ဟောင်ကောင်မှာ ဓာတ်ပုံဆုသွားယူမယ့် ဝဏ္ဏခွာနီး

0
229

နိုင်ငံတကာ ဓာတ်ပုံပညာရှင်များစွာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ AWPA International Photo Academy ရဲ့ ဓာတ်ပုံ ပြိုင်ပွဲမှာ ဆုများရရှိတဲ့အတွက် မြန်မာနိုင်ငံရဲ့ ဓာတ်ပုံပညာရှင်ဝဏ္ဏခွာနီးက ဇန်နဝါရီလ ၁၅ရက်နေ့မှာ ဟောင်ကောင်မှာ ဆုသွားယူမယ်လို့ သိရပါတယ်။

”ဒီပြိုင်ပွဲကို သိခဲ့တာက လွန်ခဲ့တဲ့တစ်နှစ်က ကျွန်တော် နိုင်ငံတကာသင်တန်းတွေ တက်ခဲ့တယ်။ တရုတ်ပြည်ကို စတက်ပြီး၊ ဂျပန်၊ ကိုရီးယားသင်တန်းတက်ပြီး နောက်ပိုင်းမှာမှ ဒီလိုအဖွဲ့အစည်းတွေ ရှိတာသိလာတယ်။ နိုင်ငံတကာကလူတွေ ဟောင်ကောင်ကလူတွေနဲ့ အပေါင်းအသင်းဖြစ်လာတယ်။ ပထမသူတို့ ဖေ့စ် ဘုတ်ခ် Page မှာ photo of the week လောက်ပဲ ဝင်ပြိုင်တယ်။ ယိုးဒယားကလုပ်တဲ့ ပြိုင်ပွဲမှာလည်း ဝင်ပြိုင်တယ်။ ကိုယ်ရိုက်တဲ့ဟာ ဘယ်အဆင့်ရှိလဲဆိုတာ သိအောင်လုပ်ကြည့်တာပါ။ လုပ်ကြည့်ရင်းနဲ့ ပထမအသုတ်မှာ ဝင်ပြိုင်ကြည့်လိုက် တာပါ။ member ဝင်ပြီးတော့ ဝင်ပြိုင်ကြည့်ရင်းနဲ့ သင်ဇာဝင့်ကျော်ပုံနဲ့ Portrait မှာExcellent Award ရတယ်။ အဲဒီတုန်းက ၅ပုံလောက် ဝင်ပြိုင်ဖြစ်တယ်။ မင်းပုံဘာကြောင့် ဆုမရတာလဲ။ ဘာကြောင့် အမှတ်လျော့တာလဲဆိုတာ ပါပြောတယ်။ အဲဒီတော့ ဒုတိယအသုတ်မှာပါ ဝင်ပြိုင်တယ်။ ကိုယ့် pre wedding ရိုက်တဲ့ အတွဲတွေကိုလည်း သူတို့ အကြိုက်ရော ကိုယ့်အကြိုက်ရော၊ ပြိုင်ပွဲအဆင့်ရောက်အောင် သေချာကြိုးစားရိုက်တယ်။ ဒီနှစ်ကတော့ ပုံ ၂၃ ပုံလောက် ဝင်ပြိုင်ကြည့်လိုက်တယ်။Landscape က ဒုတိယဆုရတယ်။ portrait က ၅ ပုံလောက် Excellent Award ရတယ်။ prewedding single ရတယ်။ couple ရတယ်။ Excellent ရတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံတကာပြိုင်ပွဲတွေ ဆုရဖူးတဲ့ ဓာတ်ပုံဆရာတွေအများကြီး ရှိပါတယ်။ အခုပြိုင်ပွဲကတော့ တခြားလိုင်းနဲ့မတူဘူး။pre wedding သမားတွေ Group လိုဖြစ်နေတာပေါ့။” လို့ပြောပါတယ်။

P-060 


LEAVE A REPLY

Please enter your comment!
Please enter your name here