိုင်ယာလန်ဇာတ် ကားတို့ကို ပြသသွားမှာ ဖြစ်ပါတယ်။ ဒီပွဲတော်ရဲ့ရည်ရွယ်ချက်ကတော့ လွတ်လပ်ရေးလှုပ်ရှားမှုသမိုင်းကို သိရှိမှ နိုင်ငံသားတိုင်းဟာ လွတ်လပ် ရေး တန်ဖိုးကိုသိရှိနိုင်ကြမှာဖြစ်လို ကိုရီးယား-မြန်မာပူးတွဲ လွတ်လပ်ရေး လှုပ်ရှားမှုသမိုင်း နိုင်ငံတကာ ရုပ်ရှင် ပွဲကို ကျင်းပပြုလုပ်ခြင်းကြောင့် တစ် နိုင်ငံနဲ့ တစ်နိုင်ငံ နိုင်ငံသားချင်း လွယ်လင့်တကူ နားလည်ရင်းနှီးကြ စေဖို့လို့ ရည်ရွယ်ထားကြောင်းသိရပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here