ရုပ်ရှင်လောကသားတွေအားလုံး မျှော်လင့်ချက်တွေ အတိုင်းဖြစ်အောင်တော့ အားလုံးဝိုင်းဝန်းပြီး ပူးပေါင်းမှရမှာပါ ခန့်စည်သူ

0
197

မြန်မာ့ရုပ်ရှင်လောကမှာ မရှိ မဖြစ်လိုအပ်နေတဲ့ ညီလာခံကြီးကို ကျင်းပနိုင်တဲ့ အတွက်ဝမ်းသာ ကြောင်း ခန့်စည်သူက ပြောပါတယ်။ အနုပညာရှင်တွေအနေနဲ့ ကိုယ်ချစ် တဲ့လောကကြီးအတွက် ဝိုင်းဝန်းပြီး ဆွေးနွေးအဖြေရှာခဲ့ကြခြင်းဖြစ် ကြောင်းကို ခန့်စည်သူက….

”ကျွန်တော်တို့က တစ်ယောက် နဲ့တစ်ယောက် ပုဂ္ဂိုလ်ရေးမုန်းတီးမှု တွေမရှိပါဘူး။ လုပ်ငန်းအတွက် တစ်ယောက်နဲ့တစ်ယောက် အငြင်း အခုံရှိတာ ဖြစ်ရင်ဖြစ်မယ်။ မတော် တဆ စကားကတောက်ကစရှိတာ ဖြစ်ရင်ဖြစ်မယ်။ အားလုံးသည် ကိုယ်ချစ်တဲ့ ရုပ်ရှင်လောကကြီးနဲ့ ဗီဒီယိုလောကရှင်သန်ဖို့၊ ကောင်းမွန် ဖို့၊ တိုးတက်ဖို့အတွက် ကျွန်တော်တို့ အားလုံးအဖြေရှာကြခြင်းဖြစ်ပါတယ်။ အရင်တုန်းကလည်း ကျင်းပခဲ့ပါ တယ်။ ဒါပေမဲ့ တစ်ခေတ်ကတော့ မအောင်မြင်ခဲ့ဘူး။ ပြောရင်းဆိုရင်းနဲ့ ထောက်လှမ်းရေးတွေနဲ့ ပြဿနာတက် ခဲ့ဖူးတယ်။ နောက်ထပ်တစ်ကြိမ် ဝန်ကြီး ဦးကျော်ဆန်းလက်ထက်မှာ သိမ်ဖြူမှာ တစ်ခါလုပ်ခဲ့ဖူးတယ်။ အဲ ဒီတုန်းကလည်း အဖြေကောင်း ကောင်းမရခဲ့ဘူး။ ဒီတစ်ခေါက်တော့ NGO စစ်စစ်လက်ထက်မှာ ကောင်း မွန်တဲ့အဖြေတစ်ခုပေါ့။ ဘာဖြစ်လို့လဲ ဆိုရင် ကိုယ့်လောကမှာလည်း ယို ယွင်းနေတဲ့အနေအထားတွေ ပျက်စီး နေတဲ့ အနေအထားတွေ အများကြီး ရှိတယ်။ ဘယ်လို တည့်မတ်အောင် မှန်ကန်အောင် တိုးတက်အောင် လုပ်ကြမလဲဆိုတာ စုပေါင်းပြီး ဆွေး နွေးပြီး အဖြေရှာကြတာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ရုပ်ရှင်လောက တိုးတက်ဖို့ အတွက် ရုပ်ရှင်အစည်းအရုံးတစ်ခု တည်းလုပ်ဆောင်ရမှာမဟုတ်ဘဲ လောကသားအားလုံး ဝိုင်းဝန်းပူး ပေါင်းဖို့လည်း လိုအပ်ကြောင်းကို ခန့်စည်သူက…

”ကျွန်တော်တို့ ဆုံးဖြတ်ချက်က တော့ လေးခုပဲ ရှိပါတယ်။ ကျန်တာ တွေ အားလုံးက ညှိနှိုင်းဆွေးနွေးရ မှာပါ။ ရုပ်ရှင်လောကသားတွေအား လုံးမျှော်လင့်ချက်တွေ အတိုင်းဖြစ် အောင်တော့ အားလုံးဝိုင်းဝန်းပြီး တော့ ပူးပေါင်းမှရမှာပါ။ ရုပ်ရှင် အစည်းအရုံး တစ်ခုတည်းနဲ့တော့ မအောင်မြင်နိုင်ပါဘူး။ ရုပ်ရှင် အ စည်းအရုံးလည်းပါမယ်။ လောက သားတွေလည်းပါမယ်။ ရုပ်ရှင်လုပ် ငန်းလည်း ပါမယ်ဆိုရင်တော့ ဘာပဲ ဖြစ်ဖြစ် ပရိသတ်တွေအတွက် တစ်ခု ခုပေါ့ တိုးတက်တာချပြနိုင်တဲ့ အနေ အထားရောက်လာမှာပါ”လို့ ပြောပါ တယ်။

လတ်တလောမှာ ခန့်စည်သူက ဒါရိုက်တာ ပြည်ဟိန်းသီဟနဲ့ Yangon to Thailand ရုပ်ရှင်ဇာတ် ကားကြီးကို ဘားအံမှာပါဝင်ရိုက်ကူးနေပြီး ဇာတ်လမ်းကတော့ ခရီးသွားရင် ဟာ သတွေဖြစ်ကြတာကို ရိုက်ကူးပုံဖော် သွားမှာ ဖြစ်ကြောင်းသိရပါတယ်။ နှစ်တစ်နှစ်ကုန်တော့မှာဖြစ်တဲ့ အ တွက် ဒီနှစ်ကို ပြန်လည်သုံးသပ်တဲ့ အခါမှာ ဒီနှစ်အတွင်း ရုံတင်ပြသခဲ့တဲ့ ဇာတ်ကားတွေမှာ အောင်မြင်တာရှိ သလို မအောင်မြင်တာတွေလည်းရှိပြီး ပရိသတ်အကြိုက်တွေ့တာရှိသလို အကြိုက်မတွေ့တာတွေလည်းရှိခဲ့ တာမို့ ဒီထက်ပိုပြီး ကြိုးစားသွား မှာဖြစ်ကြောင်း ခန့်စည်သူကပြောပါ တယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here